Tuesday, May 2, 2017

ဓမ္မပဒအဖော်မွန် ၂၅

ဓမ္မပဒအဖော်မွန် - ၂၅
၂၅။ ဘိက္ခုဝဂ္ဂ၊ ရဟန်း
(သံသရာဘေးကိုရှုမြင်သူ၊ ကိလေသာကို ဖြိုဖျက်သူ)

စောင့်စည်း စောင့်ရှောက်၊ နိဗ္ဗာန်ရောက် ( ဓ - ၃၆၀၊ ၃၆၁ )
အကုသိုလ်မဖြစ်ဖို့၊ လောဘ ဒေါသ မောဟတွေ ဝင်မလာဖို့ -
မျက်စိမှာ စောင့်စည်းတာကောင်းပါတယ်။
နားမှာမှာ စောင့်စည်းတာ ကောင်းပါတယ်။
နှာခေါင်းမှာ စောင့်စည်းတာ ကောင်းပါတယ်။
လျှာမှာ စောင့်စည်းတာ ကောင်းပါတယ်။
ကိုယ်မှာ စောင့်စည်းတာ ကောင်းပါတယ်။
နှုတ်မှာ စောင့်စည်းတာ ကောင်းပါတယ်။
စိတ်မှာ စောင့်စည်းတာ ကောင်းပါတယ်။
ဒွါရအားလုံးမှာ စောင့်စည်းတာ ကောင်းပါတယ်။
အရာရာမှာ စောင့်စည်းစောင့်ရှောက်လို့
ကိလေသာကို ဖြိုဖို့ကျင့်သူ ရဟန်း၊ ရှင်၊ လူ ဟာ
ဆင်းရဲအားလုံးက လွတ်မြောက်ပါတယ်။

၃၆၀. ပဉ္စဘိက္ခုဝတ္ထု (၃၆၀၊ ၃၆၁)
စက္ခုနာ သံဝရော သာဓု၊ သာဓု သောတေန သံဝရော။
ဃာနေန သံဝရော သာဓု၊ သာဓု ဇိဝှာယ သံဝရော။
၃၆၁. ကာယေန သံဝရော သာဓု၊ သာဓု ဝါစာယ သံဝရော။
မနသာ သံဝရော သာဓု၊ သာဓု သဗ္ဗတ္ထ သံဝရော။
သဗ္ဗတ္ထ သံဝုတော ဘိက္ခု၊ သဗ္ဗဒုက္ခာ ပမုစ္စတိ။

25. Bhikkhuvagga: The Monk
360. Good is restraint over the eye; good is restraint over the ear;
good is restraint over the nose; good is restraint over the tongue.
361. Good is restraint in the body; good is restraint in speech;
good is restraint in thought. Restraint everywhere is good.
The monk restrained in every way is freed from all suffering.

ဘိက္ခုဖြစ်ရန် အကျင့်မှန် ( ဓ - ၃၆၂ )
လက်စောင့်စည်း၊ ခြေစောင့်စည်း၊ နှုတ်စောင့်စည်း၊ အရာရာစောင့်စည်း၊
ကမ္မဋ္ဌာန်းပွားများတာမှာ ပျော်မွေ့ပြီး၊
စိတ်ထားကောင်း တည်ကြည်ပြီး
တစ်ယောက်တည်း တရားမြတ်နဲ့ ကျေနပ်ရောင့်ရဲတဲ့ပုဂ္ဂိုလ်ကို
(ကိလေသာကို ဖြိုဖျက်ဆီးသူ) ဘိက္ခုလို့ ခေါ်ဆိုပါတယ်။

၃၆၂. ဟံသဃာတကဘိက္ခုဝတ္ထု (၃၆၂)
ဟတ္ထသံယတော ပါဒသံယတော၊
ဝါစာသံယတော သံယတုတ္တမော။
အဇ္ဈတ္တရတော သမာဟိတော၊
ဧကော သန္တုသိတော တမာဟု ဘိက္ခုံ။

362. He who has control over his hands, feet and tongue; who is fully controlled,
delights in inward development, is absorbed in meditation,
keeps to himself and is contented—him do people call a monk.

ချိုမြတဲ့ အလင်းပြစကားပိုင်ရှင် ( ဓ - ၃၆၃ )
နှုတ်စောင့်စည်းပြီး ပညာနှင့် ဆင်ခြင်ပြောဆိုတတ်တဲ့၊
ပျံ့လွင်ကင်းစင် တည်ကြည်တဲ့စိတ်ရှိပြီး
တရားဓမ္မရဲ့ အနက်အဓိပ္ပါယ် ပါဠိကို အလင်းပြဟောပြောနိုင်တဲ့
ရဟန်းတော်ရဲ့စကားဟာ သာယာချိုမြပါတယ်။

၃၆၃. ကောကာလိကဝတ္ထု (၃၆၃)
ယော မုခသံယတော ဘိက္ခု၊ မန္တဘာဏီ အနုဒ္ဓတော။
အတ္ထံ ဓမ္မဉ္စ ဒီပေတိ၊ မဓုရံ တဿ ဘာသိတံ။

363. That monk who has control over his tongue, is moderate in speech,
unassuming and who explains the Teaching in both letter and spirit—
whatever he says is pleasing.

တရားနဲ့မွေ့လျော်၊ တရားနဲ့ပျော် ( ဓ - ၃၆၄ )
တရားမှာ နှစ်သက်ပြီး တရားမှာပဲ ပျော်မွေ့တတ်သူ၊
တရားကို မပြတ် ကြံစည်နှလုံးသွင်းသူ၊
တရားကို အထပ်ထပ် မှတ်ရှုဆင်ခြင် နှလုံးသွင်းသူ၊
ကိလေသာကို ဖြိုဖို့ကျင့်သူ ရဟန်း၊ ရှင်၊ လူ ဟာ
သူတော်ကောင်းတရား(လောကကုတ္တရာတရား)က မဆုတ်ယုတ်နိုင်ပါဘူး။

၃၆၄. ဓမ္မာရာမတ္ထေရဝတ္ထု (၃၆၄)
ဓမ္မာရာမော ဓမ္မရတော၊ ဓမ္မံ အနုဝိစိန္တယံ။
ဓမ္မံ အနုဿရံ ဘိက္ခု၊ သဒ္ဓမ္မာ န ပရိဟာယတိ။

364. The monk who abides in the Dhamma, delights in the Dhamma,
meditates on the Dhamma, and bears the Dhamma well in mind—
he does not fall away from the sublime Dhamma.

အပိုမလိုချင် စိတ်ကြည်လင် ( ဓ - ၃၆၅၊ ၃၆၆ )
(တရားနဲ့အညီရတဲ့) ကိုယ့်ရဲ့လာဘ်လာဘကို အထင်မသေးပါနဲ့။
သူတစ်ပါးရဲ့ လာဘ်လာဘကို မလိုချင် မတောင့်တပါနဲ့။
သူတစ်ပါးရဲ့ လာဘ်လာဘကို လိုချင်တောင့်တတဲ့
ရဟန်း (ရှင်၊ လူ၊ ဘယ်သူမဆို)ဟာ စိတ်တည်ကြည်မှု သမာဓိကို မရရှိနိုင်ပါဘူး။

လာဘ်လာဘနည်းပေမယ့်
(တရားနဲ့အညီရတဲ့) ကိုယ့်ရဲ့လာဘ်လာဘကို အထင်မသေးရင် -
စင်ကြယ်သန့်ရှင်းတဲ့ အသက်မွေးမှုရှိတဲ့၊ မပျင်းမရိ လုံလရှိတဲ့ ရဟန်းကို
နတ်တွေဟာ အမှန်တကယ် ချီးမွမ်းကြပါတယ်။

၃၆၅. ဝိပေက္ခသေဝကဘိက္ခုဝတ္ထု (၃၆၅၊ ၃၆၆)
သလာဘံ နာတိမညေယျ၊ နာညေသံ ပိဟယံ စရေ။
အညေသံ ပိဟယံ ဘိက္ခု၊ သမာဓိံ နာဓိဂစ္ဆတိ။
၃၆၆. အပ္ပလာဘောပိ စေ ဘိက္ခု၊ သလာဘံ နာတိမညတိ။
တံ ဝေ ဒေဝါ ပသံသန္တိ၊ သုဒ္ဓါဇီဝိံ အတန္ဒိတံ။

365. One should not despise what one has received, nor envy the gains of others.
The monk who envies the gains of others does not attain to meditative absorption.
366. A monk who does not despise what he has received, even though it be little,
who is pure in livelihood and unremitting in effort—him even the gods praise.

မြတ်ရဟန်းဟာ မစွဲလမ်း၊ မစိုးရိမ်ပါ။ ( ဓ - ၃၆၇ )
နာမ်တရား ရုပ်တရား အားလုံး (သက်ရှိသက်မဲ့ အရာအားလုံး) မှာ
( ငါ ငါ့ဥစ္စာ လို့ ) မြတ်နိုးစွဲလမ်းတာ မရှိသူ၊
နာမ် ရုပ် ပျက်စီးသွားလည်း
( ငါ ငါ့ဥစ္စာ ပျက်စီးသွားပြီ လို့) စိုးရိမ်ပူပန်တာမရှိသူကို
အမှန်တော့ ဘိက္ခုရဟန်းလို့ ခေါ်ဆိုပါတယ်။

၃၆၇. ပဉ္စဂ္ဂဒါယကဗြာဟ္မဏဝတ္ထု (၃၆၇)
သဗ္ဗသော နာမရူပသ္မိံ၊ ယဿ နတ္ထိ မမာယိတံ။
အသတာ စ န သောစတိ၊ သ ဝေ ‘‘ဘိက္ခူ’’တိ ဝုစ္စတိ။

367. He who has no attachment whatsoever for the mind and body,
who does not grieve for what he has not—he is truly called a monk.

ရဟန်းတရားကျင့်ကြံပွား ရဟန်းတော်အလား ( ဓ - ၃၆၈ )
မေတ္တာတရား ပွားများနေတတ်တဲ့၊
မြတ်ဗုဒ္ဓအဆုံးအမတရားတော်မှာ သဒ္ဓါတိုးတက် ကြည်ညိုမြတ်နိုးတဲ့၊
ကိလေသာကို ဖြိုဖျက်သူ ရဟန်း၊ ရှင်၊ လူ ဟာ
သင်္ခါရတွေငြိမ်းရာ (ပြုပြင်ခြင်း ကင်းငြိမ်းရာ)၊
ငြိမ်သက်ငြိမ်းအေးရာ နိဗ္ဗာန်ချမ်းသာကို ရောက်ပါတယ်။

တစ်ဖက်ကမ်းသို့ ကူးကြစို့ ( ဓ - ၃၆၉ )
သံသရာဘေး လွတ်ရေးမျှော်မှန်း အိုရဟန်း !
(သံသရာတစ်ကြော မြုပ်မျောနေတဲ့) ဒီလှေက
(မိစ္ဆာဝိတက် ရေတွေကို) ပက်ထုတ်ပစ်ပါလေ။
ဒီလို (အတွေးဆိုး အကြံမှားတွေကို) ပက်ထုတ်ရင်၊
သင့်လှေဟာ အလျင်အမြန် သွားနိုင်မှာပါ။
(အနှောင်အဖွဲ့)ရာဂ ဒေါသ ဖြတ်တောက်ပြီးနောက်
နိဗ္ဗာန်(ဆိပ်ကမ်း)ကို ရောက်မှာပါ။

( ဓ - ၃၇၀ )
( အယူမှားခြင်း၊ ယုံမှားခြင်း၊ အကျင့်မှားခြင်း၊ ကာမဘုံမှာ တပ်မက်ခြင်း၊ ရန်ငြိုးထားခြင်း ဆိုတဲ့ အောက်ပိုင်းအနှောင်အဖွဲ့ ) ငါးပါးကို ဖြတ်ပါ။
( ရူပ၊ အရူပဗြဟ္မာ့ဘုံမှာ တပ်မက်ခြင်း၊ ထောင်လွှားခြင်း၊ စိတ်ပျံ့လွင့်ခြင်း၊ တရားမှန်မသိခြင်း ဆိုတဲ့
အထက်ပိုင်းအနှောင်အဖွဲ့ ) ငါးပါးကို စွန့်ပယ်ပါ။
( သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ ) မြတ်တရားငါးပါးကို လွန်စွာ ပွားများပါ။
( လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ) ငြိတွယ်ခြင်းငါးပါးက လွန်မြောက်တဲ့ရဟန်းကို
သံသရာဝဲသြဃကို ကူးမြောက်ပြီးသူလို့ ဆိုသင့်ပါတယ်။

( ဓ - ၃၇၁ )
သံသရာဘေး လွတ်ရေးမျှော်မှန်း အိုရဟန်း !
သမထဝိပဿနာတရား ရှုမှတ်လေ့လာ ပွားများပါ။
မမေ့လျော့ပါနဲ့။
သင့်စိတ်ကို ကာမဂုဏ်မှာ မပျော်မြူးပါစေနဲ့။
သတိလွတ်ကင်း ယစ်မူးမေ့လျော့ပြီး သံပူခဲကို မမျိုပါနဲ့။
မီးလောင်ခါမှ ဆင်းရဲလိုက်တာ လို့ မငိုကြွေးပါနဲ့။

( ဓ - ၃၇၂ )
ပညာမရှိသူမှာ ကမ္မဋ္ဌာန်းတရားရှုတဲ့သဘောမရှိ၊
ကမ္မဋ္ဌာန်း မရှုသူမှာ ပညာမရှိ။
ကမ္မဋ္ဌာန်းဘာဝနာလည်း ရှု၊ ပညာလည်း ရှိသူပဲ
နိဗ္ဗာန်နှင့် အမှန်တကယ် နီးပါတယ်။

(( သမာဓိနှင့်ပညာ ရှိမှသာ၊ နိဗ္ဗာန်နီးပါ၏ ))

( ဓ - ၃၇၃ )
ဆိတ်ငြိမ်ရာအရပ်မှာ ဝင်ရောက်ပြီး တရားကို ကောင်းစွာ ရှုမှတ်ဆင်ခြင်တဲ့၊
ငြိမ်သက်ငြိမ်းအေးတဲ့စိတ်ရှိတဲ့ ရဟန်းမှာ
သာမန်လူတွေနဲ့ မထိုက်တန်တဲ့
( ဈာန် မဂ် ဖိုလ် နိဗ္ဗာန် ချမ်းသာမှာ ) ပျော်မွေ့ခြင်းဟာ ဖြစ်ပါတယ်။

( ဓ - ၃၇၄ )
ရုပ်နာမ်နှစ်ပါး ခန္ဓာငါးပါးရဲ့ ဖြစ်ခြင်းပျက်ခြင်းကို
ဆင်ခြင်သုံးသပ်တိုင်း ဆင်ခြင်သုံးသပ်တိုင်း
နှစ်သက်ဝမ်းမြောက်မှု ပီတိပါမောဇ္ဇ  ကို ရပါတယ်။
ဒါဟာ တရားမှန်သိ ပညာရှိတွေအတွက် မသေရာ နိဗ္ဗာန်ရောက်ကြောင်းပါပဲ။

( ဓ - ၃၇၅ )
ဣနြေ္ဒစောင့်ထိန်း၊ (ပညာနဲ့ဆင်ခြင်သုံးစွဲ)၊ တင်းတိမ်ရောင့်ရဲ၊
ထူးမြတ်တဲ့သီလမှာ စောင့်စည်းစောင့်ရှောက်၊
ဒီ(စတုပါရိသုဒ္ဓိသီလ)ဟာ ဒီသာသနာတော်မှာ ပညာရှိရဟန်းအတွက်
နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းရဲ့ အဦးအစပဲ ဖြစ်ပါတယ်။

( ဓ - ၃၇၆ )
စင်ကြယ်သန့်ရှင်းတဲ့ အသက်မွေးခြင်းရှိတဲ့၊ မပျင်းရိတဲ့
မိတ်ကောင်းဆွေမွန်ကို မှီဝဲဆည်းကပ်ပါ။
လောကဝတ်၊ ဓမ္မဝတ် မချွတ်ယွင်းဘဲ စေ့စပ်သေချာပြီး
ကျင့်ဝတ်သီလမှာ ကောင်းမွန်လိမ္မာပါ။

ဒီအကြောင်းတွေကြောင့်
တရားနဲ့အညီ ဝမ်းမြောက်ခြင်းများစွာ ဖြစ်ပေါ်လာပြီး
ဝဋ်ဆင်းရဲကို အဆုံးသတ်နိုင်မှာပါ။
၃၆၈. သမ္ဗဟုလဘိက္ခု (၃၆၈ -  ၃၇၆)
မေတ္တာဝိဟာရီ ယော ဘိက္ခု၊ ပသန္နော ဗုဒ္ဓသာသနေ။
အဓိဂစ္ဆေ ပဒံ သန္တံ၊ သင်္ခါရူပသမံ သုခံ။
၃၆၉. သိဉ္စ ဘိက္ခု ဣမံ နာဝံ၊ သိတ္တာ တေ လဟုမေဿတိ။
ဆေတွာ ရာဂဉ္စ ဒေါသဉ္စ၊ တတော နိဗ္ဗာနမေဟိသိ။
၃၇၀. ပဉ္စ ဆိန္ဒေ ပဉ္စ ဇဟေ၊ ပဉ္စ စုတ္တရိ ဘာဝယေ။
ပဉ္စ သင်္ဂါတိဂေါ ဘိက္ခု၊ ‘‘ဩဃတိဏ္ဏော’’တိ ဝုစ္စတိ။
၃၇၁. ဈာယ ဘိက္ခု  မာ ပမာဒေါ ၊ မာ တေ ကာမဂုဏေ ရမေဿု  စိတ္တံ။
မာ လောဟဂုဠံ ဂိလီ ပမတ္တော၊ မာ ကန္ဒိ ‘‘ဒုက္ခမိဒ’’န္တိ ဒယှမာနော။
၃၇၂. နတ္ထိ ဈာနံ အပညဿ၊ ပညာ နတ္ထိ အဈာယတော ။
ယမှိ ဈာနဉ္စ ပညာ စ၊ သ ဝေ နိဗ္ဗာနသန္တိကေ။
၃၇၃. သုညာဂါရံ  ပဝိဋ္ဌဿ၊ သန္တစိတ္တဿ ဘိက္ခုနော။
အမာနုသီ ရတိ ဟောတိ၊ သမ္မာ ဓမ္မံ ဝိပဿတော။
၃၇၄. ယတော ယတော သမ္မသတိ၊ ခန္ဓာနံ ဥဒယဗ္ဗယံ။
လဘတီ ပီတိပါမောဇ္ဇံ၊ အမတံ တံ ဝိဇာနတံ။
၃၇၅. တတြာယမာဒိ ဘဝတိ၊ ဣဓ ပညဿ ဘိက္ခုနော။
ဣန္ဒြိယဂုတ္တိ သန္တုဋ္ဌိ၊ ပါတိမောက္ခေ စ သံဝရော။
၃၇၆. မိတ္တေ ဘဇဿု ကလျာဏေ၊ သုဒ္ဓါဇီဝေ အတန္ဒိတေ။
ပဋိသႏၴာရဝုတ်ႆ ၊ အာစာရကုသေလာ သိယာ။
တတော ပါမောဇ္ဇဗဟုလော၊ ဒုက္ခဿန္တံ ကရိဿတိ။

368. The monk who abides in universal love and is deeply devoted to the Teaching of the Buddha
attains the peace of Nibbāna, the bliss of the cessation of all conditioned things.
369. Empty this boat, O monk! Emptied, it will sail lightly. Rid of lust and hatred,
you shall reach Nibbāna.
370. Cut off the five, abandon the five, and cultivate the five.
The monk who has overcome the five bonds
is called one who has crossed the flood.
371. Meditate, O monk! Do not be heedless.
Let not your mind whirl on sensual pleasures.
Heedless, do not swallow a red-hot iron ball, lest you cry when burning, “O this is painful!”
372. There is no meditative concentration for him who lacks insight,
and no insight for him who lacks meditative concentration.
He in whom are found both meditative concentration and insight, indeed, is close to Nibbāna.
373. The monk who has retired to a solitary abode and calmed his mind,
who comprehends the Dhamma with insight,
in him there arises a delight that transcends all human delights.
374. Whenever he sees with insight the rise and fall of the aggregates,
he is full of joy and happiness. To the discerning one this reflects the Deathless.
375. Control of the senses, contentment, restraint according to the code of monastic discipline—
these form the basis of holy life here for the wise monk.
376. Let him associate with friends who are noble, energetic, and pure in life,
let him be cordial and refined in conduct. Thus, full of joy,
he will make an end of suffering.

စိတ်ညစ်နွမ်းကို စွန့်ပစ်ပါ။ စိတ်ညှိုးနွမ်းကို ဖယ်ထုတ်ပါ။ ( ဓ - ၃၇၇ )
မြတ်လေးပန်းပင်ဟာ ညှိုးနွမ်းတဲ့ ပန်းပွင့်တွေကို စွန့်လွှတ်လိုက်ပါတယ်။
ဒီလိုပါပဲ-
ဆင်းရဲကင်းလို မဂ်ဖိုလ်ကိုမှန်း ရဟန်းအများ အို ချစ်သားတို့!
ရာဂ ၊ ဒေါသ (စိတ်ညှိုးနွမ်း)တွေကို စွန့်လွှတ်လိုက်ပါတော့။

၃၇၇. ပဉ္စသတဘိက္ခုဝတ္ထု (၃၇၇)
ဝဿိကာ ဝိယ ပုပ္ဖါနိ၊ မဒ္ဒဝါနိ ပမုဉ္စတိ။
ဧဝံ ရာဂဉ္စ ဒေါသဉ္စ၊ ဝိပ္ပမုဉ္စေထ ဘိက္ခဝေါ။

377. Just as the jasmine creeper sheds its withered flowers,
even so, O monks, should you totally shed lust and hatred!

ကောင်းအောင်ထိန်းလို့ ငြိမ်းအေးသူ ( ဓ - ၃၇၈ )
ငြိမ်သက်တဲ့ကိုယ်၊ ငြိမ်သက်တဲ့နှုတ်၊ ငြိမ်သက်တဲ့စိတ် ရှိတဲ့၊
ကိုယ် နှုတ် စိတ်ကို ကောင်းအောင်ထိန်းလို့ တည်ကြည်တဲ့၊
ကာမဂုဏ်တွေကို ထွေးအန်ပြီးတဲ့ ရဟန်းကို
ငြိမ်သက်ငြိမ်းအေးသူလို့ ဆိုနိုင်ပါတယ်။

၃၇၈. သန္တကာယတ္ထေရဝတ္ထု (၃၇၈)
သန္တကာယော သန္တဝါစော၊ သန္တမနော သုသမာဟိတော ၊
ဝန္တလောကာမိသော ဘိက္ခု၊ ‘‘ဥပသန္တော’’တိ ဝုစ္စတိ။

378. The monk who is calm in body, calm in speech, calm in thought,
well-composed and who has spewn out worldliness—
he, truly, is called serene.

အတွင်းခရီးစဉ်၊ ကိုယ်သာလျှင် ပဲ့ကိုင်ရှင်  ( ဓ - ၃၇၉ )
သံသရာဘေး ရှုတွေးဆင်ခြင် ရဟန်း ရှင် လူ ဘယ်သူမဆို -
ကိုယ့်ကိုယ်ကို (မကောင်းပယ်ခွာ၊ ကောင်းရာရည်ညွှန်း) တိုက်တွန်းနှိုးဆော်ပါ။
ကိုယ့်ကိုယ်ကို ကြည့်ရှုစစ်ဆေး သုံးသပ်ဆင်ခြင်ပါ။
သတိရှိလို့ ကိုယ့်ကိုယ်ကို လုံလုံခြုံခြုံ ကာကွယ်စောင့်ရှောက်သူဟာ
ချမ်းချမ်းသာသာ နေရမှာပါ။

( ဓ - ၃၈၀ )
ကိုယ်သာလျှင် ကိုယ့်ရဲ့ ကိုးကွယ်ရာပါ။
တစ်ခြားသူတွေဟာ ဘယ်မှာကိုးကွယ်ရာ ဖြစ်နိုင်ပါ့မလဲ။
ကိုယ်သာလျှင် ကိုယ့်(ဘဝ)ရဲ့ သွားရာ၊ လားရာ၊ (မှီခိုရာ) ပါပဲ။
ဒါကြောင့်- ကုန်သွယ်လုပ်ငန်းရှင်ဟာ မြင်းကောင်းကို ထိန်းသိမ်းစောင့်ရှောက်သလို
ကိုယ့်ကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်ပါ။

၃၇၉. နင်္ဂလကုလတ္ထေရဝတ္ထု (၃၇၉၊ ၃၈၀)
အတ္တနာ စောဒယတ္တာနံ၊ ပဋိမံသေထ အတ္တနာ ။
သော အတ္တဂုတ္တော သတိမာ၊ သုခံ ဘိက္ခု ဝိဟာဟိသိ။
၃၈၀. အတ္တာ ဟိ အတ္တနော နာထော၊ (ကော ဟိ နာထော ပရော သိယာ)
အတ္တာ ဟိ အတ္တနော ဂတိ။ တသ္မာ သံယမမတ္တာနံ၊ အဿံ ဘဒြံဝ ဝါဏိဇော။

379. By oneself one must censure oneself and scrutinize oneself.
The self-guarded and mindful monk will always live in happiness.
380. One is one’s own protector, one is one’s own refuge.
Therefore, one should control oneself, even as a trader controls a noble steed.

ပီတိ မှ နိဗ္ဗာန် သို့ ( ဓ - ၃၈၁ )
မြတ်ဗုဒ္ဓ အဆုံးအမတရားတော်မှာ သဒ္ဓါတိုးတက် ကြည်ညိုမြတ်နိုးတဲ့၊
တရားနှင့်အညီ ဝမ်းမြောက်ခြင်းများစွာရှိတဲ့ ရဟန်းတော်ဟာ
သင်္ခါရတွေငြိမ်းအေးရာ၊
ငြိမ်သက်ချမ်းမြေ့တဲ့ နိဗ္ဗာန်ကို ရပါတယ်။

၃၈၁. ဝက္ကလိတ္ထေရဝတ္ထု (၃၈၁)
ပါမောဇ္ဇဗဟုလော  ဘိက္ခု၊ ပသန္နော ဗုဒ္ဓသာသနေ။
အဓိဂစ္ဆေ ပဒံ သန္တံ၊ သင်္ခါရူပသမံ သုခံ။

381. Full of joy, full of faith in the Teaching of the Buddha,
the monk attains the Peaceful State, the bliss of cessation of conditioned things.

အမှောင်ညကို အလင်းပြမယ့် ရွှေလမင်း ( ဓ - ၃၈၂ )
ငယ်ရွယ်ပေမယ့်
မြတ်ဗုဒ္ဓ အဆုံးအမတရားတော်မှာ
တကယ်အဟုတ် ကြိုးစားအားထုတ်တဲ့ ရဟန်းတော်ဟာ
တိမ်တိုက်က လွတ်ကင်းတဲ့ လမင်းလို
ဒီလောကကို ထွန်းလင်းတောက်ပစေပါတယ်။

၃၈၂. သုမနသာမဏေရဝတ္ထု (၃၈၂)
ယော ဟဝေ ဒဟရော ဘိက္ခု၊ ယုဉ္ဇတိ ဗုဒ္ဓသာသနေ။
သောမံ  လောကံ ပဘာသေတိ၊ အဗ္ဘာ မုတ္တောဝ စန္ဒိမာ။

381. Full of joy, full of faith in the Teaching of the Buddha,
the monk attains the Peaceful State, the bliss of cessation of conditioned things.

#Dhammapada Parli Myanmar English
#Teaching of BUDDHA #BUDDHA Vacana

#Dhammapada Translated By #Acharya Buddharakkhita
#မြတ်ဗုဒ္ဓ၏ဓမ္မပဒ #ဓမ္မပဒအဖော်မွန် #အရှင်ဉာဏဝရ(ပါရမီ) ပူဇော်ပါသည်။

The Dhammapada - The Buddha's Path of Wisdom.
translated from the Pali by Acharya Buddharakkhita.

The Dhammapada is the best known and most widely esteemed text in the Pali Tipitaka, the sacred scriptures of Theravada Buddhism. The work is included in the Khuddaka Nikaya ("Minor Collection") of the Sutta Pitaka, but its popularity has raised it far above the single niche it occupies in the scriptures to the ranks of a world religious classic. Composed in the ancient Pali language, this slim anthology of verses constitutes a perfect compendium of the Buddha's teaching, comprising between its covers all the essential principles elaborated at length in the forty-odd volumes of the Pali canon.

ဓမ္မပဒအဖော်မွန် ၂၄

ဓမ္မပဒအဖော်မွန် - ၂၄
၂၄။ တဏှာဝဂ္ဂ၊ တဏှာ

မေ့လျော့လေ - တဏှာပွားလေ ( ဓ - ၃၃၄ )
မာလောနွယ်ဟာ (သူမှီရာသစ်ပင်ကို ဖျက်ဆီးဖို့) ကြီးပွားလာသလို -
မေ့မေ့လျော့လျော့ကျင့်သူအတွက် တဏှာဟာ ကြီးပွားလာပါတယ်။
သစ်သီးလိုချင်တဲ့မျောက်ဟာ
တောတွင်းမှာ တစ်ပင်ပြီးတစ်ပင် ခုန်လွှားကူးသန်းရသလိုပါပဲ။
တဏှာပွားသူဟာ တစ်ဘဝပြီးတစ်ဘဝ ပြေးသွားရပါတယ်။

တဏှာပွားလေ - သောကပွားလေ ( ဓ - ၃၃၅ )
လောကမှာ ကပ်ငြိစွဲလမ်းတတ်တဲ့ ယုတ်မာတဲ့ ဒီတဏှာဟာ
ညှဉ်းဆဲနှိပ်စက်တတ်ပါတယ်။
တဏှာဖြစ်သူမှာ စိုးရိမ်သောကတွေဟာ
ကြီးထွားတိုးပွားနေကြပါတယ်။
ပြိတ်မြက်တွေဟာ မိုးရွာတဲ့အခါ ကြီးပွားလာသလိုပါပဲ။

ပိန်းကြာဖက်တွင် ရေမတင်၊ သူတော်မြတ်တွင် တဏှာကင်းစင်
( ဓ - ၃၃၆ )
လောကမှာ လွန်ဆန်ဖို့ခက်ခဲတဲ့ တဏှာယုတ်ကို လွှမ်းမိုးနှိပ်ကွပ်နိုင်သူမှာ
စိုးရိမ်သောကတွေ လျှောကျကုန်ပါတယ်။
ရေစက်ရေပေါက်ဟာ ကြာရွက်မှာ လျှောကျသလိုပါပဲ။

နိဗ္ဗာန်လို - တဏှာဖြို ( ဓ - ၃၃၇ )
ဒါ့ကြောင့် ဒီအရပ်မှာ စည်းဝေးလာကြတဲ့ သစ်ချစ်သားတို့ကို
ငါဘုရား ကောင်းတဲ့စကား ဟောကြားပါ့မယ်။
ပြိတ်မြက်အမြစ်လိုချင်သူဟာ ပြိတ်မြက်အပင်ကို တူးပစ်ရသလို -
(နိဗ္ဗာန်လိုချင်သူဟာ) တဏှာအမြစ်ရင်းကို တူးဖြိုပစ်ကြပါ။
ရေအလျဉ်ကြီးဟာ ကျူပင်ကို တိုက်စားဖျက်ဆီးသလို -
ကိလေသာမာရ်ဟာ သင်ချစ်သားတို့ကို
ထပ်တလဲလဲ မဖျက်ဆီးပါစေနဲ့။

၃၃၄. ကပိလမစ္ဆဝတ္ထု (၃၃၄၊ ၃၃၅၊ ၃၃၆၊ ၃၃၇)
မနုဇဿ ပမတ္တစာရိနော၊ တဏှာ ဝဍ္ဎတိ မာလုဝါ ဝိယ။
သော ပ္လဝတီ ဟုရာ ဟုရံ၊ ဖလမိစ္ဆံဝ ဝနသ္မိ ဝါနရော။
၃၃၅. ယံ ဧသာ သဟတေ ဇမ္မီ၊ တဏှာ လောကေ ဝိသတ္တိကာ။
သောကာ တဿ ပဝဍ္ဎန္တိ၊ အဘိဝဋ္ဌံဝ ဗီရဏံ။
၃၃၆. ယော စေတံ သဟတေ ဇမ္မိံ၊ တဏှံ လောကေ ဒုရစ္စယံ။
သောကာ တမှာ ပပတန္တိ၊ ဥဒဗိန္ဒုဝ ပေါက္ခရာ။
၃၃၇. တံ ဝေါ ဝဒါမိ ဘဒ္ဒံ ဝေါ၊ ယာဝန္တေတ္ထ သမာဂတာ။
တဏှာယ မူလံ ခဏထ၊ ဥသီရတ္ထောဝ ဗီရဏံ။
မာ ဝေါ နဠံဝ သောတောဝ၊ မာရော ဘဉ္ဇိ ပုနပ္ပုနံ။

24. Taṇhavagga: Craving
334. The craving of one given to heedless living grows like a creeper.
Like the monkey seeking fruits in the forest, he leaps from life to life
(tasting the fruit of his kamma).
335. Whoever is overcome by this wretched and sticky craving,
his sorrows grow like grass after the rains.
336. But whoever overcomes this wretched craving, so difficult to overcome,
from him sorrows fall away like water from a lotus leaf.
337. This I say to you: Good luck to all assembled here! Dig up the root of craving,
like one in search of the fragrant root of the bīraṇa grass.
Let not Mara crush you again and again, as a flood crushes a reed.

`ငါ` တို့နေရာ ဤကမ္ဘာ တဏှာအုပ်စိုးသည်။
( ဓ - ၃၃၈၊ ၃၃၉၊ ၃၄၀၊ ၃၄၁၊ ၃၄၂၊ ၃၄၃)
ခိုင်မြဲတဲ့ရေသောက်မြစ်ကို မဖျက်ဆီးရင်
ပင်စည်ကိုဖြတ်ပေမယ့် သစ်ပင်ဟာ တစ်ဖန်ပြန်ပေါက်ပါတယ်။
ဒီလိုပါပဲ-
အကြောင်းဆုံရင် ဖြစ်လာနိုင်တဲ့ အနုသယတဏှာကို မဖျက်ဆီးရင်
ဒီ(မွေး အို နာ သေ ----)ဒုက္ခတွေဟာ ထပ်ခါထပ်ခါ ဖြစ်နေဦးမှာပါပဲ။
နှစ်သက်စရာအာရုံတွေဆီကို ပြင်းပြင်းထန်ထန် စီးဆင်းတဲ့
(၃၆)ပါးတဏှာရေစီးကြောင်းကြီးရှိသူ၊
အဲဒီ ဆိုးဝါးသောင်းကျန်း မကောင်းတဲ့အယူရှိသူကို
ရာဂနှင့်ပတ်သက်ပြီး အားကြီးတဲ့ အတွေးအကြံတွေဟာ ဆောင်ယူသွားပါတယ်။

တဏှာရေအလျဉ်ကြီးတွေဟာ အာရုံအားလုံးမှာ ယိုစီးကြပါတယ်။
(လွှမ်းခြုံရစ်ပတ်ဖျက်ဆီးတတ်တဲ့) တဏှာနွယ်ဟာ
(ဒွါရခြောက်ပါးမှာ) ဖြစ်ပြီး (အာရုံခြောက်ပါးမှာ) တည်ပါတယ်။
ဖြစ်ပေါ်လာတဲ့ တဏှာနွယ်ကို မြင်ပြီး
မဂ်ပညာနဲ့ တဏှာနွယ်ကို ဖြတ်ပစ်ကြပါ။

သတ္တဝါတွေမှာ (လွမ်းဆွတ်) တမ်းတအမှတ်ရခြင်း၊ ချစ်ခင်စွဲလမ်းခြင်း၊
(တဏှာနှင့် နှစ်သက်) ဝမ်းမြောက်ခြင်း စတာတွေ ဖြစ်ကြပါတယ်။
အဲဒီသတ္တဝါတွေဟာ ကာမချမ်းသာကို သာယာမှီခိုနေကြတာဖြစ်လို့
ကာမချမ်းသာကို ရှာဖွေကြရပါတယ်။
တဏှာစေရာ မနေသာ ဖွေရှာဆက်ရသူတွေဟာ
မွေး အို (နာ သေ --)ဒုက္ခတွေ ရောက်ကြရပါတယ်။

တဏှာရဲ့ရှေ့ဆောင်ခံရတဲ့ (တဏှာနောက်ကို လိုက်နေရတဲ့) သတ္တဝါတွေဟာ
ကျော့ကွင်းမှာ နှောင်ဖွဲ့ခံရတဲ့ယုန်လေးလို ထိတ်လန့်ကြောက်ရွံ့နေကြရပါတယ်။
(ကာမ ရာဂ စတဲ့) သံယောဇဉ်အစေးနဲ့ ကပ်ငြိသူတွေဟာ
အကြာကြီး ထပ်ခါထပ်ခါ ဆင်းရဲဒုက္ခမှာ ကပ်ရောက်ကြရပါတယ်။

တဏှာရဲ့ရှေ့ဆောင်ခံရတဲ့ (တဏှာနောက်ကို လိုက်နေရတဲ့) သတ္တဝါတွေဟာ
ကျော့ကွင်းမှာ နှောင်ဖွဲ့ခံရတဲ့ယုန်လေးလို ထိတ်လန့်ကြောက်ရွံ့နေကြရပါတယ်။
ဒါ့ကြောင့် ကိုယ့်ရဲ့ ရာဂကင်းရာ နိဗ္ဗာန်ကို
လိုလားသူဟာ တဏှာကို ပယ်ဖျောက်သင့်ပါတယ်။

၃၃၈.သူကရပေါတိက (၃၃၈ -  ၃၄၃)
ယထာပိ  မူလေ အနုပဒ္ဒဝေ ဒဠှေ၊ ဆိန္နောပိ ရုက္ခော ပုနရေဝ ရူဟတိ။
ဧဝမ္ပိ တဏှာနုသယေ အနူဟတေ၊ နိဗ္ဗတ္တတီ ဒုက္ခမိဒံ ပုနပ္ပုနံ။
၃၃၉. ယဿ ဆတ္တိံသတိ သောတာ၊ မနာပသဝနာ ဘုသာ။
မာဟာ ဝဟန္တိ ဒုဒ္ဒိဋ္ဌိံ၊ သင်္ကပ္ပါ ရာဂနိဿိတာ။
၃၄၀. သဝန္တိ သဗ္ဗဓိ သောတာ၊ လတာ ဥပ္ပဇ္ဇ  တိဋ္ဌတိ။
တဉ္စ ဒိသွာ လတံ ဇာတံ၊ မူလံ ပညာယ ဆိန္ဒထ။
၃၄၁. သရိတာနိ သိနေဟိတာနိ စ၊ သောမနဿာနိ ဘဝန္တိ ဇန္တုနော။
တေ သာတသိတာ သုခေသိနော၊ တေ ဝေ ဇာတိဇရူပဂါ နရာ။
၃၄၂. တသိဏာယ ပုရက္ခတာ ပဇာ၊ ပရိသပ္ပန္တိ သသောဝ ဗန္ဓိတော ။
သံယောဇနသင်္ဂသတ္တကာ၊ ဒုက္ခမုပေန္တိ ပုနပ္ပုနံ စိရာယ။
၃၄၃.တသိဏာယ ပုရက္ခတာ ပဇာ၊ ပရိသပ္ပန္တိ သသောဝ ဗန္ဓိတော။
တသ္မာ တသိဏံ ဝိနောဒယေ၊ အာကင်္ခန္တ  ဝိရာဂမတ္တနော။

338. Just as a tree, though cut down, sprouts up
again if its roots remain uncut and firm, even so,
until the craving that lies dormant is rooted out,
suffering springs up again and again.
339. The misguided man in whom the thirty-six currents of craving
strongly rush toward pleasurable objects, is swept away by the flood of
his passionate thoughts.
340. Everywhere these currents flow, and the creeper (of craving) sprouts and grows.
Seeing that the creeper has sprung up, cut off its root with wisdom.
341. Flowing in (from all objects) and watered by craving,
feelings of pleasure arise in beings.
Bent on pleasures and seeking enjoyment, these men fall prey to birth and decay.
342. Beset by craving, people run about like an entrapped hare.
Held fast by mental fetters, they come to suffering again and again for a long time.
343. Beset by craving, people run about like an entrapped hare.
Therefore, one who yearns to be passion-free should destroy his own craving.

တဏှာတောမှာ မောသင့်ပါပြီ ( ဓ - ၃၄၄ )
(အိမ်ရာတည်ထောင် လူတို့ဘောင်) တောကို စွန့်ပြီး
(အကျင့်မြတ်တည်ထောင် ရဟန်းဘောင်) တောကို ဝင်ခဲ့ပါတယ်။
(ဒါပေမယ့်) တောက လွတ်ပြီးဖြစ်ပါလျက် တောထဲကိုပဲ ပြန်ပြေးဝင်ပါတယ်။
လာကြ၊ ကြည့်ကြပါ။
သူဟာ အနှောင်အဖွဲ့က လွတ်ပြီးပေမယ့်
အနှောင်အဖွဲ့ထဲကိုပဲ ပြန်ပြေးဝင်ပါတယ်။

၃၄၄. ဝိဗ္ဘန္ထဘိက္ခုဝတ္ထု (၃၄၄)
ယော နိဗ္ဗနထော ဝနာဓိမုတ္တော၊ ဝနမုတ္တော ဝနမေဝ ဓာဝတိ။
တံ ပုဂ္ဂလမေထ ပဿထ၊ မုတ္တော ဗန္ဓနမေဝ ဓာဝတိ။

344. There is one who, turning away from desire (for household life)
takes to the life of the forest (i.e., of a monk).
But after being freed from the household, he runs back to it.
Behold that man! Though freed, he runs back to that very bondage!

သံလက်ထိပ်ထက် ရွှေလက်ကောက်က ပိုတင်းကြပ်၊
သံမဏိကြိုးထက် သံယောဇဉ်ကြိုးက  ပိုခိုင်တုပ်၊ ( ဓ - ၃၄၅ )
သံ၊ သစ်သား၊ မြက်လျှော် စတာတွေနဲ့ ပြုလုပ်ထားတဲ့ အနှောင်အဖွဲ့တွေကို
ခိုင်မြဲတဲ့အနှောင်အဖွဲ့လို့ ပညာရှိတွေ မပြောဆိုကြပါဘူး။
ရတနာလက်ကောက်ကွင်းတွေ၊ (အဆင်တန်ဆာတွေ)
သားမယား စတာတွေမှာ
အလွန်တပ်မက် နှစ်သက်တွယ်တာမှု တဏှာအနှောင်အဖွဲ့ကိုပဲ
ခိုင်မြဲတဲ့အနှောင်အဖွဲ့လို့ ပညာရှိတွေ ပြောဆိုကြပါတယ်။

မမြင်ရတဲ့ အခိုင်ဆုံးကြိုးကို ဖြတ်တောက်ပါ။
မထင်ရတဲ့ အကျဉ်းဆုံးထောင်ကို ဖောက်ထွက်ပါ။ ( ဓ - ၃၄၆ )
တဏှာအနှောင်အဖွဲ့ကိုပဲ ခိုင်မြဲတဲ့အနှောင်အဖွဲ့လို့
ပညာရှိတွေ ပြောဆိုကြပါတယ်။
ယုတ်နိမ့်ရာကို ဆောင်ယူတတ်တဲ့
နှောင်ဖွဲ့မှန်းမသိစေဘဲ ဖွဲ့တတ်လို့ လျော့သလိုရှိပေမယ့်
လွတ်မြောက်ဖို့ခက်ခဲတဲ့တဏှာ၊
ပညာရှိတွေဟာ ဒီတဏှာအနှောင်အဖွဲ့ကို ရုန်းကန်ဖြတ်တောက်ပြီး
ကာမချမ်းသာကို မတွယ်တာဘဲ စွန့်ပယ်ခွာပြီး
ထွက်မြောက်သွားကြပါတယ်။

၃၄၅. ဗန္ဓနာဂါရဝတ္ထု (၃၄၅၊ ၃၄၆)
န  တံ ဒဠှံ ဗန္ဓနမာဟု ဓီရာ၊ ယဒါယသံ ဒါရုဇပဗ္ဗဇဉ္စ ။
သာရတ္တရတ္တာ မဏိကုဏ္ဍလေသု၊ ပုတ္တေသု ဒါရေသု စ ယာ အပေက္ခာ။
၃၄၆. ဧတံ ဒဠှံ ဗန္ဓနမာဟု ဓီရာ၊ ဩဟာရိနံ သိထိလံ ဒုပ္ပမုဉ္စံ။
ဧတမ္ပိ ဆေတွာန ပရိဗ္ဗဇန္တိ၊ အနပေက္ခိနော ကာမသုခံ ပဟာယ။

345-346. That is not a strong fetter, the wise say,
which is made of iron, wood or hemp.
But the infatuation and longing for jewels and ornaments, children and wives—
that, they say,  is a far stronger fetter, which pulls one downward and,
though seemingly loose, is hard to remove.
This, too, the wise cut off. Giving up sensual pleasure,
and without any longing, they renounce the world.

တဏှာပိုက်ကွန်ယက်မှာ ရုန်းမထွက်နိုင်တော့ပါ။
တဏှာမြစ်မှာ နစ်မြုပ်တာ။ တဏှာဖြတ်မှ ဒုက္ခပြတ်မှာ။ ( ဓ - ၃၄၇ )
ပင့်ကူဟာ ကိုယ်တိုင်ပြုလုပ်တဲ့ ပိုက်ကွန်မှာ ပြန်ပြန်ကျသလို -
ရာဂနှင့် မက်မောနှစ်သက်တဲ့ သတ္တဝါတွေဟာ
ကိုယ်တိုင်ပြုလုပ်တဲ့ တဏှာဝဲဂယက်ရေယာဉ်ကြောမှာ
ထပ်ခါထပ်ခါ ကျရောက်(နစ်မြုပ်)ပါတယ်။
ပညာရှိတွေဟာ ဒီတဏှာကို ဖြတ်တောက်ပြီး
မတွယ်တာဘဲ၊ ဆင်းရဲဒုက္ခအားလုံးကို စွန့်ပယ်ခွာပြီး
ထွက်မြောက်သွားကြပါတယ်။

၃၄၇. ခေမာထေရီဝတ္ထု (၃၄၇)
ယေ ရာဂရတ္တာနုပတန္တိ သောတံ၊ သယံကတံ မက္ကဋကောဝ ဇာလံ။
ဧတမ္ပိ ဆေတွာန ဝဇန္တိ ဓီရာ၊ အနပေက္ခိနော သဗ္ဗဒုက္ခံ ပဟာယ။

347. Those who are lust-infatuated fall back into the swirling current (of saṁsāra)
like a spider on its self-spun web. This, too, the wise cut off.
Without any longing, they abandon all suffering and renounce the world.

စွန့်လွှတ်မှ ဒုက္ခဇာတ်သိမ်း၊ မစွဲလမ်းမှ ငြိမ်းချမ်း၊
မတွယ်တာမှ ချမ်းသာရ။ ( ဓ - ၃၄၈ )
ရှေးအတိတ် (ခန္ဓာမှာဖြစ်တဲ့တဏှာ) ကို စွန့်လွှတ်လိုက်ပါ။
နောင်အနာဂါတ် (ခန္ဓာမှာဖြစ်တဲ့တဏှာ) ကို စွန့်လွှတ်လိုက်ပါ။
အလယ်ပစ္စုပ္ပန် (ခန္ဓာမှာဖြစ်တဲ့တဏှာ) ကို စွန့်လွှတ်လိုက်ပါ။
(အတိတ် အနာဂတ် ပစ္စုပ္ပန်) ခန္ဓာအားလုံးမှာ
စွဲလမ်းကင်းပျောက် လွတ်မြောက်တဲ့စိတ်ရှိပြီး
ဘဝရဲ့အဆုံး (ကမ်းတစ်ဖက် နိဗ္ဗာန်) ကို ရောက်တဲ့အတွက်
နောက်တစ်ခါ မွေးခြင်း အိုခြင်း (သေခြင်း)ဆီကို မကပ်ရောက်ရတော့ပါဘူး။

၃၄၈. ဥဂ္ဂသေနဝတ္ထု (၃၄၈)
မုဉ္စ ပုရေ မုဉ္စ ပစ္ဆတော၊ မဇ္ဈေ မုဉ္စ ဘဝဿ ပါရဂူ။
သဗ္ဗတ္ထ ဝိမုတ္တမာနသော၊ န ပုနံ ဇာတိဇရံ ဥပေဟိသိ။

348. Let go of the past, let go of the future, let go of the present,
and cross over to the farther shore of existence.
With mind wholly liberated,
you shall come no more to birth and death.

အတွေးဆိုးတွေ ငြိမ်းအေးစေ၊ အသုဘပွား သတိထားနေ။ ( ဓ - ၃၄၉၊ ၃၅၀ )
(ကာမဝိတက်)အတွေးဆိုးတွေရဲ့ နှိပ်စက်ခံရသူ၊ ရာဂပြင်းထန်သူ၊
တင့်တယ် တယ် လို့ အကြိမ်ကြိမ်ရှုမြင်သူမှာ
တဏှာဟာ အလွန်ပဲ ကြီးထွားတိုးပွားလာပါတယ်။
သူဟာ တဏှာအနှောင်အဖွဲ့ကို (ခိုင်မြဲတာထက်) ခိုင်မြဲအောင် ပြုလုပ်နေတာပါ။

အတွေးဆိုးတွေ ငြိမ်းအေးရာမှာ ပျော်မွေ့၊
နေ့ရောညပါ အမြဲသတိရှိပြီး
အသုဘကမ္မဋ္ဌာန်းပွားများသူဟာ
သေမင်းရဲ့အနှောင်အဖွဲ့တဏှာ ကင်းကွာအောင် ပြုစွမ်းနိုင်မှာပါ။
မာရ်ရဲ့အနှောင်အဖွဲ့ကို မဂ်နဲ့ ဖြတ်တောက်နိုင်မှာပါ။

၃၄၉. စူဠဓနုဂ္ဂဟပဏ္ဍိတဝတ္ထု (၃၄၉၊ ၃၅၀)
ဝိတက္ကမထိတဿ ဇန္တုနော၊ တိဗ္ဗရာဂဿ သုဘာနုပဿိနော။
ဘိယျော တဏှာ ပဝဍ္ဎတိ၊ ဧသ ခေါ ဒဠှံ ကရောတိ ဗန္ဓနံ။
၃၅၀. ဝိတက္ကူပသမေ  စ  ယော ရတော၊
အသုဘံ ဘာဝယတေ သဒါ သတော။
ဧသ  ခေါ ဗျန္တိ ကာဟိတိ၊ ဧသ  ဆေစ္ဆတိ မာရဗန္ဓနံ။

349. For a person tormented by evil thoughts,
who is passion-dominated and given to the pursuit of pleasure, his craving steadily grows.
He makes the fetter strong, indeed.
350. He who delights in subduing evil thoughts,
who meditates on the impurities and is ever mindful—
it is he who will make an end of craving and rend asunder Mara’s fetter.

ငြိမ်းအေးသော ဘဝပိုင်ရှင် ( ဓ - ၃၅၁ )
ရဟန်းကိစ္စပြီးဆုံးသူ (ရဟန္တာ)ဟာ
ထိတ်လန့်ကြောက်ရွံ့တာ မရှိပါဘူး။
တဏှာကင်းကွာပါတယ်။
ကိလေသာအညစ်အကြေး ကင်းစင်ပါတယ်။
ဘဝဖြစ်ကြောင်း ဆူးငြောင့်တွေကို ဖြတ်နှုတ်ပယ်ပြီးပါပြီ။
ဒီရုပ်နာမ်နှစ်ဖြာ ခန္ဓာငါးပါးအပေါင်းဟာ အဆုံးစွန်ပါပဲ။
(နောက်ထပ်ဖြစ်စရာ ဘဝမရှိတော့)

တဏှာလည်းသတ်၊ စာလည်းတတ်၊ မဟာပုဂ္ဂိုလ်မြတ် ( ဓ - ၃၅၂ )
တဏှာကင်းကွာ စွဲလမ်းတွယ်တာခြင်းမရှိ၊
မြတ်စွာဘုရားရှင်ရဲ့သင်ကြားမှုကို အဓိပ္ပါယ်မှန်မှန်နှင့် ဖွင့်ဆိုရာမှာ ကျွမ်းကျင်လိမ္မာတဲ့၊
မြတ်စွာဘုရားရှင်ရဲ့စကားတော် အက္ခရာတွေရဲ့ အပေါင်းအစုနှင့်
ရှေ့နောက်အက္ခရာတွေရဲ့ အဆက်အသွယ်ကို သိနားလည်ပြီး၊
နောက်ဆုံးခန္ဓာကို ထမ်းဆောင်ထားတဲ့
အဲဒီပုဂ္ဂိုလ်ကို
တကယ့် မဟာပညာရှိ၊ မဟာယောက်ျားမြတ်လို့ ခေါ်ဆိုသင့်ပါတယ်။

၃၅၁. မာရဝတ္ထု (၃၅၁၊ ၃၅၂)
နိဋ္ဌင်္ဂတော အသန္တာသီ၊ ဝီတတဏှော အနင်္ဂဏော။
အစ္ဆိန္ဒိ ဘဝသလ္လာနိ၊ အန္တိမောယံ သမုဿယော။
၃၅၂. ဝီတတဏှော အနာဒါနော၊ နိရုတ္တိပဒကောဝိဒေါ။
အက္ခရာနံ သန္နိပါတံ၊ ဇညာ ပုဗ္ဗာပရာနိ စ။
သ ဝေ ‘‘အန္တိမသာရီရော၊ မဟာပညော မဟာပုရိသော’’ တိ ဝုစ္စတိ။

351. He who has reached the goal, is fearless, free from craving, passionless,
and has plucked out the thorns of existence—for him this is the last body.
352. He who is free from craving and attachment,
is perfect in uncovering the true meaning of the Teaching,
and knows the arrangement of the sacred texts in correct sequence—
he, indeed, is the bearer of his final body.
He is truly called the profoundly wise one, the great man.

အနန္တဇိန မြတ်ဗုဒ္ဓ ( ဓ - ၃၅၃ )
( ဥပက တက္ကတွန်း ! )   ငါဘုရားဟာ -
အားလုံးကို လွှမ်းမိုးအောင်မြင်ပြီးသူပါ။
တရားအားလုံးကို အကုန်အစင် သိမြင်သူပါ။
သဘောတရားအားလုံးမှာ ကပ်ငြိတွယ်တာ မရှိပါဘူး။
အရာအားလုံးကို စွန့်လွှတ်ပြီးပြီ။
တဏှာကုန်ခမ်းရာ ငြိမ်းအေးရာ
အရဟတ္တဖိုလ်မှာ တည်သူ၊ လွတ်မြောက်သူဖြစ်ပါတယ်။
ကိုယ်တိုင် ကိုယ်ပိုင်ဉာဏ်ထူးနဲ့ သိပြီးဖြစ်တဲ့အတွက်
ဘယ်သူ့ကို (ငါ့ဆရာလို့) ညွှန်းပြရမှာလဲ။

၃၅၃. ဥပကာဇီဝကဝတ္ထု (၃၅၃)
သဗ္ဗာဘိဘူ သဗ္ဗဝိဒူဟမသ္မိ၊ သဗ္ဗေသု ဓမ္မေသု အနူပလိတ္တော။
သဗ္ဗဉ္ဇဟော တဏှက္ခယေ ဝိမုတ္တော၊ သယံ အဘိညာယ ကမုဒ္ဒိသေယျံ။

353. A victor am I over all, all have I known.
Yet unattached am I ,  to all that is conquered and known.
Abandoning all, I am freed through the destruction of craving.
Having thus directly comprehended all by myself, whom shall I call my teacher?

ဓမ္မဒါနဟာ အမြတ်ဆုံးအလှူပါ။
ဓမ္မရသဟာ အကောင်းဆုံးအရသာ။ ( ဓ - ၃၅၄ )
တရားအလှူဟာ အလှူအားလုံးကို အောင်နိုင်ပါတယ်။
တရားအရသာဟာ အရသာအားလုံးကို အောင်နိုင်ပါတယ်။
တရားနဲ့ပျော်မွေ့တာဟာ ပျော်ရွှင်ခြင်းအားလုံးကို အောင်နိုင်ပါတယ်။
တဏှာကုန်ရာ အရဟတ္တဖိုလ်ဟာ ဆင်းရဲအားလုံးကို အောင်နိုင်ပါတယ်။
၃၅၄. သက္ကပဥှဝတ္ထု (၃၅၄)
သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။
သဗ္ဗရတိံ ဓမ္မရတိ ဇိနာတိ၊ တဏှက္ခယော သဗ္ဗဒုက္ခံ ဇိနာတိ။

354. The gift of Dhamma excels all gifts;
the taste of the Dhamma excels all tastes;
the delight in Dhamma excels all delights.
The Craving-Freed vanquishes all suffering.

ပညာမဲ့ဥစ္စာ တဏှာဆိပ်သင့် ( ဓ - ၃၅၅ )
စည်းစိမ်ဥစ္စာတွေဟာ ပညာမဲ့သူကို ဖျက်ဆီးပါတယ်။
တစ်ဖက်ကမ်း(နိဗ္ဗာန်)ကို ရှာမှီးသူတွေကိုတော့ မဖျက်ဆီးနိုင်ပါဘူး။
စည်းစိမ်ဥစ္စာမှာ တပ်မက်တဲ့တဏှာနှင့်
ပညာမဲ့ဟာ သူတစ်ပါးကိုဖျက်ဆီးသလို
ကိုယ့်ကိုယ်ကိုယ်လည်း ဖျက်ဆီးပါတယ်။

၃၅၅. အပုတ္တကသေဋ္ဌိဝတ္ထု (၃၅၅)
ဟနန္တိ ဘောဂါ ဒုမ္မေဓံ၊ နော စ ပါရဂဝေသိနော။
ဘောဂတဏှာယ ဒုမ္မေဓော၊ ဟန္တိ အညေဝ အတ္တနံ။

355. Riches ruin only the foolish, not those in quest of the Beyond.
By craving for riches the witless man ruins himself as well as others.

ကောင်းမှုမျိုးကို စိုက်ပျိုးရာ အနှိုင်းမဲ့လယ်ယာမြေ
( ဓ - ၃၅၆၊ ၃၅၇၊ ၃၅၈၊ ၃၅၉ )
ပေါင်းမြက်ဟာ လယ်ယာစိုက်ပျိုးခင်းတွေကို ဖျက်ဆီးပါတယ်။
ရာဂဟာ ဒီသတ္တဝါတွေကို ဖျက်စီးပါတယ်။
ဒါ့ကြောင့် ရာဂကင်းစင်တဲ့ ပုဂ္ဂိုလ်တွေမှာ
ပေးလှူတာဟာ အကျိုးကြီးမားလှပါတယ်။
(ကြီးမားတဲ့အသီးအပွင့်ကို ဖြစ်ထွန်းစေပါတယ်။)

ပေါင်းမြက်ဟာ လယ်ယာစိုက်ပျိုးခင်းတွေကို ဖျက်ဆီးပါတယ်။
ဒေါသဟာ ဒီသတ္တဝါတွေကို ဖျက်စီးပါတယ်။
ဒါ့ကြောင့် ဒေါသကင်းစင်တဲ့ ပုဂ္ဂိုလ်တွေမှာ
ပေးလှူတာဟာ အကျိုးကြီးမားလှပါတယ်။

ပေါင်းမြက်ဟာ လယ်ယာစိုက်ပျိုးခင်းတွေကို ဖျက်ဆီးပါတယ်။
မောဟဟာ ဒီသတ္တဝါတွေကို ဖျက်စီးပါတယ်။
ဒါ့ကြောင့် မောဟကင်းစင်တဲ့ ပုဂ္ဂိုလ်တွေမှာ
ပေးလှူတာဟာ အကျိုးကြီးမားလှပါတယ်။

ပေါင်းမြက်ဟာ လယ်ယာစိုက်ပျိုးခင်းတွေကို ဖျက်ဆီးပါတယ်။
ရမက်အာသာ တဏှာဟာ ဒီသတ္တဝါတွေကို ဖျက်စီးပါတယ်။
ဒါ့ကြောင့် ရမက်အာသာ တဏှာကင်းစင်တဲ့ ပုဂ္ဂိုလ်တွေမှာ
ပေးလှူတာဟာ အကျိုးကြီးမားလှပါတယ်။

၃၅၆. အင်္ကုရဝတ္ထု (၃၅၆၊ ၃၅၇၊ ၃၅၈၊ ၃၅၉)
တိဏဒေါသာနိ ခေတ္တာနိ၊ ရာဂဒေါသာ အယံ ပဇာ။
တသ္မာ ဟိ ဝီတရာဂေသု၊ ဒိန္နံ ဟောတိ မဟပ္ဖလံ။
၃၅၇. တိဏဒေါသာနိ  ခေတ္တာနိ၊ ဒေါသဒေါသာ အယံ ပဇာ။
တသ္မာ ဟိ ဝီတဒေါသေသု၊ ဒိန္နံ ဟောတိ မဟပ္ဖလံ။
၃၅၈. တိဏဒေါသာနိ ခေတ္တာနိ၊ မောဟဒေါသာ အယံ ပဇာ။
တသ္မာ ဟိ ဝီတမောဟေသု၊ ဒိန္နံ ဟောတိ မဟပ္ဖလံ။
၃၅၉. တိဏဒေါသာနိ ခေတ္တာနိ၊ ဣစ္ဆာဒေါသာ အယံ ပဇာ။
တသ္မာ ဟိ ဝိဂတိစ္ဆေသု၊ ဒိန္နံ ဟောတိ မဟပ္ဖလံ။

#Dhammapada Parli Myanmar English
#Teaching of BUDDHA #BUDDHA Vacana

#Dhammapada Translated By #Acharya Buddharakkhita
#မြတ်ဗုဒ္ဓ၏ဓမ္မပဒ #ဓမ္မပဒအဖော်မွန် #အရှင်ဉာဏဝရ(ပါရမီ) ပူဇော်ပါသည်။

The Dhammapada - The Buddha's Path of Wisdom.
translated from the Pali by Acharya Buddharakkhita.

The Dhammapada is the best known and most widely esteemed text in the Pali Tipitaka, the sacred scriptures of Theravada Buddhism. The work is included in the Khuddaka Nikaya ("Minor Collection") of the Sutta Pitaka, but its popularity has raised it far above the single niche it occupies in the scriptures to the ranks of a world religious classic. Composed in the ancient Pali language, this slim anthology of verses constitutes a perfect compendium of the Buddha's teaching, comprising between its covers all the essential principles elaborated at length in the forty-odd volumes of the Pali canon.