Wednesday, May 3, 2017

ဓမ္မပဒအဖော်မွန် ၂၆

ဓမ္မပဒအဖော်မွန် - ၂၆
သူတော်စင်၊ သူတော်ကောင်း၊ သူတော်မြတ်

တဏှာကင်းကွာ သူတော်စင်ပါ ( ဓ - ၃၈၃ )
သူတော်စင် သူတော်ကောင်း !
တဏှာရေအလျဉ်စီးကြောင်းကြီးကို လုံ့လပြုပြီး ဖြတ်တောက်ပါ။
ဝတ္ထု ကိလေသာ ကာမနှစ်ဖြာကို နှုတ်ပယ်ပါ။
ရုပ်နာမ်ခန္ဓာသင်္ခါရတရားတွေရဲ့ ပျက်စီးတတ်တဲ့သဘောကို သိပြီး
အကြောင်းတရားတွေ မပြုပြင်အပ်တဲ့ နိဗ္ဗာန်ကို သိမြင်ပါ။
ရဟန္တာဖြစ်(အောင် အားထုတ်)ပါတော့။

၃၈၃. ပသာဒဗဟုလဗြာဟ္မဏဝတ္ထု (၃၈၃)
ဆိန္ဒ သောတံ ပရက္ကမ္မ၊ ကာမေ ပနုဒ ဗြာဟ္မဏ။
သင်္ခါရာနံ ခယံ ဉတွာ၊ အကတညူသိ ဗြာဟ္မဏ။

26. Brāhmaṇavagga: The Holy Man
383. Exert yourself, O holy man! Cut off the stream (of craving), and discard sense desires.
Knowing the destruction of all the conditioned things, become, O holy man,
the knower of the Uncreated (Nibbāna)!

သမထဝိပဿနာပွား သူတော်စင်များ ( ဓ - ၃၈၄ )
သမထဝိပဿနာ တရားနှစ်ပါးမှာ
တစ်ဖက်ကမ်းခပ် အထွတ်အထိပ်ရောက်တဲ့အခါ၊
တရားမှန်ကိုသိမြင်တဲ့ အဲဒီသူတော်စင် သူတော်ကောင်းမှာ
အနှောင်အဖွဲ့ သံယောဇဉ်တွေဟာ ပျောက်ပျက်ကုန်ပါတယ်။

၃၈၄. သမ္ဗဟုလဘိက္ခုဝတ္ထု (၃၈၄)
ယဒါ ဒွယေသု ဓမ္မေသု၊ ပါရဂူ ဟောတိ ဗြာဟ္မဏော။
အထဿ သဗ္ဗေ သံယောဂါ၊ အတ္ထံ ဂစ္ဆန္တိ ဇာနတော။

384. When a holy man has reached the summit of two paths
(meditative concentration and insight), he knows the truth and all his fetters fall away.

ကိလေသာမယှဉ်တွဲရင် သူတော်စင်ပါပဲ ( ဓ - ၃၈၅ )
ဒီဘက်ကမ်း၊ ဟိုဘက်ကမ်း၊
ဒီဘက်ဟိုဘက် ကမ်းနှစ်ဘက်မရှိသူ၊
( မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ် အတွင်းအာယတန/
အဆင်း၊အသံ၊အနံ့၊အရသာ၊ထိတွေ့စရာ၊ကြံတွေးစရာ၊ အပြင်အာယတနတို့မှာ
ငါ၊ ငါ့ဥစ္စာလို့ စွဲလမ်းတွယ်တာ မရှိသူ )
ကိလေသာအပူ ကင်းလွတ်တဲ့၊ ကိလေသာနဲ့ မယှဉ်တွဲတဲ့ အဲဒီပုဂ္ဂိုလ်ကို
သူတော်စင် သူတော်ကောင်းလို့ ငါဘုရားရှင် ဟောတော်မူပါတယ်။

၃၈၅. မာရဝတ္ထု (၃၈၅)
ယဿ ပါရံ အပါရံ ဝါ၊ ပါရာပါရံ န ဝိဇ္ဇတိ။
ဝီတဒ္ဒရံ ဝိသံယုတ္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

385. He for whom there is neither this shore nor the other shore, nor yet both,
he who is free of cares and is unfettered—him do I call a holy man.

ကိလေသာစင်မှ ဗြာဟ္မဏ ( ဓ - ၃၈၆ )
သမထဝိပဿနာ လေ့လာပွားများသူ၊
ကိလေသာမြူ အညစ်အကြေးကင်းစင်ပြီး
(တစ်ကိုယ်တည်း တရားနှင့်) နေတတ်တဲ့၊
ရဟန်းကိစ္စပြီးမြောက်သူ၊
အာသဝေါကုန်ခမ်း ရဟန္တာအရှင်မြတ်အဖြစ်ကို ရောက်တဲ့ အဲဒီပုဂ္ဂိုလ်ကို
သူတော်စင် သူတော်ကောင်းလို့ ငါဘုရား ဟောတော်မူပါတယ်။

၃၈၆. အညတရဗြာဟ္မဏဝတ္ထု (၃၈၆)
ဈာယိံ ဝိရဇမာသီနံ၊ ကတကိစ္စမနာသဝံ။
ဥတ္တမတ္ထမနုပ္ပတ္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

386. He who is meditative, stainless and settled,
whose work is done and who is free from cankers, having reached the highest goal—
him do I call a holy man.

ကိုယ်ရောင်ကိုယ်ဝါ တောက်ပစွာ၊ ကျက်သရေမင်္ဂလာ အဖြာဖြာ ( ဓ - ၃၈၇ )
နေမင်းဟာ နေ့အခါ တောက်ပတင့်တယ်ပါတယ်။
လမင်းဟာ ညခင်းမှာ တောက်ပတင့်တယ်ပါတယ်။
ရှင်ဘုရင်ဟာ မင်းဝတ်တန်ဆာ ဆင်ထားတဲ့အခါ တောက်ပတင့်တယ်ပါတယ်။
(ရဟန်းတော်ဟာ သမာဓိတည်ကြည်တဲ့အခါ တောက်ပတင့်တယ်ပါတယ်။)
ရဟန္တာအရှင်မြတ်ဟာ ဈာန်ဝင်စားတဲ့အခါ တောက်ပတင့်တယ်ပါတယ်။
တကယ်တော့ - မြတ်စွာဘုရားရှင်သာလျှင် နေ့ရောညပါ အခါမလပ်
ပါရမီတော်စွမ်အင် တန်ခိုးအာနုဘော်နှင့်
ထွန်းလင်းတောက်ပ တင့်တယ်လှပါတယ်။

၃၈၇. အာနန္ဒတ္ထေရဝတ္ထု (၃၈၇)
ဒိဝါ တပတိ အာဒိစ္စော၊ ရတ္တိမာဘာတိ စန္ဒိမာ။
သန္နဒ္ဓေါ ခတ္တိယော တပတိ၊ ဈာယီ တပတိ ဗြာဟ္မဏော။
အထ သဗ္ဗမဟောရတ္တိံ ၊ ဗုဒ္ဓေါ တပတိ တေဇသာ။

387. The sun shines by day, the moon shines by night.
The warrior shines in armor, the holy man shines in meditation.
But the Buddha shines resplendent all day and all night.

ကျင့်သုံးရန် အဓိပ္ပါယ်မှန် ( ဓ - ၃၈၈ )
မကောင်းမှုတွေကို ပထုတ်ပစ်တာကြောင့် ဗြာဟ္မဏ လို့ ခေါ်ဆိုသင့်ပါတယ်။
မကောင်းမှုတွေကို ငြိမ်းအေးစေတတ်တဲ့အကျင့်ရှိတာကြောင့်
သမဏ လို့ ခေါ်ဆိုသင့်ပါတယ်။
ကိုယ့်ရဲ့ တဏှာရာဂ စတဲ့ ကိလေသာအညစ်အကြေးတွေကို
နှင်ထုတ်ပယ်တာကြောင့်
ပဗ္ဗဇိတ လို့ ခေါ်လိုသင့်ပါတယ်။

၃၈၈. အညတရဗြာဟ္မဏပဗ္ဗဇိတ (၃၈၈)
ဗာဟိတပါပေါတိ ဗြာဟ္မဏော၊ သမစရိယာ သမဏောတိ ဝုစ္စတိ။
ပဗ္ဗာဇယမတ္တနော မလံ၊ တသ္မာ ‘‘ပဗ္ဗဇိတော’’တိ ဝုစ္စတိ။

388. Because he has discarded evil, he is called a holy man.
Because he is serene in conduct, he is called a recluse.
And because he has renounced his impurities, he is called a renunciate.

ဒေါသနည်းလေ ဆင်းရဲငြိမ်းလေ၊ အချစ်အမုန်းကင်းလေ မြင့်မြတ်လေ၊
( ဓ - ၃၈၉၊ ၃၉၀ )
သူတော်စင် သူတော်ကောင်းကို မပုတ်ခတ် မရိုက်နှက်သင့်ပါဘူး။
သူတော်ကောင်းဟာ ကိုယ့်ကို ပုတ်ခတ်ရိုက်နှက်သူကို
အမျက်ဒေါသ မထွက်သင့်ပါဘူး။
သူတော်ကောင်းကို ပုတ်ခတ်တာ ရွံစရာပါ။(ရှက်စရာပါ)
ပုတ်ခတ်သူကို အမျက်ပြန်ထွက်တာလည်း ရွံစရာ(ရှက်စရာ)ပါပဲ။

((ချစ်ခင်စွဲလမ်းစိတ်တွေကို တားမြစ်ရပ်တန့်နိုင်တာဟာ
သူတော်ကောင်းအတွက်
နည်းနည်း ထူးမြတ်တာမဟုတ်ပါဘူး။ (သိပ်ထူးမြတ်တာပါ))
အချစ်ကြောင့်ဖြစ်ပေါ်လာတဲ့ ဒေါသစိတ်ကို တားမြစ်ရပ်တန့်နိုင်တာဟာ
သူတော်ကောင်းအတွက်
နည်းနည်း ထူးမြတ်တာမဟုတ်ပါဘူး။ (သိပ်ထူးမြတ်တာပါ)
ညှဉ်းဆဲလိုစိတ်(ဒေါသ)တွေ ဆုတ်နစ်(လျော့ပါး)လေလေ
ဆင်းရဲဒုက္ခတွေ ငြိမ်းအေးလေလေပါပဲ။

၃၈၉. သာရိပုတ္တတ္ထေရဝတ္ထု (၃၈၉၊ ၃၉၀)
န ျဗာဟၼဏႆ ပဟေရယ်၊ နာႆ မုေၪၥထ ျဗာဟၼေဏာ။
ဓီ  ဗြာဟ္မဏဿ ဟန္တာရံ၊ တတော ဓီ ယဿ မုဉ္စတိ။
၃၉၀. န ဗြာဟ္မဏေဿတဒကိဉ္စိ သေယျော၊ ယဒါ နိသေဓော မနသော ပိယေဟိ။
ယတော ယတော ဟိံသမနော နိဝတ္တတိ၊ တတော တတော သမ္မတိမေဝ ဒုက္ခံ။

389. One should not strike a holy man, nor should a holy man, when struck, give way to anger.
Shame on him who strikes a holy man,  and more shame on him who gives way to anger.
390. Nothing is better for a holy man
than when he holds his mind back from what is endearing.
To the extent the intent to harm wears away, to that extent does suffering subside.

ကောင်းတာ ကြံ၊ မှန်တာ လုပ်၊ ဟုတ်တာ ပြော၊ သူတော်ကောင်းသဘော။
( ဓ - ၃၉၁ )
ကိုယ်နှင့်ပဲဖြစ်ဖြစ်၊ နှုတ်နှင့်ပဲဖြစ်ဖြစ်၊ စိတ်နှင့်ပဲဖြစ်ဖြစ်၊ မကောင်းမှုပြုတာ မရှိသူ၊
ကိုယ် နှုတ် စိတ် သုံးပါးနှင့်(အကုသိုလ်မဖြစ်အောင်)စောင့်ရှောက်စောင့်စည်းသူကို
သူတော်စင် သူတော်ကောင်းလို့ ငါဘုရားရှင် ဟောတော်မူပါတယ်။

၃၉၁. မဟာပဇာပတိဂေါတမီဝတ္ထု (၃၉၁)
ယဿ ကာယေန ဝါစာယ၊ မနသာ နတ္ထိ ဒုက္ကဋံ။
သံဝုတံ တီဟိ ဌာနေဟိ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

391. He who does no evil in deed, word and thought,
who is restrained in these three ways—
him do I call a holy man.

လေးစားမြတ်နိုးထိုက်တဲ့ဆရာ ( ဓ - ၃၉၂ )
ဆရာတစ်ဦးဦးဆီက
မြတ်ဗုဒ္ဓဟောကြားညွှန်ပြတော်မူတဲ့ တရားဓမ္မကို သိနားလည်ခဲ့မယ်ဆိုရင်-
ပုဏ္ဏားဟာ မီး(မီးနတ်)ကို လုပ်ကျွေးပူဇော်သလို
အဲဒီဆရာကို ရိုရိုသေသေ ရှိခိုးသင့်ပါတယ်။

၃၉၂. သာရိပုတ္တတ္ထေရဝတ္ထု (၃၉၂)
ယမှာ ဓမ္မံ ဝိဇာနေယျ၊ သမ္မာသမ္ဗုဒ္ဓဒေသိတံ။
သကၠစၥံ တံ နမေႆယ်၊ အဂၢိဟုတၱံဝ ျဗာဟၼေဏာ။

392. Just as a brāhmaṇ priest reveres his sacrificial fire,
even so should one devoutly revere the person from whom one has learned
the Dhamma taught by the Buddha.

သစ္စာသိ တရားရှိ၊ ထိုသူ စင်ကြယ်၏။ ( ဓ - ၃၉၃ )
ဆံကျစ်ထုံးဖွဲ့တာကြောင့်၊ မျိုးနွယ်ကြောင့်၊ ဇာတိကြောင့်
ဗြာဟ္မဏသူတော်စင် မဖြစ်နိုင်ပါဘူး။
သစ္စဉာဏ်ရှိသူ၊ (သူတော်ကောင်းတရား) လောကုတ္တရာတရားရှိသူပဲ
စင်ကြယ်သူလည်း ဖြစ်ပါတယ်။ ဗြာဟ္မဏလည်း ဖြစ်ပါတယ်။

၃၉၃. ဇဋိလဗြာဟ္မဏဝတ္ထု (၃၉၃)
န ဇဋာဟိ န ဂေါတ္တေန၊ န ဇစ္စာ ဟောတိ ဗြာဟ္မဏော။
ယမှိ သစ္စဉ္စ ဓမ္မော စ၊ သော သုစီ သော စ ဗြာဟ္မဏော။

393. Not by matted hair, nor by lineage, nor by birth does one become a holy man.
But he in whom truth and righteousness exist—he is pure, he is a holy man.

ပုံပြောင်းရုံနဲ့ သူတော်ကောင်းမဖြစ်နိုင်။ ( ဓ - ၃၉၄ )
ပညာမဲ့ရသေ့ ! သင့်မှာ ဆံကျစ်ထုံးတာကြောင့် ဘာအကျိုးရှိမှာလဲ။
သစ်နက်ရေဝတ်တာကြောင့် ဘာအကျိုးရှိမှာလဲ။
သင့်ကိုယ်တွင်းမှာ ကိလေသာတောအုပ်ကြီး ရှုပ်ထွေးထူထပ်နေပေမယ့်
ပြင်ပကိုပဲ သုတ်သင်(ပြင်ဆင်)နေတယ်လေ။

၃၉၄. ကုဟကဗြာဟ္မဏဝတ္ထု (၃၉၄)
ကိံ  တေ ဇဋာဟိ ဒုမ္မေဓ၊ ကိံ တေ အဇိနသာဋိယာ။
အဗ္ဘန္တရံ တေ ဂဟနံ၊ ဗာဟိရံ ပရိမဇ္ဇသိ။

394. What is the use of your matted hair, O witless man?
What of your garment of antelope’s hide? Within you is the tangle (of passion);
only outwardly do you cleanse yourself.

ဘာဝနာပွားရင် သူတော်စင် ( ဓ - ၃၉၅ )
ပံ့သကူသင်္ကန်းကိုဆောင်တဲ့၊
ပိန်လှီပြီး အကြောပြိုင်းပြိုင်းထတဲ့၊
တစ်ယောက်တည်း တောမှာ ကမ္မဋ္ဌာန်းဘာဝနာ ရှုမှတ်ပွားများနေတတ်သူကို
သူတော်စင် သူတော်ကောင်းလို့ ငါဘုရားရှင် ဟောတော်မူပါတယ်။

၃၉၅. ကိသာဂေါတမီဝတ္ထု (၃၉၅)
ပံသုကူလဓရံ ဇန္တုံ၊ ကိသံ ဓမနိသန္ထတံ။
ဧကံ ဝနသ္မိံ ဈာယန္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

395. The person who wears a robe made of rags,
who is lean, with veins showing all over the body, and who meditates alone in the forest—
him do I call a holy man.

မစွဲလမ်း မစိုးရိမ်မှ ဗြာဟ္မဏ ( ဓ - ၃၉၆ )
ပုဏ္ဏားမရဲ့ ဝမ်းဗိုက်မှာဖြစ်ပြီး
ပုဏ္ဏားမရဲ့ သားမွေးလမ်းက မွေးဖွားလာတဲ့ ပုဏ္ဏားကို ဗြာဟ္မဏလို့
ငါဘုရားရှင် ဟောတော်မမူပါဘူး။
ဖိစီးနှိပ်စက်တတ်တဲ့ ကိလေသာရှိရင်
(စိုးရိမ်ကြောင့်ကြစေတဲ့ တဏှာရာဂ ရှိရင်) ဘောဝါဒီအမည်ရှိသူပဲ ဖြစ်ပါတယ်။
ဖိစီးနှိပ်စက်တတ်တဲ့ ကိလေသာမရှိသူ
(စိုးရိမ်ကြောင့်ကြစေတဲ့ တဏှာရာဂ မရှိသူ)
ဥပါဒါန်ကင်းရှင်း စွဲလမ်းခြင်းမရှိသူကိုပဲ သူတော်စင်သူတော်ကောင်း ဗြာဟ္မဏလို့
ငါဘုရားရှင် ဟောတော်မူပါတယ်။

၃၉၆. ဧကဗြာဟ္မဏဝတ္ထု (၃၉၆)
န စာဟံ ဗြာဟ္မဏံ ဗြူမိ၊ ယောနိဇံ မတ္တိသမ္ဘဝံ။
ဘောဝါဒိ နာမ သော ဟောတိ၊ သစေ ဟောတိ သကိဉ္စနော။
အကိဉ္စနံ အနာဒါနံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

396. I do not call him a holy man because of his lineage or high-born mother.
If he is full of impeding attachments, he is just a supercilious man.
But who is free from impediments and clinging—him do I call a holy man.

ပြတ်သားမှ အမြတ်တရားရ ( ဓ - ၃၉၇ )
သံယောဇဉ်အားလုံးကို ဖြတ်တောက်ပြီးလို့
မပူပန် မတောင့်တ မကြောက်လန့်ပါဘူး။
တွယ်တာကပ်ငြိတဲ့ ကိလေသာကို ကျော်လွန်ပြီး
ကိလေသာနှင့် မယှဉ်တွဲတဲ့ပုဂ္ဂိုလ်ကို
သူတော်စင် သူတော်ကောင်းလို့ ငါဘုရားရှင် ဟောတော်မူပါတယ်။

၃၉၇. ဥဂ္ဂသေနသေဋ္ဌိပုတ္တဝတ္ထု (၃၉၇)
သဗ္ဗသံယောဇနံ ဆေတွာ၊ ယော ဝေ န ပရိတဿတိ။
သင်္ဂါတိဂံ ဝိသံယုတ္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

397. He who, having cut off all fetters, trembles no more, who has overcome all attachments and
is emancipated—him do I call a holy man.

နှောင်ကြိုးဖြတ်ကာ အလင်းတံခါးဖွင့်ပါ။ ( ဓ - ၃၉၈ )
ဒေါသ နှောင်ဖွဲ့ကြိုး၊ တဏှာ ချည်တုပ်ကြိုး၊
အနုသယကိလေသာနှင့်တကွ မိစ္ဆာဒိဋ္ဌိ(၆၂)ပါးဆိုတဲ့
ကျော့ကွင်းကြိုးတွေကို ဖြတ်တောက်ပြီး၊
တံခါးပိတ်မင်းတုပ် အဝိဇ္ဇာကို နှုတ်ပယ်ပြီး (ဉာဏ်အလင်းပွင့်သူ)
သစ္စာလေးပါးကိုသိသူကို
သူတော်စင် သူတော်ကောင်းလို့ ငါဘုရားရှင် ဟောတော်မူပါတယ်။

၃၉၈. ဒွေဗြာဟ္မဏဝတ္ထု (၃၉၈)
ဆေတွာ နဒ္ဓိံ  ဝရတ္တဉ္စ၊ သန္ဒာနံ သဟနုက္ကမံ။
ဥက္ခိတ္တပလိဃံ ဗုဒ္ဓံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

398. He who has cut off the thong (of hatred), the band (of craving), and the rope (of false views),
together with the appurtenances (latent evil tendencies), he who has removed the crossbar
(of ignorance) and is enlightened—him do I call a holy man.

သည်းခံတတ်မှ သူတော်မြတ် ( ဓ - ၃၉၉ )
ဆဲဆိုတာ၊ ညှဉ်းဆဲတာ၊ နှောင်ဖွဲ့တာတွေကို
အမျက်မထွက် သည်းခံပါတယ်။
ခန္တီတရား သည်းခံစွမ်းအားဆိုတဲ့ စစ်တပ်ကြီးရှိတဲ့ အဲဒီပုဂ္ဂိုလ်ကို
သူတော်စင် သူတော်ကောင်းလို့ ငါဘုရားရှင် ဟောတော်မူပါတယ်။

၃၉၉. အက္ကောသကဘာရဒွါဇဝတ္ထု (၃၉၉)
အက္ကောသံ ဝဓဗန္ဓဉ္စ၊ အဒုဋ္ဌော ယော တိတိက္ခတိ။
ခန္တီဗလံ ဗလာနီကံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

399. He who without resentment endures abuse, beating and punishment;
whose power, real might, is patience—him do I call a holy man.

ဒေါသမထွက်မှ သူတော်မြတ်၊ တဏှာကင်းမှ သူတော်စင်။ ( ဓ - ၄၀၀ )
အမျက်ဒေါသ မထွက်သူ၊ (ကိလေသာကို ခါထုတ်တဲ့)အကျင့်ရှိသူ၊
သီလပြည့်စုံသူ၊ တဏှာကင်းကွာသူ၊
ယဉ်ကျေးအောင် ဆုံးမထားပြီးသူ၊ အဆုံးဘဝဖြစ်တဲ့ ခန္ဓာကိုယ်ရှိသူ၊
အဲဒီပုဂ္ဂိုလ်ကို သူတော်စင် သူတော်ကောင်းလို့
ငါဘုရားရှင် ဟောတော်မူပါတယ်။

၄၀၀. သာရိပုတ္တတ္ထေရဝတ္ထု (၄၀၀)
အက္ကောဓနံ ဝတဝန္တံ၊ သီလဝန္တံ အနုဿဒံ။
ဒန္တံ အန္တိမသာရီရံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

400. He who is free from anger, is devout, virtuous, without craving,
self-subdued and bears his final body—him do I call a holy man.

ပိန်းကြာရွက်တွင် ရေမတင်၊ သူတော်စင်တွင် တဏှာမတင် ။ ( ဓ - ၄၀၁ )
ကြာရွက်တွင် ရေမတင်သလို၊
အပ်ဖျားတွင် မုန်ညင်းစေ့မတင်သလို၊
ဝတ္ထုကာမ ကိလေသာကာမ တို့နဲ့ မလိမ်းကျံ၊ မကပ်ငြိတဲ့ပုဂ္ဂိုလ်ကို
သူတော်စင် သူတော်ကောင်းလို့ ငါဘုရားရှင် ဟောတော်မူပါတယ်။

၄၀၁. ဥပ္ပလဝဏ္ဏာတ္ထေရီဝတ္ထု (၄၀၁)
ဝါရိ  ပေါက္ခရပတ္တေဝ၊ အာရဂ္ဂေရိဝ သာသပေါ။
ယော န လိမ္ပတိ  ကာမေသု၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

401. Like water on a lotus leaf, or a mustard seed on the point of a needle,
he who does not cling to sensual pleasures—him do I call a holy man.

ကိလေသာလျော့လေလေ ဝန်ပေါ့လေလေ ( ဓ - ၄၀၂ )
ဒီဘဝမှာပဲ ကိုယ့်ဒုက္ခကုန်ရာ (နိဗ္ဗာန်)ကိုသိသူ၊
ကိလေသာကင်းကွာပြီး (ခန္ဓာ)ဝန်ချသူကို
သူတော်စင် သူတော်ကောင်းလို့ ငါဘုရားရှင် ဟောတော်မူပါတယ်။

၄၀၂. အညတရဗြာဟ္မဏဝတ္ထု (၄၀၂)
ယော ဒုက္ခဿ ပဇာနာတိ၊ ဣဓေဝ ခယမတ္တနော။
ပန္နဘာရံ ဝိသံယုတ္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

402. He who in this very life realizes for himself the end of suffering,
who has laid aside the burden and become emancipated—
him do I call a holy man.

လမ်းမှန်သိမှ ရောက်နိုင်၏ ( ဓ - ၄၀၃ )
နက်နဲတဲ့ပညာရှိသူ၊ ထက်မြက်တဲ့ပညာရှိသူ၊
လမ်းမှန် ဟုတ်/မဟုတ်ကို ကျွမ်းကျွမ်းကျင်ကျင် သိမြင်သူ၊
မြင့်မြတ်တဲ့အဖြစ်ကိုရောက်ပြီးသူ (ရဟန္တာအဖြစ်ကိုရောက်သူ)ကို
သူတော်စင် သူတော်ကောင်းလို့ ငါဘုရားရှင် ဟောတော်မူပါတယ်။

၄၀၃. ခေမာဘိက္ခုနီဝတ္ထု (၄၀၃)
ဂမ္ဘီရပညံ မေဓာဝိံ၊ မဂ္ဂါမဂ္ဂဿ ကောဝိဒံ။
ဥတ္တမတ္ထမနုပ္ပတ္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

403. He who has profound knowledge, who is wise,
skilled in discerning the right or wrong path, and has reached the highest goal—
him do I call a holy man.

မရောမထွေး ငြိမ်းအေးသူ ( ဓ - ၄၀၄ )
လူတွေ၊ ရဟန်းတွေ နှစ်မျိုးလုံးနှင့် ရောထွေးရှုပ်တာ မရှိသူ၊
တဏှာကင်းကြောင်း အကျင့်ရှိသူ၊
အလိုအာသာ တဏှာကင်းကွာသူကို
သူတော်စင် သူတော်ကောင်းလို့ ငါဘုရားရှင် ဟောတော်မူပါတယ်။

၄၀၄. ပဗ္ဘာရဝါသီတိဿတ္ထေရ (၄၀၄)
အသံသဋ္ဌံ ဂဟဋ္ဌေဟိ၊ အနာဂါရေဟိ စူဘယံ။
အနောကသာရိမပ္ပိစ္ဆံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

404. He who holds aloof from householders and ascetics alike,
and wanders about with no fixed abode and but few wants—
him do I call a holy man.

ကရုဏာထား၊ မေတ္တာပွား သူတော်ကောင်းတရား ( ဓ - ၄၀၅ )
ကြောက်တတ်၊ မကြောက်တတ် (နှစ်ရပ်များစွာ) သတ္တဝါတို့အပေါ်မှာ
လက်နက်ကို ပယ်ချထားပြီး၊
ကိုယ်တိုင်လည်း မနှိပ်စက် မဖျက်ဆီး၊
သူတစ်ပါးကိုလည်း မနှိပ်စက် မဖျက်ဆီးစေသူကို
သူတော်စင် သူတော်ကောင်းလို့ ငါဘုရားရှင် ဟောတော်မူပါတယ်။

၄၀၅. အညတရဘိက္ခုဝတ္ထု (၄၀၅)
နိဓာယ ဒဏ္ဍံ ဘူတေသု၊ တသေသု ထာဝရေသု စ။
ယော န ဟန္တိ န ဃာတေတိ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

405. He who has renounced violence towards all living beings, weak or strong,
who neither kills nor causes others to kill—
him do I call a holy man.

ရန်ငြိုးမရှိ ငြိမ်ချမ်း၏၊ မစွဲလမ်းသူ အပူမရှိ ။ ( ဓ - ၄၀၆ )
ဆန့်ကျင်ဘက်ရန်ငြိုးရှိသူတွေကြားမှာ ရန်ငြိုးမရှိသူ၊
လက်နက်စွဲကိုင်သူတွေကြားမှာ ငြိမ်းချမ်းသူ၊
စွဲလမ်းတွယ်တာသူတွေကြားမှာ မစွဲလမ်းမတွယ်တာသူကို
သူတော်စင် သူတော်ကောင်းလို့ ငါဘုရားရှင် ဟောတော်မူပါတယ်။

၄၀၆. သာမဏေရာနံဝတ္ထု (၄၀၆)
အဝိရုဒ္ဓံ ဝိရုဒ္ဓေသု၊ အတ္တဒဏ္ဍေသု နိဗ္ဗုတံ။
သာဒါနေသု အနာဒါနံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

406. He who is friendly amidst the hostile,
peaceful amidst the violent, and unattached amidst the attached—
him do I call a holy man.

မကောင်း မရှိ၊ ကောင်း အတိ ( ဓ - ၄၀၇ )
မုန်ညင်းစေ့ဟာ အပ်ဖျားမှာ (မတည်နိုင်ဘဲ) လျောကျသလို -
စွဲမက်မှု ရာဂ၊ အမျက်ထွက်မှု ဒေါသ၊ ထောင်လွှားမှု မာန နဲ့
သူ့ဂုဏ်ကျေးဇူးကိုဖျက်ဆီးမှု မက္ခ တို့ (ကင်းပ) လျောကျပြီးသူကို
သူတော်စင် သူတော်ကောင်းလို့ ငါဘုရားရှင် ဟောတော်မူပါတယ်။

၄၀၇. မဟာပန္တကတ္ထေဝတ္ထု (၄၀၇)
ယဿ ရာဂေါ စ ဒေါသော စ၊ မာနော မက္ခော စ ပါတိတော။
သာသပေါရိဝ အာရဂ္ဂါ ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

407. He whose lust and hatred, pride and hypocrisy have fallen off
like a mustard seed from the point of a needle—him do I call a holy man.

သူတော်ကောင်းသဘော အကောင်းပြော ( ဓ - ၄၀၈ )
နူးညံ့ပြေပြစ်တဲ့၊ အဓိပ္ပါယ်ပေါ်လွင်(အကျိုးရှိ)တဲ့
မှန်ကန်တဲ့စကားကို ပြောဆိုပါတယ်။
ဘယ်သူ့ကိုမှ ဒေါသနှင့် ထိခိုက်စကား မပြောဆိုတဲ့ အဲဒီပုဂ္ဂိုလ်ကို
သူတော်စင် သူတော်ကောင်းလို့ ငါဘုရား ဟောတော်မူပါတယ်။

၄၀၈. ပိလိန္ဒဝစ္ဆတ္ထေရဝတ္ထု (၄၀၈)
အကက္ကသံ  ဝိညာပနိံ၊ ဂိရံ သစ္စမုဒီရယေ။
ယာယ နာဘိသဇေ ကဉ္စိ ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

408. He who utters gentle, instructive and truthful words,
who imprecates none—him do I call a holy man.

သူတော်ကောင်းဟာ မခိုးပါ။ ( ဓ - ၄၀၉ )
လောကမှာ ပိုင်ရှင်မပေးတဲ့ ပစ္စည်းဥစ္စာကို -
ရှည်ရှည်တိုတို၊ ကြီးကြီးငယ်ငယ်၊ ကောင်းကောင်းဆိုးဆိုး မခိုးယူသူကို
သူတော်စင် သူတော်ကောင်းလို့ ငါဘုရားရှင် ဟောတော်မူပါတယ်။

၄၀၉. အညတရတ္ထေရဝတ္ထု (၄၀၉)
ယောဓ ဒီဃံ ဝ ရဿံ ဝါ၊ အဏုံ ထူလံ သုဘာသုဘံ။
လောကေ အဒိန္နံ နာဒိယတိ ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

409. He who in this world takes nothing that is not given to him, be it long or short, small or big,
good or bad—him do I call a holy man.

သူတော်စင်ဟာ မတွယ်တာ ( ဓ - ၄၁၀ )
ဒီလောကမှာပဲဖြစ်ဖြစ်၊ တမလွန်လောကမှာပဲဖြစ်ဖြစ်၊
တွယ်တာမက်မောခြင်း မရှိ၊ တောင့်တအာသာ တဏှာမရှိ၊
ကိလေသာကင်းကွာသူကို
သူတော်စင် သူတော်ကောင်းလို့ ငါဘုရားရှင် ဟောတော်မူပါတယ်။

၄၁၀. သာရိပုတ္တတ္ထေရဝတ္ထု (၄၁၀)
အာသာ ယဿ န ဝိဇ္ဇန္တိ၊ အသ္မိံ လောကေ ပရမှိ စ။
နိရာသာသံ ဝိသံယုတ္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

410. He who wants nothing of either this world or the next, who is desire-free and emancipated
—him do I call a holy man.

သူတော်ကောင်းဟာ မငြိတွယ်ပါ ( ဓ - ၄၁၁ )
ကပ်ငြိတွယ်တာခြင်းမရှိ၊
တရားမှန်သိပြီး သို့လော သို့လော တွေတောယုံမှားခြင်းမရှိ၊
မသေရာ(နိဗ္ဗာန်) ရောက်သူကို
သူတော်စင် သူတော်ကောင်းလို့ ငါဘုရားရှင် ဟောတော်မူပါတယ်။

၄၁၁. မဟာမောဂ္ဂလ္လာနတ္ထေရဝတ္ထု (၄၁၁)
ယဿာလယာ န ဝိဇ္ဇန္တိ၊ အညာယ အကထံကထီ။
အမတောဂဓမနုပ္ပတ္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

411. He who has no attachment, who through perfect knowledge is free from doubts and has
plunged into the Deathless—him do I call a holy man.

သူတော်မြတ်ဟာ မစွဲလမ်းပါ ( ဓ - ၄၁၂ )
ဒီလောကမှာ
ကုသိုလ် အကုသိုလ် ကံနှစ်ပါးအပေါ်
စွဲလမ်းငြိတွယ်ခြင်းသဘောကို ကျော်လွန်မြောက်ပြီး၊
စိုးရိမ်သောက ကြောင့်ကြမရှိ၊
တဏှာရာဂမြူ အညစ်အကြေးမရှိ၊
ကိလေသာ ကင်းပစင်ကြယ်ပြီးသူကို
သူတော်စင် သူတော်ကောင်းလို့ ငါဘုရားရှင် ဟောတော်မူပါတယ်။

၄၁၂. ရေဝတတ္ထေရဝတ္ထု (၄၁၂)
ယောဓ ပုညဉ္စ ပါပဉ္စ၊ ဥဘော သင်္ဂမုပစ္စဂါ။
အသောကံ ဝိရဇံ သုဒ္ဓံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

412. He who in this world has transcended the ties of both merit and demerit,
who is sorrowless, stainless and pure—him do I call a holy man.

သူတော်စင်ဟာ လမင်းပမာ ( ဓ - ၄၁၃ )
အညစ်အကြေးကင်းစင်တဲ့ လဝန်းကြီးလို -
ကိလေသာကင်းစင်သူ၊
စိတ်အနောက်ကျူ ကင်းစင်၊ အထူးကြည်လင်ပြီး
ဘဝတွေမှာ တပ်မက်တွယ်တာတဲ့တဏှာ ကုန်ခမ်းသူကို
သူတော်စင် သူတော်ကောင်းလို့ ငါဘုရားရှင် ဟောတော်မူပါတယ်။

၄၁၃. စန္ဒာဘတ္ထေရဝတ္ထု (၄၁၃)
စန္ဒံဝ ဝိမလံ သုဒ္ဓံ၊ ဝိပ္ပသန္နမနာဝိလံ။
နန္ဒီဘဝပရိက္ခီဏံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

413. He, who, like the moon, is spotless and pure,
serene and clear, who has destroyed the delight in existence—him do I call a holy man.

မြင့်မြတ်သူ ( ဓ - ၄၁၄ )
(ရဟန္တာအရှင်မြတ်ဟာ)
ရာဂ ဘေးရန်၊
ကိလေသာ ကန္တာရခရီးခဲ၊
သံသရာဝဋ်ဆင်းရဲ သမုဒ္ဒရာ၊
မောဟ အမိုက်အမှောင် တို့ကို
လွန်မြောက်ပါတယ်။
သြဃလေးပါးကို ကူးမြောက်လို့
နိဗ္ဗာန် တစ်ဖက်ကမ်းကို ရောက်ပါတယ်။
သမထဝိပဿနာ ဘာဝနာကို စူးစိုက်ရှုတတ်ပြီး
တဏှာကင်းလို့ တုန်လှုပ်တဲ့သဘောမရှိ၊
သို့လောသို့လော တွေးတောယုံမှားမှုမရှိ၊
အစွဲအလမ်းကင်းကွာ ငြိမ်းအေးပါတယ်။
အဲဒီပုဂ္ဂိုလ်ကို သူတော်စင် သူတော်ကောင်းလို့
ငါဘုရားရှင် ဟောတော်မူပါတယ်။

၄၁၄. သီဝလိတ္ထေရဝတ္ထု (၄၁၄)
ယောမံ  ပလိပထံ ဒုဂ္ဂံ၊ သံသာရံ မောဟမစ္စဂါ။
တိဏ္ဏော ပါရဂတော  ဈာယီ၊ အနေဇော အကထံကထီ။
အနုပါဒါယ နိဗ္ဗုတော၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

414. He who, having traversed this miry, perilous and delusive round of existence,
has crossed over and reached the other shore; who is meditative, calm, free from doubt, and,
clinging to nothing, has attained to Nibbāna—him do I call a holy man.

တဏှာမရှိ အပူပင်မရှိ၊ ဖြူစင်၏ ။ ( ဓ - ၄၁၅ )
ဒီလောကမှာ ကာမဂုဏ်တွေကို စွန့်ပယ်ပြီး
အိမ်ရာမတည်ထောင်ဘဲ ရဟန်းပြုသူ၊
ကာမရာဂကုန်လို့ ဘဝကုန်သူကို
သူတော်စင် သူတော်ကောင်းလို့ ငါဘုရားရှင် ဟောတော်မူပါတယ်။

၄၁၅. သုန္ဒရသမုဒ္ဒတ္ထေရဝတ္ထု (၄၁၅)
ယောဓ  ကာမေ ပဟန္တွာန ၊ အနာဂါရော ပရိဗ္ဗဇေ။
ကာမဘဝပရိက္ခီဏံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ ။

415. He who, having abandoned sensual pleasures, has renounced the household life and
become a homeless one; has destroyed both sensual desire and continued existence—
him do I call a holy man.

တဏှာမရှိ မြင့်မြတ်၏ ( ဓ - ၄၁၆ ) / ( ဓ - ၄၁၆ )
ဒီလောကမှာ တဏှာကို စွန့်ပယ်ပြီး
အိမ်ရာမတည်ထောင်ဘဲ ရဟန်းပြုသူ၊
တဏှာကုန်လို့ ဘဝကုန်သူကို
သူတော်စင် သူတော်ကောင်းလို့ ငါဘုရားရှင် ဟောတော်မူပါတယ်။

၄၁၆. ဇဋိလတ္ထေရဝတ္ထု၊ ဇောတိကတ္ထေရဝတ္ထု (၄၁၆)
ယောဓ တဏှံ ပဟန္တွာန၊ အနာဂါရော ပရိဗ္ဗဇေ။
တဏှာဘဝပရိက္ခီဏံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

416. He who, having abandoned craving, has renounced the household life and become a
homeless one, has destroyed both craving and continued existence—him do I call a holy man.

ကာမဂုဏ်မငြိ မြင့်မြတ်၏ ( ဓ - ၄၁၇ )
လူမှာဖြစ်တဲ့ ငြိတွယ်မှုကို စွန့်ပယ်၊
နတ်မှာဖြစ်တဲ့ ငြိတွယ်မှုကို လွန်မြောက်၊
ကာမဂုဏ်အာရုံအားလုံးနှင့် မယှဉ်တွဲ၊ မတုပ်နှောင်သူကို
သူတော်စင် သူတော်ကောင်းလို့ ငါဘုရားရှင် ဟောတော်မူပါတယ်။

၄၁၇. နဋပုတ္တကတ္ထေရဝတ္ထု (၄၁၇)
ဟိတွာ မာနုသကံ ယောဂံ၊ ဒိဗ္ဗံ ယောဂံ ဥပစ္စဂါ။
သဗ္ဗယောဂဝိသံယုတ္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

417. He who, casting off human bonds and transcending heavenly ties,
is wholly delivered of all bondages—him do I call a holy man.

အတွယ်တာကင်းပ ငြိမ်းအေးချမ်းမြသူ၊ ( ဓ - ၄၁၈ )
ပျော်မွေ့ခြင်း/ မပျော်မွေ့ခြင်းကို စွန့်ပယ်ပြီး၊
အတွယ်တာအညစ်ကြေးကင်းပ ငြိမ်းအေးချမ်းမြသူ၊
လောကအားလုံးကို လွှမ်းမိုးအောင်မြင်သူ၊
သတ္တိရဲရဲ ဇွဲအပြည့်ဝ ဝီရိယရှိသူကို
သူတော်စင် သူတော်ကောင်းလို့ ငါဘုရားရှင် ဟောတော်မူပါတယ်။

၄၁၈.  နဋပုတ္တကတ္ထေရဝတ္ထု (၄၁၈)
ဟိတွာ ရတိံ  စ အရတိံ စ၊ သီတိဘူတံ နရူပဓိံ။
သဗ္ဗလောကာဘိဘုံ ဝီရံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

418. He who, having cast off likes and dislikes,
has become tranquil, is rid of the substrata of existence and
like a hero has conquered all the worlds—him do I call a holy man.

ကပ်ငြိတွယ်တာ မရှိရာ ( ဓ - ၄၁၉၊ ၄၂၀ )
သတ္တဝါတွေရဲ့ သေခြင်း၊ ပဋိသန္ဓေနေခြင်း အားလုံးကို သိပြီး
ကပ်ငြိတွယ်တာ မရှိသူ၊
သူတော်ကောင်းအကျင့် ကောင်းကောင်းကျင့်ပြီး
သစ္စာလေးပါးသိသူကို
သူတော်စင် သူတော်ကောင်းလို့ ငါဘုရားရှင် ဟောတော်မူပါတယ်။

သူ့ရဲ့ လားရာဂတိကို
နတ်၊ ဂန္ဓဗ္ဗနတ်၊ လူ တို့ မသိပါဘူး။
ကိလေသာအာသဝေါကုန်ခမ်း (ဂတိငြိမ်းသူ) ရဟန္တာကို
သူတော်စင် သူတော်ကောင်းလို့ ငါဘုရားရှင် ဟောတော်မူပါတယ်။

၄၁၉. ဝင်္ဂီသတ္ထေရဝတ္ထု (၄၁၉၊ ၄၂၀)
စုတိံ ယော ဝေဒိ သတ္တာနံ၊ ဥပပတ္တိဉ္စ သဗ္ဗသော။
အသတ္တံ သုဂတံ ဗုဒ္ဓံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
၄၂၀. ယဿ ဂတိံ န ဇာနန္တိ၊ ဒေဝါ ဂန္ဓဗ္ဗမာနုသာ။
ခီဏာသဝံ အရဟန္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

419. He who in every way knows the death and rebirth of all beings, and is totally detached,
blessed and enlightened—him do I call a holy man.
420. He whose track no gods, no angels, no humans trace,
the arahant who has destroyed all cankers—him do I call a holy man.

မစွဲလမ်းရင် မစိုးရိမ်ပါ ( ဓ - ၄၂၁ )
အတိတ်ခန္ဓာ၊ အနာဂတ်ခန္ဓာ၊ ပစ္စုပ္ပန်ခန္ဓာတို့မှာ
(အတိတ် အနာဂတ် ပစ္စုပ္ပန် အားလုံးမှာ ဘာကိုမှ)
တဏှာနှင့် ကြောင့်ကြမှုမရှိ၊  စွဲယူ၊ စွဲလမ်းခြင်း မရှိသူကို
သူတော်စင် သူတော်ကောင်းလို့ ငါဘုရားရှင် ဟောတော်မူပါတယ်။

၄၂၁. ဓမ္မဒိန္နာတ္ထေရီဝတ္ထု (၄၂၁)
ယဿ  ပုရေ စ ပစ္ဆာ စ၊ မဇ္ဈေ စ နတ္ထိ ကိဉ္စနံ။
အကိဉ္စနံ အနာဒါနံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

421. He who clings to nothing of the past, present and future,
who has no attachment and holds on to nothing—him do I call a holy man.

တည်ကြည်ခံ့ညား စွမ်းအားရှိသူ ( ဓ - ၄၂၂ )
ရှေ့ဆောင် နွားလားဥဿဘနှင့်တူတဲ့၊
ထူးမြတ်ပြီး သတ္တိရဲရဲ ဇွဲအပြည့်ဝ ဝီရိယရှိတဲ့၊
မြင့်မြတ်တဲ့တရားကို ရှာမှီးတတ်တဲ့၊
မာရ်ကို အောင်မြင်တဲ့၊
တဏှာကင်းစင်လို့ မတုန်လှုပ်တဲ့၊
ကိလေသာအညစ်ကြေးကို ဆေးလျှော်ပြီးတဲ့၊ သစ္စာလေးပါးသိတဲ့ အဲဒီပုဂ္ဂိုလ်ကို
သူတော်စင် သူတော်ကောင်းလို့ ငါဘုရားရှင် ဟောတော်မူပါတယ်။

၄၂၂. အင်္ဂုလိမာလတ္ထေရဝတ္ထု (၄၂၂)
ဥသဘံ ပဝရံ ဝီရံ၊ မဟေသိံ ဝိဇိတာဝိနံ။
အနေဇံ နှာတကံ  ဗုဒ္ဓံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

422. He, the Noble, the Excellent, the Heroic, the Great Sage, the Conqueror,
the Passionless, the Pure, the Enlightened one—him do I call a holy man.

ပု ဒိ အာ နှင့် ပြည့်စုံပါစေ ။ ( ဓ - ၄၂၃ )
ရှေးမှာဖြစ်ဖူးတဲ့ ခန္ဓာအစဉ်ကို သိသူ (ပု)၊
နတ်ပြည် ငရဲပြည်ကိုလည်း မြင်သူ (ဒိ)၊
ဇာတိကုန်ရာ အရဟတ္တဖိုလ်ကို ရောက်သူ (အာ)၊
ထူးတဲ့ဉာဏ်နှင့် ပိုင်းခြားထင်ထင် သိမြင်လို့
နိဗ္ဗာန်ရောက်ပြီးတဲ့ ပညာရှိရဟန်းဖြစ်ပါတယ်။
ကိလေသာအားလုံး ကုန်ဆုံးကြောင်းအကျင့် ကျင့်သုံးပြီးတဲ့ အဲဒီပုဂ္ဂိုလ်ကို
သူတော်စင် သူတော်ကောင်းလို့
ငါဘုရားရှင် ဟောတော်မူပါတယ်။

၄၂၃. ဒေဝဟိတဗြာဟ္မဏဝတ္ထု (၄၂၃)
ပုဗ္ဗေနိဝါသံ ယော ဝေဒိ၊ သဂ္ဂါပါယဉ္စ ပဿတိ၊
အထော ဇာတိက္ခယံ ပတ္တော၊ အဘိညာဝေါသိတော မုနိ။
သဗ္ဗဝေါသိတဝေါသာနံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

423. He who knows his former births, who sees heaven and hell,
who has reached the end of births and attained to the perfection of insight,
the sage who has reached the summit of spiritual excellence—him do I call a holy man.

#Dhammapada Parli Myanmar English
#Teaching of BUDDHA #BUDDHA Vacana

#Dhammapada Translated By #Acharya Buddharakkhita
#မြတ်ဗုဒ္ဓ၏ဓမ္မပဒ #ဓမ္မပဒအဖော်မွန် #အရှင်ဉာဏဝရ(ပါရမီ) ပူဇော်ပါသည်။

The Dhammapada - The Buddha's Path of Wisdom.
translated from the Pali by Acharya Buddharakkhita.

The Dhammapada is the best known and most widely esteemed text in the Pali Tipitaka, the sacred scriptures of Theravada Buddhism. The work is included in the Khuddaka Nikaya ("Minor Collection") of the Sutta Pitaka, but its popularity has raised it far above the single niche it occupies in the scriptures to the ranks of a world religious classic. Composed in the ancient Pali language, this slim anthology of verses constitutes a perfect compendium of the Buddha's teaching, comprising between its covers all the essential principles elaborated at length in the forty-odd volumes of the Pali canon.