Tuesday, May 2, 2017

ဓမ္မပဒအဖော်မွန် ၁၄

ဓမ္မပဒအဖော်မွန် - ၁၄
မြတ်ဗုဒ္ဓ၏ ဓမ္မပဒ ၁၄။ ဗုဒ္ဓဝဂ္ဂ၊ မြတ်ဗုဒ္ဓ

တဏှာရာဂ မရှိ၊ မစွဲလမ်းမကပ်ငြိသူကို ဘယ်ကျော့ကွင်းနဲ့ ဖမ်းယူနိုင်မှာလဲ
( ဓ- ၁၇၉၊ ၁၈၀ )
(ကိလေသာ)အောင်တော်မူ မြတ်စွာဘုရားရှင်ကို
(ကိလေသာ)ရန်သူတွေက ပြန်လည် မအောင်နိုင်ကြတော့ပါဘူး။
လောကမှာ အောင်နိုင်ပြီးသား ကိသေလသာတွေဟာ
ကိလေသာတစ်ပါးတစ်လေကမှ
မြတ်ဗုဒ္ဓနောက်ကို မလိုက်ပါနိုင်တော့ပါဘူး။
အကုန်အစုံအနန္တသိတဲ့၊ တဏှာရာဂဖြစ်စရာအကြောင်းမရှိတဲ့၊
သစ္စာသိမြင်ဘုရားရှင်ကို
သင်တို့ဟာ ဘယ်လိုအကြောင်းနဲ့ ဆွဲဆောင်နိုင်မှာလဲ။

မြတ်စွာဘုရားကို ဘဝတစ်ခုခုရောက်အောင် ဆွဲဆောင်နိုင်ဖို့အတွက်
ပိုက်ကွန်နဲ့တူတဲ့၊ အဆိပ်နဲ့တူတဲ့ တဏှာလောဘ မရှိတော့ပါဘူး။
အကုန်အစုံအနန္တသိတဲ့၊ တဏှာရာဂဖြစ်စရာအကြောင်းမရှိတဲ့၊
သစ္စာသိမြင်ဘုရားရှင်ကို
သင်တို့ဟာ ဘယ်လိုအကြောင်းနဲ့ ဆွဲဆောင်နိုင်မှာလဲ။

၁၇၉.  မာရဓီတရဝတ္ထု (၁၇၉၊ ၁၈ဝ)
ယဿ ဇိတံ နာဝဇီယတိ၊ ဇိတံ ယဿ နော ယာတိ ကောစိ လောကေ။
တံ ဗုဒ္ဓမနန္တဂေါစရံ၊ အပဒံ ကေန ပဒေန နေဿထ။
၁၈၀. ယဿ ဇာလိနီ ဝိသတ္တိကာ၊ တဏှာ နတ္ထိ ကုဟိဉ္စိ နေတဝေ။
တံ ဗုဒ္ဓမနန္တဂေါစရံ၊ အပဒံ ကေန ပဒေန နေဿထ။

14. Buddhavagga: The Buddha
179. By what track can you trace that trackless Buddha of limitless range, whose victory nothing can undo, whom none of the vanquished
defilements can ever pursue?
180. By what track can you trace that trackless Buddha of limitless range, in whom exists no longer, the entangling and embroiling craving
that perpetuates becoming?

မြင့်မြတ်သူကို နတ်ချစ်ကြည်ညို ( ဓ- ၁၈၁ )
ပညာရှိသူတော်ကောင်းတွေဟာ
သမထဝိပဿနာဈာန်သမာဓိမှာ လေ့လာကျက်စားကြပါတယ်။
ကာမဂုဏ်အာရုံက ထွက်မြောက်ရာ
ကိလေသာငြိမ်းအေးခြင်းမှာ ပျော်မွေ့ကြပါတယ်။
သစ္စာလေးပါးမြတ်တရားကိုသိတဲ့၊ သတိရှိတဲ့
ဘုရားရှင်အစရှိတဲ့ အဲဒီသူတော်ကောင်းတွေကို
နတ်ဗြဟ္မာတွေလည်း ချစ်မြတ်နိုးကြပါတယ်။

၁၈၁. ဒေဝေါရောဟနဝတ္ထု (၁၈၁)
ယေ ဈာနပသုတာ ဓီရာ၊ နေက္ခမ္မူပသမေ ရတာ။
ဒေဝါပိ တေသံ ပိဟယန္တိ၊ သမ္ဗုဒ္ဓါနံ သတီမတံ။

181. Those wise ones who are devoted to meditation and who delight in the calm of renunciation—such mindful ones,
Supreme Buddhas, even the gods hold dear.

ကြုံကြိုက်ခဲစွာ သာသနာ၊ တို့မှာ ကြုံလာပြီ ( ဓ- ၁၈၂ )
လူအဖြစ်ကိုရဖို့ ခက်ခဲပါတယ်။
(သေမျိုးဖြစ်လို့)သတ္တဝါတွေရဲ့ အသက်ရှင်ဖို့ ခက်ခဲပါတယ်။
သူတော်ကောင်းတရား နာကြားရဖို့ ခက်ခဲပါတယ်။
မြတ်စွာဘုရားရှင်တို့ ပွင့်ထွန်းပေါ်ပေါက်တော်မူဖို့ ခက်ခဲပါတယ်။
( ဘုရားပွင့်ရာ ခေတ်အခါနှင့် ကြုံလာရခြင်း လွန်ခဲယဉ်း၏)

၁၈၂. ဧရကပတ္တနာဂရာဇဝတ္ထု (၁၈၂)
ကိစ္ဆော  မနုဿပဋိလာဘော၊ ကိစ္ဆံ မစ္စာန ဇီဝိတံ။
ကိစ္ဆံ သဒ္ဓမ္မဿဝနံ၊ ကိစ္ဆော ဗုဒ္ဓါနမုပ္ပါဒေါ။

182. Hard is it to be born a man; hard is the life of mortals. Hard is it to gain the opportunity of hearing the Sublime Truth,
and hard to encounter is the arising of the Buddhas.

မှာတမ်းတော် (၁)
မကောင်းမှု ရှောင်၊ ကောင်းမှု ဆောင်၊ ဖြူအောင်စိတ်ကိုထား ( ဓ- ၁၈၃ )
မကောင်းမှု အကုသိုလ်ဟူသမျှ မပြုပါနဲ့။
ကောင်းမှုကုသိုလ်တွေ ဖြစ်ပွားပြည့်စုံပါစေ။
ကိုယ့်စိတ်ကို ဖြူစင်သန့်ရှင်းပါစေ။
ဒါဟာ မြတ်စွာဘုရားရှင်အဆူဆူရဲ့ အဆုံးအမသြဝါဒတော် ပါပဲ။

၁၈၃. အာနန္ဒတ္ထေရပဥှာဝတ္ထု (၁၈၃၊ ၁၈၄၊ ၁၈၅)
သဗ္ဗပါပဿ အကရဏံ၊ ကုသလဿ ဥပသမ္ပဒါ ။
သစိတ္တပရိယောဒပနံ ၊ ဧတံ ဗုဒ္ဓါန သာသနံ။

183. To avoid all evil, to cultivate good,
and to cleanse one’s mind— this is the teaching of the Buddhas.

မှာတမ်းတော် (၂)
သည်းခံ ကျင့်သုံး - နိဗ္ဗာန်အမြတ်ဆုံး ( ဓ- ၁၈၄ )
သည်းခံခြင်း ခန္တီ ဟာ သာလွန်မြင့်မြတ်တဲ့အကျင့်ပါ။
နိဗ္ဗာန်ကို သာလွန်မြင့်မြတ်တယ်လို့
ဘုရားရှင်အဆူဆူ မိန့်တော်မူပါတယ်။
အမှန်စင်စစ် - စိတ်အညစ်အကြေးနှင်ထုတ်သူဟာ သူတစ်ပါးကို မနှိပ်စက်ပါဘူး။
မကောင်းမှုတွေငြိမ်းစေသူဟာ သူတစ်ပါးကို မညှဉ်းဆဲပါဘူး။

၁၈၄. ခန္တီ ပရမံ တပေါ တိတိက္ခာ၊  နိဗ္ဗာနံ  ပရမံ ဝဒန္တိ ဗုဒ္ဓါ။
န ဟိ ပဗ္ဗဇိတော ပရူပဃာတီ၊ န သမဏော ဟောတိ ပရံ ဝိဟေဌယန္တော။

184. Enduring patience is the highest austerity. “Nibbāna is supreme,” say the Buddhas. He is not a true monk who harms another,
nor a true renunciate who oppresses others.

မှာတမ်းတော် (၃)
သီလ သမာဓိ ပညာ သိက္ခာသုံးဖြာ သာသနာ ( ဓ- ၁၈၅ )
မစွပ်စွဲ မပြစ်မှားခြင်း၊ မညှဉ်းဆဲ မနှိပ်စက်ခြင်း၊
အလွန်မြင့်မြတ်တဲ့သီလမှာ စောင့်စည်းလုံခြုံခြင်း။
အစားအစာမှာ အတိုင်းအတာသိခြင်း၊
တိတ်ဆိတ်ငြိမ်သက်တဲ့နေရာမှာ နေခြင်း၊
မြင့်မြတ်တည်ကြည်တဲ့ သမထဝိပဿနာစိတ်မှာ ကြိုးစားအားထုတ်ခြင်း၊
ဒါတွေဟာ မြတ်စွာဘုရားရှင်အဆူဆူရဲ့ အဆုံးအမသြဝါဒတော်တွေပါ။

၁၈၅. အနူပဝါဒေါ အနူပဃာတော ၊ ပါတိမောက္ခေ စ သံဝရော။
မတ္တညုတာ စ ဘတ္တသ္မိံ၊ ပန္တဉ္စ သယနာသနံ။
အဓိစိတ္တေ စ အာယောဂေါ၊ ဧတံ ဗုဒ္ဓါန သာသနံ။

185. Not despising, not harming, restraint according to the code of monastic discipline, moderation in food, dwelling in solitude,
devotion to meditation—this is the teaching of the Buddhas.

တဏှာကုန်ရာ မြတ်ချမ်းသာ ( ဓ- ၁၈၆၊ ၁၈၇ )
ရွှေမိုးငွေမိုး ရတနာမိုး ရွာရင်လည်း
ကာမဂုဏ်အာရုံတွေမှာ တင်းတိမ်ရောင့်ရဲ အလိုပြည့်မှာ မဟုတ်ပါဘူး။
ကာမဂုဏ်အာရုံတွေဟာ သာယာစရာနည်းပါး၊ ဒုက္ခများပါတယ်။
ဒီလို သိနားလည်တဲ့ ပညာရှိဟာ
နတ်တွေရဲ့ စည်းစိမ်ချမ်းသာ ကာမဂုဏ်မှာတောင် မတပ်မက်တော့ပါဘူး။
မြတ်ဗုဒ္ဓရဲ့ တပည့်သာဝကဟာ
တဏှာကုန်ခန်းရာ ချမ်းသာစစ်မှန် မြတ်နိဗ္ဗာန်မှာပဲ ပျော်မွေ့ပါတယ်။

၁၈၆. အနဘိရတိဘိက္ခုဝတ္ထု (၁၈၆၊ ၁၈၇)
န ကဟာပဏဝေဿန၊ တိတ္တိ ကာမေသု ဝိဇ္ဇတိ။
အပ္ပဿာဒါ ဒုခါ ကာမာ၊ ဣတိ ဝိညာယ ပဏ္ဍိတော။
၁၈၇. အပိ ဒိဗ္ဗေသု ကာမေသု၊ ရတိံ သော နာဓိဂစ္ဆတိ။
တဏှက္ခယရတော ဟောတိ၊ သမ္မာသမ္ဗုဒ္ဓသာဝကော။

186-187. There is no satisfying sensual desires, even with the rain of gold coins. For sensual pleasures give little satisfaction and much pain.
Having understood this, the wise man finds no delight even in heavenly pleasures. The disciple of the Supreme Buddha delights
in the destruction of craving.

ကိုးကွယ်မှားက ဆင်းရဲရ ( ဓ- ၁၈၈၊ ၁၈၉ )
လူတွေဟာ တကယ်တော့ ဘေးရန်အန္တရာယ်ကို ထိတ်လန့်ကြောက်ရွံ့တဲ့အတွက်
တောင်တွေ၊ တောတွေ၊ ဥယျာဉ်ခြံမြေ သစ်ပင်ကြီးတွေ ...စတာတွေ ကို စေတီအမှတ်နဲ့ ကိုးကွယ်ဆည်းကပ်တာပါ။

ဒီလို(တောတောင်သစ်ပင် ... တွေကို) ကိုးကွယ်တာဟာ ဘေးကင်းရန်ကွာ ချမ်းသာစေတဲ့ ကိုးကွယ်ရာ အစစ်အမှန် မဟုတ်ပါဘူး။
မြင့်မြတ်တဲ့ကိုးကွယ်ရာ မဟုတ်ပါဘူး။
ဒီကိုးကွယ်တာကို အကြောင်းပြုပြီး ဆင်းရဲဒုက္ခအားလုံးကနေ မလွတ်မြောက်နိုင်ပါဘူး။

၁၈၈. အဂ္ဂိဒတ္တဗြာဟ္မဏ (၁၈၈ - ၁၉၂)
ဗဟုံ ဝေ သရဏံ ယန္တိ၊ ပဗ္ဗတာနိ ဝနာနိ စ။
အာရာမရုက္ခစေတျာနိ၊ မနုဿာ ဘယတဇ္ဇိတာ။
၁၈၉. နေတံ ခေါ သရဏံ ခေမံ၊ နေတံ သရဏမုတ္တမံ။
နေတံ သရဏမာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စတိ။

188. Driven only by fear, do men go for refuge to many places—
to hills, woods, groves, trees and shrines.
189. Such, indeed, is no safe refuge; such is not the refuge supreme. Not by resorting to such a refuge is one released from all suffering.

စစ်မှန်မြင့်မြတ်သော ကိုးကွယ်ရာ ( ဓ- ၁၉၀၊ ၁၉၁၊ ၁၉၂)
ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးကို
ယုံကြည်သိမှတ် ကိုးကွယ်ဆည်းကပ်တာသူဟာ
သစ္စာလေးပါး မြတ်တရားကို
ဝိပဿနာဉာဏ်ပညာနှင့် ကောင်းကောင်းသိမြင်နိုင်ပါတယ်။

(ရုပ်နာမ်ခန္ဓာဟာ) ဆင်းရဲအမှန် ဒုက္ခသစ္စာ၊
(တဏှာဟာ) ဒုက္ခဖြစ်ခြင်းရဲ့အကြောင်းရင်းမှန် သမုဒယသစ္စာ၊
(နိဗ္ဗာန်ဟာ) ဒုက္ခမှလွတ်မြောက်ရာအမှန် နိရောဓသစ္စာ၊
ဒုက္ခငြိမ်းရာ နိဗ္ဗာန်ရောက်ကြောင်း မြင့်မြတ်တဲ့ မဂ္ဂင်ရှစ်ပါးလမ်းမှန် မဂ္ဂသစ္စာ ကို
ဝိပဿနာဉာဏ်ပညာနှင့် ကောင်းကောင်းသိမြင်နိုင်ပါတယ်။

သစ္စာလေးပါးမြတ်တရားကို ပိုင်းခြားသိမြင်သူရဲ့
ဘုရား တရား သံဃာ ဆိုတဲ့ ကိုးကွယ်ရာဟာ
ဘေးကင်းရန်ကွာ အလွန်ချမ်းသာတဲ့ ကိုးကွယ်ရာ အစစ်အမှန်ပါပဲ။
တုနှိုင်းမရ မြင့်မြတ်လှတဲ့ ကိုးကွယ်ရာပါ။
ရတနာမြတ်သုံးပါး ကိုးကွယ်တဲ့ပုဂ္ဂိုလ်ဟာ
ဒီကိုးကွယ်မှုကို အကြောင်းပြုပြီး ဒုက္ခအားလုံးကနေ လွတ်မြောက်နိုင်ပါတယ်။

၁၉၀. ယော  စ ဗုဒ္ဓဉ္စ ဓမ္မဉ္စ၊ သံဃဉ္စ သရဏံ ဂတော။
စတ္တာရိ အရိယသစ္စာနိ၊ သမ္မပ္ပညာယ ပဿတိ။
၁၉၁. ဒုက္ခံ ဒုက္ခသမုပ္ပါဒံ၊ ဒုက္ခဿ စ အတိက္ကမံ။
အရိယံ စဋ္ဌင်္ဂိကံ မဂ္ဂံ၊ ဒုက္ခူပသမဂါမိနံ။
၁၉၂. ဧတံ ခေါ သရဏံ ခေမံ၊ ဧတံ သရဏမုတ္တမံ။
ဧတံ သရဏမာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စတိ။

190-191. He who has gone for refuge to the Buddha,
the Teaching and his Order, penetrates with transcendental wisdom
the Four Noble Truths—suffering, the cause of suffering,
the cessation of suffering, and the Noble Eightfold Path
leading to the cessation of suffering.
192. This indeed is the safe refuge,  this is the refuge supreme.
Having gone to such a refuge, one is released from all suffering.

လာခြင်းကောင်းသော ဧည့်သည်တော်( ဓ- ၁၉၃ )
အာဇာနည်ပုဂ္ဂိုလ်မြတ်ကို ရဖို့ ခက်ခဲပါတယ်။
မျိုးနွယ်တိုင်း နေရာတိုင်းမှာ မဖြစ်ပေါ်နိုင်ပါဘူး။
ပညာရှိအာဇာနည်ပုဂ္ဂိုလ်မြတ် ဖြစ်ပေါ်တဲ့ အမျိုးအနွယ်ဟာ ချမ်းသာကြီးပွားပါတယ်။

၁၉၃. အာနန္ဒတ္ထေရပဥှာဝတ္ထု (၁၉၃)
ဒုလ္လဘော ပုရိသာဇညော၊ န သော သဗ္ဗတ္ထ ဇာယတိ။
ယတ္ထ သော ဇာယတိ ဓီရော၊ တံ ကုလံ သုခမေဓတိ။

193. Hard to find is the thoroughbred man (the Buddha); he is not born everywhere. Where such a wise man is born, that clan thrives happily.

သတ္တဝါတွေ ချမ်းသာစေဖို့ ဗုဒ္ဓမြတ်စွာ ပွင့်ခဲ့ပါသည် ( ဓ- ၁၉၄ )
မြတ်စွာဘုရားရှင်တို့ရဲ့ ပွင့်ထွန်းပေါ်တော်မူခြင်းဟာ ချမ်းသာကြောင်းပါ။
သူတော်ကောင်းတရားကို ဟောကြား နာကြားခြင်းဟာ ချမ်းသာကြောင်းပါ။
(သံဃာ) အပေါင်းအစုရဲ့ ညီညွတ်ခြင်းဟာ ချမ်းသာကြောင်းပါ။
ညီညွတ်သူတွေရဲ့ (ကောင်းမြတ်တဲ့) အကျင့်ဟာ ချမ်းသာကြောင်းပါ။

၁၉၄.  သမ္ဗဟုလဘိက္ခုဝတ္ထု (၁၉၄)
သုခေါ ဗုဒ္ဓါနမုပ္ပါဒေါ၊ သုခါ သဒ္ဓမ္မဒေသနာ။
သုခါ သံဃဿ သာမဂ္ဂီ၊ သမဂ္ဂါနံ တပေါ သုခေါ။

194. Blessed is the birth of the Buddhas;
blessed is the enunciation of the sacred Teaching;
blessed is the harmony in the Order,
and blessed is the spiritual pursuit of the united truth-seeker.

ကောင်းကျိုးအနန္တ ရေတွက်မရ ( ဓ- ၁၉၅၊ ၁၉၆ )
တဏှာ မာန ဒိဋ္ဌိ သံသရာနယ်ချဲ့တရား သုံးပါးကို လွန်မြောက်ပြီးတဲ့၊
စိုးရိမ်ပူဆွေးငိုကြွေးတာတွေကို လွန်မြောက်ပြီးတဲ့၊
ကိလေသာမီး ငြိမ်းအေးပြီးတဲ့၊ ဘေးရန်မရှိတော့တဲ့
အနှိုင်းမဲ့မြတ်ဗုဒ္ဓ၊ ပစ္စေကဗုဒ္ဓ နှင့် မြတ်ဗုဒ္ဓသာဝကတွေကို
ပူဇော်သူတွေရဲ့ ကုသိုလ်ကောင်းမှုဟာ ဒီလောက်၊ ဒီလောက်ပဲ ရှိတယ်လို့
တစ်ယောက်ယောက်မှ ရေတွက်ဖို့ မတတ်စွမ်းနိုင်ပါဘူး။ (မရေတွက်နိုင်ပါဘူး)
၁၉၅. ကဿပဒသဗလဿ သုဝဏ္ဏစေတိယ(၁၉၅-၁၉၆)
ပူဇာရဟေ ပူဇယတော၊ ဗုဒ္ဓေ ယဒိ ဝ သာဝကေ။
ပပဉ္စသမတိက္ကန္တေ၊ တိဏ္ဏသောကပရိဒ္ဒဝေ။
၁၉၆. တေ တာဒိသေ ပူဇယတော၊ နိဗ္ဗုတေ အကုတောဘယေ။
န သက္ကာ ပုညံ သင်္ခါတုံ၊ ဣမေတ္တမပိ ကေနစိ။

195-196. He who reveres those worthy of reverence,
the Buddhas and their disciples, who have transcended all obstacles and passed beyond the reach of sorrow and lamentation—
he who reveres such peaceful and fearless ones,
his merit none can compute by any measure.

(( မှတ်စု ၁၄။ ။ မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊
ဖြူအောင် စိတ်ကိုထားတာဟာ
မြတ်ဗုဒ္ဓကို အကျင့်တရားနဲ့ ပူဇော်တာပါပဲ။
သီလ သမာဓိ ပညာ သိက္ခာသုံးပါး ကို ဖြည့်ကျင့်တာဟာ
အမြင့်မြတ်ဆုံးပူဇော်ခြင်းပါ။

မြတ်ဗုဒ္ဓရဲ့ ဂုဏ်တော်တွေဟာ မကြံစည်နိုင်လောက်အောင်
အလွန်အင်မတန် များပြားကြီးမားတာကြောင့် -
မြတ်ဗုဒ္ဓကို ကြည်ညိုမြတ်နိုး ကိုးကွယ်ဆည်းကပ်ပူဇော်သူရဲ့
ကောင်းမှုအကျိုးဟာလည်း မကြံစည်နိုင်လောက်အောင်
ကြီးမားများပြားလှပါတယ်။

မြတ်စွာဘုရားရှင်ဟာ လူ၊နတ်၊ဗြဟ္မာ သတ္တဝါအားလုံးရဲ့ အမြတ်တနိုး တန်ဖိုးထားစရာ အနှိုင်းမဲ့ရတနာပါ။

ရတနာမြတ်သုံးပါး ကိုးကွယ်တဲ့ပုဂ္ဂိုလ်ဟာ ဒီကိုးကွယ်မှုကို အကြောင်းပြုပြီး
ဒုက္ခအားလုံးကနေ လွတ်မြောက်နိုင်ပါတယ်။

ကိလေသာ ဝါသနာအထုံအငွေ့ပါမကျန် ကင်းစင်တော်မူသော မြတ်ဗုဒ္ဓ။
ဆိတ်ကွယ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်ဗုဒ္ဓ။
ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်ဗုဒ္ဓ။

သိစရာအားလုံးကို အမှန်အတိုင်း ကိုယ်ပိုင်ဉာဏ်ဖြင့် သိတော်မူသော မြတ်ဗုဒ္ဓ။
သတ္တဝါအပေါင်းတို့အား တရားရေအေး အမြိုက်ဆေး
တိုက်ကျွေးတော်မူသော မြတ်ဗုဒ္ဓ။

ကိုယ်တော်တိုင်လည်း စိုးရိမ်သောက ကင်းငြိမ်းတော်မူ၊
သူတပါးကိုလည်း စိုးရိမ်သောက ကင်းငြိမ်းအောင်
လမ်းပြကူညီတော်မူသော မြတ်စွာဘုရား။

သစ္စာလေးပါး မြတ်တရားကို ကိုယ်တော်တိုင်လည်း သိတော်မူ ၊ သူတပါးကိုလည်းသိအောင် ဟောညွှန်ပြတော်မူသော မြတ်ဗုဒ္ဓ။
မဂ္ဂင်ရှစ်ပါး အကျင့်တရားမြတ်ကို ကိုယ်တော်တိုင်လည်း ကျင့်သုံးတော်မူ၊
သူတပါးကိုလည်း ကျင့်သုံးတတ်အောင် ဟောညွှန်လမ်းပြတော်မူသော မြတ်ဗုဒ္ဓ။))

#Dhammapada Parli Myanmar English
#Teaching of BUDDHA #BUDDHA Vacana

#Dhammapada Translated By #Acharya Buddharakkhita
#မြတ်ဗုဒ္ဓ၏ဓမ္မပဒ #ဓမ္မပဒအဖော်မွန် #အရှင်ဉာဏဝရ(ပါရမီ) ပူဇော်ပါသည်။

The Dhammapada - The Buddha's Path of Wisdom.
translated from the Pali by Acharya Buddharakkhita.

The Dhammapada is the best known and most widely esteemed text in the Pali Tipitaka, the sacred scriptures of Theravada Buddhism. The work is included in the Khuddaka Nikaya ("Minor Collection") of the Sutta Pitaka, but its popularity has raised it far above the single niche it occupies in the scriptures to the ranks of a world religious classic. Composed in the ancient Pali language, this slim anthology of verses constitutes a perfect compendium of the Buddha's teaching, comprising between its covers all the essential principles elaborated at length in the forty-odd volumes of the Pali canon.

No comments:

Post a Comment