Tuesday, May 2, 2017

ဓမ္မပဒအဖော်မွန် ၂၃

ဓမ္မပဒအဖော်မွန် - ၂၃
၂၃။ နာဂဝဂ္ဂ၊ ဆင်

တရားမရှိသူ အမှား၊ တရားရှိသူ သည်းခံ ( ဓ - ၃၂၀ )
ဆင်ပြောင်ကြီးဟာ စစ်မြေပြင်မှာ လေးဆီက မိမိအပေါ်ကျရောက်လာတဲ့မြှားကို
မတုန်မလှုပ် ကြံ့ကြံ့ခံသလို -
ငါဟာလည်း
ကျူးလွန်စော်ကား ပြစ်မှားတဲ့စကားကို သည်းခံမှာပါ။
တကယ်တော့ လူအများစုဟာ သီလမရှိကြဘူးလေ။

တိရိစ္ဆာန်တောင် ယဉ်ကျေးရင်အဖိုးတန် ( ဓ - ၃၂၁ )
ဆုံးမထားလို့ ယဉ်ကျေးလိမ္မာပြီးတဲ့ ဆင်မြင်းစတာတွေကိုပဲ
လူစုလူထုရှိရာ ပွဲသဘင်ကို ဆောင်ယူကြပါတယ်။
ယဉ်ကျေးပြီးတဲ့ ဆင်လိမ္မာ၊ မြင်းလိမ္မာ စတာတွေကိုပဲ ရှင်ဘုရင်ဟာ စီးပါတယ်။
ကျူးလွန်စော်ကား ပြစ်မှားတဲ့စကားကို သည်းခံနိုင်သူဟာ
ယဉ်ကျေးလိမ္မာပြီးဖြစ်လို့ လူတွေထဲမှာ ထူးမြတ်လှပါတယ်။

မြင်းလိမ္မာ ဆင်လိမ္မာထက် လူလိမ္မာက ပိုမြတ်တာ ( ဓ - ၃၂၂ )
အဿထိုရ်မြင်း၊ အာဇာနည်မြင်း၊ သိန္ဓောမြင်း၊
ကုဉ္ဇရမဟာဆင်ပြောင်ကြီး --- စတာတွေဟာ
ယဉ်ကျေးလိမ္မာပြီးမှ မြတ်တာပါ။
ကိုယ့်စိတ်ကို ဆုံးမလို့ ယဉ်ကျေးလိမ္မာပြီးသူဟာ
အဲဒီ မြင်းလိမ္မာ၊ ဆင်လိမ္မာတွေထက် သာလွန်မွန်မြတ်ပါတယ်။
၃၂၀. အတ္တဒဏ္ဍဝတ္ထု (၃၂၀၊ ၃၂၁၊ ၃၂၂)
အဟံ  နာဂေါဝ သင်္ဂါမေ၊ စာပတော ပတိတံ သရံ။
အတိဝါကျံ တိတိက္ခိဿံ၊ ဒုဿီလော ဟိ ဗဟုဇ္ဇနော။
၃၂၁. ဒန္တံ နယန္တိ သမိတိံ၊ ဒန္တံ ရာဇာဘိရူဟတိ။
ဒန္တော သေဋ္ဌော မနုေဿသု၊ ယောတိဝါကျံ တိတိက္ခတိ။
၃၂၂. ဝရမဿတရာ ဒန္တာ၊ အာဇာနီယာ စ  သိန္ဓဝါ။
ကုဉ္ဇရာ စ  မဟာနာဂါ၊ အတ္တဒန္တော တတော ဝရံ။

23. Nāgavagga: The Elephant
320. As an elephant in the battlefield withstands arrows shot from bows all around,
even so shall I endure abuse. There are many, indeed, who lack virtue.
321. A tamed elephant is led into a crowd, and the king mounts a tamed elephant.
Best among men is the subdued one who endures abuse.
322. Excellent are well-trained mules, thoroughbred Sindhu horses
and noble tusker elephants. But better still is the man who has subdued himself.

မဂ္ဂင်ယာဉ်ကြီး အမှန်စီး နိဗ္ဗာန်ခရီးသွား ( ဓ - ၃၂၃ )
မရောက်ဖူးသေးတဲ့အရပ် (နိဗ္ဗာန်)ကို
ဒီ(ဆင် မြင်း ရထား စတဲ့)ယာဉ်တွေနှင့် မသွားရောက်နိုင်ပါဘူး။
ကိုယ့်စိတ်ကို ကောင်းကောင်းမွန်မွန် ဆုံးမလို့ ယဉ်ကျေးပြီးသူဟာ
ယဉ်ကျေးလိမ္မာတဲ့စိတ်နှင့် နိဗ္ဗာန်ကို သွားရောက်နိုင်မှာပါ။

၃၂၃. ဟတ္ထာစရိယပုဗ္ဗကဘိက္ခုဝတ္ထု (၃၂၃)
န ဟိ ဧတေဟိ ယာနေဟိ၊ ဂစ္ဆေယျ အဂတံ ဒိသံ။
ယထာတ္တနာ သုဒန္တေန၊ ဒန္တော ဒန္တေန ဂစ္ဆတိ။

323. Not by these mounts, however, would one go to the Untrodden Land (Nibbāna),
as one who is self-tamed goes by his own tamed and wellcontrolled mind.

သံယောဇဉ်ကြောင့် ပင်ပန်း၏ ( ဓ - ၃၂၄ )
ဓနပါလဆင်ပြောင်ကြီးဟာ
ပြင်းထန်တဲ့ မုန်ယိုပြီး တားမြစ်ဖို့ခက်ခဲပါတယ်။ အဖမ်းခံရပြီး အစာမစားနိုင်ပါဘူး။
ဆင်မိခင်ရှိရာ တောအုပ်ကိုပဲ
တမ်းတမ်းတတ အမှတ်ရနေပါတော့တယ်။

၃၂၄. ပရိဇိဏ္ဏဗြာဟ္မဏပုတ္တဝတ္ထု (၃၂၄)
ဓနပါလော နာမ ကုဉ္ဇရော၊ ကဋုကဘေဒနော ဒုန္နိဝါရယော။
ဗဒ္ဓေါ ကဗဠံ န ဘုဉ္ဇတိ၊သုမရတိ နာဂဝနဿ ကုဉ္ဇရော။

324. Musty during rut, the tusker named Dhanapālaka is uncontrollable.
Held in captivity, the tusker does not touch a morsel,
but only longingly calls to mind the elephant forest.

လူလား ဝက်လား သတိထား ( ဓ - ၃၂၅ )
အစားကြီးပြီး ထိုင်းမှိုင်းလေးလံအိပ်ငိုက်သူဟာ လူးလှိမ့်ပြီးမှ အိပ်ရပါတယ်။
အစာကျွေးပြီး မွေးမြူထားရတဲ့ အိမ်ဝက်ကြီးလိုပေါ့။
(အစားကြီး အအိပ်ကြီးပြီး) ပညာနည်းပါးသူဟာ
(အနိစ္စ၊ ဒုက္ခ၊ အနတ္တလက္ခဏာ မဆင်ခြင်နိုင်လို့)
အဖန်ဖန်တလဲလဲ ဝမ်းဗိုက်ထဲမှာ ပဋိသန္ဓေ နေရပါတယ်။

၃၂၅. ပသေနဒီကောသလဝတ္ထု (၃၂၅)
မိဒ္ဓီ ယဒါ ဟောတိ မဟဂ္ဃသော စ၊ နိဒ္ဒါယိတာ သမ္ပရိဝတ္တသာယီ။
မဟာဝရာဟောဝ နိဝါပပုဋ္ဌော၊ ပုနပ္ပုနံ ဂဗ္ဘမုပေတိ မန္ဒော။

325. When a man is sluggish and gluttonous,
sleeping and rolling around in bed like a fat domestic pig,
that sluggard undergoes rebirth again and again

သတိ ပညာ ချွန်းပမာ၊  စိတ်ဆင်ရိုင်းကို ဆုံးမပါ။ ( ဓ - ၃၂၆ )
ဒီစိတ်ဟာ ရှေးအခါက ကြိုက်ရာအာရုံမှာ၊ အလိုရှိတိုင်းချမ်းသာရာမှာ
လှည့်လည်လိုက်စား ပျော်ပါးခဲ့ပြီ။
ချွန်းကိုင်တဲ့ဆင်ထိန်းဟာ မုန်ယစ်တဲ့ဆင်ဆိုးကြီးကို ဆုံးမနှိပ်ကွပ်သလို -
ငါဟာလည်း အခုပဲ မကောင်းတဲ့စိတ်ကို
သင့်တော်မှန်ကန်တဲ့ နှလုံးသွင်းနှင့် (သတိ ပညာ နှင့်) နှိပ်ကွပ်ဆုံးမပါ့မယ်။

၃၂၆. သာနုသာမဏေရဝတ္ထု (၃၂၆)
ဣဒံ  ပုရေ စိတ္တမစာရိ စာရိကံ၊ ယေနိစ္ဆကံ ယတ္ထကာမံ ယထာသုခံ။
တဒဇ္ဇဟံ နိဂ္ဂဟေဿာမိ ယောနိသော၊ ဟတ္ထိပ္ပဘိန္နံ ဝိယ အင်္ကုသဂ္ဂဟော။

326. Formerly this mind wandered about as it liked,
where it wished and according to its pleasure, but now I shall thoroughly master it
with wisdom as a mahout controls with his ankus an elephant in rut.

အခွင့်သာတုန်းမှာ ရုန်းထွက်ပါ ( ဓ - ၃၂၇ )
မမေ့လျော့ခြင်း အပ္ပမာဒတရားမှာ ပျော်မွေ့ကြပါ။
စိတ်ကို အစဉ်အမြဲ စောင့်ရှောက်ကြပါ။
ညွန်နစ်နေတဲ့ ဆင်ကြီးဟာ ကိုယ့်ကိုယ်ကို ထုတ်ဆောင်သလို -
ကိုယ့်ကိုယ်ကို ကိလေသာညွန်ကနေ ထုတ်ဆယ်ကြပါ။

၃၂၇. ပါဝေယျကဟတ္ထိဝတ္ထု (၃၂၇)
အပ္ပမာဒရတာ ဟောထ၊ သစိတ္တမနုရက္ခထ။
ဒုဂ္ဂါ ဥဒ္ဓရထတ္တာနံ၊ ပင်္ကေ သန္နောဝ ကုဉ္ဇရော။

327. Delight in heedfulness! Guard well your thoughts! Draw yourself out of this bog of evil,
even as an elephant draws himself out of the mud.

အဖော်မွန် ( ဓ - ၃၂၈ )
ပညာရင့်ကျက်၊ သမာဓိမြဲခိုင်၊ အနေအထိုင်ကောင်းမွန်တဲ့
အတူကျင့်ဖော် မိတ်ဆွေကို ရမယ်ဆိုရင်၊
အဲဒီမိတ်ဆွေနဲ့အတူ
ဘေးရန်အားလုံးကို လွှမ်းမိုးကျော်ဖြတ်ပြီး
ဝမ်းမြောက်ဝမ်းသာ သတိတရားနှင့် ကျင့်ကြံနေထိုင်သင့်ပါတယ်။

တစ်ကိုယ်တော် ( ဓ - ၃၂၉ )
ပညာရင့်ကျက်၊ သမာဓိမြဲခိုင်၊ အနေအထိုင်ကောင်းမွန်တဲ့
အတူကျင့်ဖော် မိတ်ဆွေကို မရခဲ့ရင် -
တစ်ယောက်တည်း တစ်ကိုယ်တော်ပဲ ကျင့်သင့်ပါတယ်။
ရှင်ဘုရင်ဟာ အောင်နိုင်ပြီးတဲ့ တိုင်းပြည်ကို စွန့်ခွာထွက်သွားသလို၊
မာတင်္ဂဆင်မင်းဟာ တောထဲမှာ
တစ်ကောင်တည်း လှည့်လည်နေထိုင်သလိုပေါ့။

အဖော်မွန် မတွေ့ရင် တစ်ကိုယ်တော်နေ၊ ကိုယ့်တရားဟာ ကိုယ့်မိတ်ဆွေ
( ဓ - ၃၃၀ )
(လူမိုက်နဲ့ မပေါင်းဘဲ) တစ်ယောက်တည်း ကျင့်ရတာက မြတ်ပါတယ်။
လူမိုက်မှာ မိတ်ဆွေဂုဏ်အင်္ဂါတွေ မရှိလို့ပါပဲ။
(လူမိုက်နှင့်ပေါင်းပြီး) မကောင်းတာတွေ မလုပ်မိပါစေနဲ့။
တစ်ကိုယ်တော်ပဲ ကျင့်ပါ။
မာတင်္ဂဆင်မင်းဟာ တောအုပ်ထဲမှာ တွယ်တာမဲ့ ကြောင့်ကြမဲ့
အေးအေးဆေးဆေး လှည့်လည်နေထိုင်သလိုပေါ့။

၃၂၈. သမ္ဗဟုလဘိက္ခုဝတ္ထု (၃၂၈၊ ၃၂၉၊ ၃၃၀)
သစေ လဘေထ နိပကံ သဟာယံ၊ သဒ္ဓိံ စရံ သာဓုဝိဟာရိဓီရံ။
အဘိဘုယ် သဗၺာနိ ပရိႆယာနိ၊ စေရယ် တေနတ္တမနော သတီမာ။
၃၂၉. နော စေ လဘေထ နိပကံ သဟာယံ၊ သဒ္ဓိံ စရံ သာဓုဝိဟာရိဓီရံ။
ရာဇာဝ ရဋ္ဌံ ဝိဇိတံ ပဟာယ၊ ဧကော စရေ မာတင်္ဂရညေဝ နာဂေါ။
၃၃၀. ဧကဿ စရိတံ သေယျော၊ နတ္ထိ ဗာလေ သဟာယတာ။
ဧကော စရေ န စ ပါပါနိ ကယိရာ၊ အပ္ပေါဿုက္ကော မာတင်္ဂရညေဝ နာဂေါ။

328. If for company you find a wise and prudent friend who leads a good life, you should,
overcoming all impediments, keep his company joyously and mindfully.
329. If for company you cannot find a wise and prudent friend who leads a good life, then,
like a king who leaves behind a conquered kingdom, or
like a lone elephant in the elephant forest, you should go your way alone.
330. Better it is to live alone; there is no fellowship with a fool. Live alone and do no evil;
be carefree like an elephant in the elephant forest.

ချမ်းသာခြင်းရဲ့ အကြောင်းရင်းများ ( ဓ - ၃၃၁၊ ၃၃၂၊ ၃၃၃ )
အရေးကြုံတဲ့အခါ မိတ်ဆွေရှိတာ ချမ်းသာပါတယ်။
ရတာလေးနဲ့ တင်းတိမ်ရောင့်ရဲ ကျေနပ်တာ ချမ်းသာပါတယ်။
သေခါနီးမှာ ကောင်းမှုကုသိုလ်ရှိတာ ချမ်းသာပါတယ်။
ဝဋ်ဆင်းရဲအားလုံးကို စွန့်ပယ်နိုင်တာ (နိဗ္ဗာန် ဟာ) ချမ်းသာပါတယ်။

လောကမှာ အမေကို ရိုရိုသေသေ ပြုစုလုပ်ကျွေးတာဟာ ချမ်းသာကြောင်းပါ။
အဖေကို ရိုရိုသေသေ ပြုစုလုပ်ကျွေးတာဟာ ချမ်းသာကြောင်းပါ။
လောကမှာ ရဟန်းတော်တွေကို ရိုရိုသေသေ ပြုစုလုပ်ကျွေးတာဟာ ချမ်းသာကြောင်းပါ။
(ကိလေသာငြိမ်းသူတွေကို ရိုရိုသေသေ ပြုစုလုပ်ကျွေးတာဟာ ချမ်းသာကြောင်းပါ။)
မကောင်းမှုတွေကို ပထုတ်ပြီးတဲ့ (မြတ်ဗုဒ္ဓ၊ ပစ္စေကဗုဒ္ဓါနှင့် ရဟန္တာ စတဲ့) သူတော်စင်တွေကို ရိုရိုသေသေ ပြုစုလုပ်ကျွေးတာဟာ ချမ်းသာကြောင်းပါ။

သီလရှိတာဟာ အိုတဲ့အထိ ချမ်းသာပါတယ်။
သဒ္ဓါတရား တည်ကြည်ခိုင်မြဲတာဟာ ချမ်းသာပါတယ်။
ပညာရရှိတာဟာ ချမ်းသာပါတယ်။
မကောင်းမှုတွေကို မပြုတာဟာ ချမ်းသာပါတယ်။

၃၃၁. မာရဝတ္ထု (၃၃၁၊ ၃၃၂၊ ၃၃၃)
အတ္ထမှိ ဇာတမှိ သုခါ သဟာယာ၊ တဋ္ဌီ သုခါ ယာ ဣတရီတရေန။
ပုညံ သုခံ ဇီဝိတသင်္ခယမှိ၊ သဗ္ဗဿ ဒုက္ခဿ သုခံ ပဟာနံ။
၃၃၂. သုခါ  မတ္တေယျတာ လောကေ၊ အထော ပေတ္တေယျတာ သုခါ။
သုခါ သာမညတာ လောကေ၊ အထော ဗြဟ္မညတာ သုခါ။
၃၃၃. သုခံ ယာဝ ဇရာ သီလံ၊ သုခါ သဒ္ဓါ ပတိဋ္ဌိတာ။
သုခေါ ပညာယ ပဋိလာဘော၊ ပါပါနံ အကရဏံ သုခံ။

331. Good are friends when need arises; good is contentment with just what one has;
good is merit when life is at an end, and good is the abandoning of all suffering
(through Arahantship).
332. In this world, good it is to serve one’s mother, good it is to serve one’s father,
good it is to serve the monks, and good it is to serve the holy men.
333. Good is virtue until life’s end, good is faith that is steadfast,
good is the acquisition of wisdom, and good is the avoidance of evil.
#Dhammapada Parli Myanmar English
#Teaching of BUDDHA #BUDDHA Vacana

#Dhammapada Translated By #Acharya Buddharakkhita
#မြတ်ဗုဒ္ဓ၏ဓမ္မပဒ #ဓမ္မပဒအဖော်မွန် #အရှင်ဉာဏဝရ(ပါရမီ) ပူဇော်ပါသည်။

The Dhammapada - The Buddha's Path of Wisdom.
translated from the Pali by Acharya Buddharakkhita.

The Dhammapada is the best known and most widely esteemed text in the Pali Tipitaka, the sacred scriptures of Theravada Buddhism. The work is included in the Khuddaka Nikaya ("Minor Collection") of the Sutta Pitaka, but its popularity has raised it far above the single niche it occupies in the scriptures to the ranks of a world religious classic. Composed in the ancient Pali language, this slim anthology of verses constitutes a perfect compendium of the Buddha's teaching, comprising between its covers all the essential principles elaborated at length in the forty-odd volumes of the Pali canon.

No comments:

Post a Comment