Monday, October 3, 2016

ဓမ္မပဒအတွေးအမြင် ၆

ဓမ္မပဒအတွေးအမြင် - ၆၊

# အပြစ်မှန်ညွှန်ပြ ဆိုဆုံးမတတ်တဲ့
ပညာရှိသူတော်ကောင်းကို
မြေမြှုပ်ရွှေအိုး ညွှန်ပြသူလို
ရှုမြင်ပြီး မှီဝဲဆည်းကပ်သင့်ပါတယ်။

#မကောင်းမှုတွေ မပြုဖြစ်အောင် တားမြစ်တတ်သူကို
သူတော်ကောင်းတွေ နှစ်သက်မြတ်နိုးကြပါတယ်။
(စိတ်ထားလွဲချော်) မသူတော်တွေကတော့
အမုန်းပွားကြပါတယ်။

#ပညာရှိတွေဟာ ကိုယ့်ကိုယ်ကို ယဉ်ကျေးလိမ္မာစေပါတယ်။

#တရားရေအေး အမြိုက်ဆေးကို သောက်သုံးသူဟာ
ချမ်းချမ်းသာသာနေရပါတယ်။
ပညာရှိဟာ #ဓမ္မပီတိနဲ့ ချမ်းသာပါတယ်။
သူတော်ကောင်းဟာ #တရားနဲ့မွေ့လျော်၊တရားနဲ့ပျော်ပါတယ်။
ပညာရှိသူတော်ကောင်းဟာ
တိတ်ဆိတ် ငြိမ်သက် ငြိမ်းအေးတဲ့ #ဝိဝေကတရားမှာ ပျော်မွေ့ပါတယ်။

ပညာရှိရဲ့စိတ်ဟာ လောကဓံကြောင့် မတုန်လှုပ်ပါဘူး။
သူတော်ကောင်းဟာ ဘာကြောင့်ပဲဖြစ်ဖြစ် မကောင်းမှုကို မလုပ်ပါဘူး။

ပညာရှိသူတော်ကောင်းရဲ့စိတ်ဟာ
#ရေကန်ကြီးလို
နက်ရှိုင်းကြည်လင် အေးချမ်းပါတယ်။
#ကျောက်တောင်ကြီးလို
တည်ကြည်ငြိမ်သက် ခန့်ညားပါတယ်။

ပညာရှိသူတော်ကောင်းမှာ မြင့်မြတ်တဲ့ စိတ်စွမ်းအင်ရှိပါတယ်။

ပညာရှိသူတော်ကောင်းကို မှီဝဲဆည်းကပ်ရင်
မြင့်မြတ်လာမှာပါ။

မြတ်ဗုဒ္ဓဟာ တစ်လောကလုံးမှာ အမြင့်မြတ်ဆုံးဖြစ်တဲ့
တုနှိုင်းမဲ့ ပညာရှိသူတော်ကောင်းပါ။

(ရည်ညွှန်းကိုးကား - ဓမ္မပဒ၊ ပဏ္ဍိတဝဂ္ဂ)

အရှင်ဉာဏဝရ(ပါရမီ)
ပူဇော်ပါသည်

No comments:

Post a Comment