Tuesday, May 2, 2017

ဓမ္မပဒအဖော်မွန် ၂၂

ဓမ္မပဒအဖော်မွန် - ၂၂
၂၂။ နိရယဝဂ္ဂ၊ ငရဲ

ငရဲဘုံမှာ ပြန်ဆုံမယ့်သူတွေ --- ( ဓ - ၃၀၆ )
မဟုတ်မမှန် လုပ်ကြံစွပ်စွဲပြောဆိုသူဟာ ငရဲကို ရောက်ရပါတယ်။
(မကောင်းမှု) ပြုလုပ်ပါလျက် မပြုလုပ်ဘူးလို့ ပြောဆိုသူဟာလည်း
ငရဲကို ရောက်ရပါတယ်။
အဲဒီနှစ်ယောက်ဟာ ယုတ်မာတဲ့အမှု ရှိကြတဲ့အတွက်
နောင်တမလွန်ဘဝမှာ (ငရဲကျတာချင်း) တူကြပါတယ်။

၃၀၆. သုန္ဒရီပရိဗ္ဗာဇိကာဝတ္ထု (၃၀၆)
အဘူတဝါဒီ  နိရယံ ဥပေတိ၊ ယော ဝါပိ ကတွာ န ကရောမိ စာဟ။
ဥဘောပိ တေ ပေစ္စ သမာ ဘဝန္တိ၊ နိဟီနကမ္မာ မနုဇာ ပရတ္ထ။

22. Nirayavagga: Hell
306. The liar goes to the state of woe; also he who, having done (wrong), says, “I did not do it.”
Men of base actions both, on departing they share the same destiny in the other world.

ယုတ်မာသူ၊ မစောင့်စည်းသူ၊ ငရဲမီးတွေပူ ( ဓ - ၃၀၇ )
သင်္ကန်းလည်ပင်းပတ်ထားပြီး
ယုတ်မာတဲ့သဘောရှိသူတွေ၊ ကိုယ် နှုတ် စိတ်ကို မစောင့်စည်းသူတွေ၊
အဲဒီလူယုတ်မာတွေဟာ
ယုတ်မာတဲ့ အကုသိုလ်မကောင်းမှုကံတွေကြောင့် ငရဲကို ကျရောက်ရပါတယ်။

၃၀၇. ဒုစ္စရိတဖလပီဠိတဝတ္ထု (၃၀၇)
ကာသာဝကဏ္ဌာ ဗဟဝေါ၊ ပါပဓမ္မာ အသညတာ။
ပါပါ ပါပေဟိ ကမ္မေဟိ၊ နိရယံ တေ ဥပပဇ္ဇရေ။

307. There are many evil characters and uncontrolled men wearing the saffron robe.
These wicked men will be born in states of woe because of their evil deeds.

မီးခဲတွေကို မျိုမှာလား ? ( ဓ - ၃၀၈ )
တိုင်းသူပြည်သားတွေရဲ့ သဒ္ဓါကြည်ဖြူ ပေးလှူအပ်တဲ့ဆွမ်းကို
သီလမရှိဘဲ၊ ကိုယ် နှုတ် စိတ်ကို မစောင့်စည်းဘဲ စားရတာထက်
မီးလျှံလို ရဲရဲတောက်ပူလောင်နေတဲ့ သံပူခဲတွေကို မျိုချရတာက ပိုကောင်းမြတ်ပါတယ်။

၃၀၈. ဝဂ္ဂုမုဒါတီရိယဘိက္ခုဝတ္ထု (၃၀၈)
သေယျော အယောဂုဠော ဘုတ္တော၊ တတ္တော အဂ္ဂိသိခူပမော။
ယဉ္စေ ဘုဉ္ဇေယျ ဒုဿီလော၊ ရဋ္ဌပိဏ္ဍမသညတော။

308. It would be better to swallow a red-hot iron ball, blazing like fire,
than as an immoral and uncontrolled monk to eat the alms of the people.

ကာမေသုမိစ္ဆာ ရှောင်ကြဉ်ပါ။ ( ဓ - ၃၀၉၊ ၃၁၀ )
သူတစ်ပါးမယားကို မှီဝဲသုံးဆောင်၊ မေ့လျော့ယစ်မူးသူဟာ
အကုသိုလ်ရခြင်း၊ စိတ်တိုင်းကျ ချမ်းချမ်းသာသာ မအိပ်ရခြင်း၊
အကဲ့ရဲ့ခံရခြင်း၊ ငရဲခံရခြင်း၊
ဒီဆင်းရဲဖြစ်ကြောင်း လေးပါးကို ရောက်ရပါတယ်။

မကောင်းမှုကိုလည်း ရပါတယ်။ ယုတ်ညံ့တဲ့ လားရာဂတိလည်း ရှိပါတယ်။
စိုးရိမ်ကြောက်လန့်နေရတဲ့မိန်းမနှင့် စိုးရိမ်ကြောက်လန့်နေရတဲ့ယောက်ျားရဲ့
အပျော်အပါးဟာ နည်းနည်းလေးပါ။
အစိုးရမင်းဟာလည်း ကြီးလေးတဲ့ ပြစ်ဒဏ်ကို ထမ်းဆောင်စေပါတယ်။
ဒါ့ကြောင့် ယောက်ျားဟာ သူတစ်ပါးမယားကို မမှီဝဲ မခံစားပါနဲ့။

၃၀၉. ခေမကသေဋ္ဌိပုတ္တဝတ္ထု (၃၀၉၊ ၃၁၀)
စတ္တာရိ ဌာနာနိ နရော ပမတ္တော၊ အာပဇ္ဇတိ ပရဒါရူပသေဝီ။
အပုညလာဘံ န နိကာမသေယျံ၊ နိန္ဒံ တတီယံ နိရယံ စတုတ္ထံ။
၃၁၀. အပုညလာဘော စ ဂတီ စ ပါပိကာ၊
ဘီတဿ ဘီတာယ ရတီ စ ထောကိကာ။
ရာဇာ စ ဒဏ္ဍံ ဂရုကံ ပဏေတိ၊ တသ္မာ နရော ပရဒါရံ န သေဝေ။

309. Four misfortunes befall the reckless man
who consorts with another’s wife: acquisition of demerit, disturbed sleep, ill-repute,
and (rebirth in) states of woe.
310. Such a man acquires demerit and an unhappy birth in the future.
Brief is the pleasure of the frightened man and woman,
and the king imposes heavy punishment.
Hence, let no man consort with another’s wife.

မေ့လျော့ပေါ့ဆ ငရဲကျ ( ဓ - ၃၁၁၊ ၃၁၂၊ ၃၁၃ )
သမန်းမြက်ဟာ ကောင်းကောင်းမကိုင်ရင် လက်ကို ခွဲရှသလို -
ရဟန်းအဖြစ်ဟာ ကောင်းကောင်းမကျင့်သုံးရင်
(အဲဒီရဟန်းကို) ငရဲဆီ ဆွဲချတတ်ပါတယ်။

ပေါ့လျော့တဲ့ အပြုအလုပ်၊ ညစ်နွမ်းတဲ့ အကျင့်၊
ယုံမှားသံသယဖြစ်စရာ သူတော်ကောင်းအကျင့်၊
ဒါတွေဟာ အကျိုးပေး မကြီးမြတ်ပါဘူး။

အမှုကိစ္စကို ပြုလုပ်မယ်ဆို (ထိထိရောက်ရောက် စေ့စပ်သေချာ) ပြုလုပ်ပါ။
ခိုင်ခိုင်မြဲမြဲ ကြိုးစားအားထုတ်ပါ။
ပေါ့ပေါ့လျော့လျော့ ရဟန်းဖြစ်ခြင်းဟာ
ကိလေသာမြူဖုန်တွေကို ထပ်လောင်း ကြဲဖြန့်တတ်ပါတယ်။

၃၁၁. ဒုဗ္ဗစဘိက္ခုဝတ္ထု (၃၁၁၊ ၃၁၂၊ ၃၁၃)
ကုသော ယထာ ဒုဂ္ဂဟိတော၊ ဟတ္ထမေဝါနုကန္တတိ။
သာမညံ ဒုပ္ပရာမဋ္ဌံ၊ နိရယာယု,ပကဍ္ဎတိ။
၃၁၂. ယံ  ကိဉ္စိ သိထိလံ ကမ္မံ၊ သံကိလိဋ္ဌဉ္စ ယံ ဝတံ။
သင်္ကဿရံ ဗြဟ္မစရိယံ၊ န တံ ဟောတိ မဟပ္ဖလံ။
၃၁၃. ကယိရာ စေ ကယိရာထေနံ ၊ ဒဠှမေနံ ပရက္ကမေ။
သိထိလော ဟိ ပရိဗ္ဗာဇော၊ ဘိယျော အာကိရတေ ရဇံ။

311. Just as kusa grass wrongly handled cuts the hand, even so,
a recluse’s life wrongly lived drags one to states of woe.
312. Any loose act, any corrupt observance, any life of questionable celibacy—
none of these bear much fruit.
313. If anything is to be done, let one do it with sustained vigor.
A lax monastic life stirs up the dust of passions all the more.

မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ မပူလောင် ( ဓ - ၃၁၄ )
မကောင်းမှုကို မပြုတာ မြတ်ပါတယ်။
မကောင်းမှုဟာ နောင်အခါ စိုးရိမ်ပူပန်စေတတ်ပါတယ်။
ကောင်းမှုကို ပြုတာ မြတ်ပါတယ်။
ကောင်းမှုပြုတာကြောင့် နောင်တတစ်ဖန် မပူပန်ရပါဘူး။

၃၁၄. ဣဿာပကတဣတ္ထိဝတ္ထု (၃၁၄)
အကတံ ဒုက္ကဋံ သေယျော၊ ပစ္ဆာ တပ္ပတိ ဒုက္ကဋံ။
ကတဉ္စ သုကတံ သေယျော၊ ယံ ကတွာ နာနုတပ္ပတိ။
314. An evil deed is better left undone, for such a deed torments one afterwards.
But a good deed is better done, doing which one repents not later.

ခွင့်သာခိုက်မှ မလိုက်ချင်ရင် လူမိုက်၊
ခွင့်သာတုန်းမှ မရုန်းချင်ရင် လူဖြစ်ရှုံးပြီ ။ ( ဓ - ၃၁၅ )
တိုင်းပြည်အစွန်အဖျားမြို့ကို အတွင်းအပြင် လုံခြုံစေသလို -
မိမိကိုယ်ကို စောင့်ရှောက်ပါ။
(ဘုရားပွင့်ခြင်း စတဲ့) အခွင့်အခါကောင်းကို မကျော်လွန်ပါစေနဲ့။
အခွင့်အခါကောင်းကို ချွတ်ချော်ကျော်လွန်သွားသူတွေဟာ
ငရဲ ဆင်းရဲ ကျခံရပြီး စိုးရိမ်ကြရပါတယ်။

၃၁၅. သမ္ဗဟုလဘိက္ခုဝတ္ထု (၃၁၅)
နဂရံ ယထာ ပစ္စန္တံ၊ ဂုတ္တံ သန္တရဗာဟိရံ။
ဧဝံ ဂေါပေထ အတ္တာနံ၊ ခဏော ဝေါ မာ ဥပစ္စဂါ။
ခဏာတီတာ ဟိ သောစန္တိ၊ နိရယမှိ သမပ္ပိတာ။

315. Just as a border city is closely guarded both within and without,
even so, guard yourself. Do not let slip this opportunity (for spiritual growth).
For those who let slip this opportunity grieve indeed when consigned to hell.

အယူမှန်မှ အရှက်မှန် ( ဓ - ၃၁၆ )
ရှက်စရာမဟုတ်တာမှာ ရှက်ပြီး၊ ရှက်စရာမှာတော့ မရှက်တဲ့၊
အယူအမြင်မှားကို ဆုပ်ကိုင်ထားသူတွေဟာ
ဒုဂ္ဂတိဆင်းရဲဘဝ ရောက်ကြရပါတယ်။

အမြင်မှန်မှ အကြောက်မှန် ( ဓ - ၃၁၇ )
ကြောက်စရာမဟုတ်တာမှာ ကြောက်စရာလို့ ရှုမြင်ပြီး၊
ကြောက်စရာမှာတော့ ကြောက်စရာမဟုတ်ဘူးလို့ ရှုမြင်တဲ့
အယူအမြင်မှားကို ဆုပ်ကိုင်ထားသူတွေဟာ
ဒုဂ္ဂတိဆင်းရဲဘဝ ရောက်ကြရပါတယ်။

၃၁၆. နိဂဏ္ဌဝတ္ထု (၃၁၆၊ ၃၁၇)
အလဇ္ဇိတာယေ လဇ္ဇန္တိ၊ လဇ္ဇိတာယေ န လဇ္ဇရေ။
မိစ္ဆာဒိဋ္ဌိသမာဒါနာ၊ သတ္တာ ဂစ္ဆန္တိ ဒုဂ္ဂတိံ။
၃၁၇. အဘယေ ဘယဒဿိနော၊ ဘယေ စာဘယဒဿိနော။
မိစ္ဆာဒိဋ္ဌိသမာဒါနာ၊ သတ္တာ ဂစ္ဆန္တိ ဒုဂ္ဂတိံ။

316. Those who are ashamed of what they should not be ashamed of,
and are not ashamed of what they should be ashamed of—
upholding false views, they go to states of woe.
317. Those who see something to fear where there is nothing to fear,
and see nothing to fear where there is something to fear—
upholding false views, they go to states of woe.

အယူမှားက အပြစ်များကြ၊ ဆင်းရဲရ ( ဓ - ၃၁၈ )
အပြစ်မဟုတ်တာမှာ အပြစ်လို့ ယူဆပြီး
အပြစ်မှာတော့ အပြစ်မဟုတ်ဘူးလို့ ရှုမြင်တဲ့
အယူအမြင်မှားကို ဆုပ်ကိုင်ထားသူတွေဟာ
ဒုဂ္ဂတိဆင်းရဲဘဝ ရောက်ကြရပါတယ်။

အယူမှန်မှ အပြစ်ကင်းပ ချမ်းသာရ ( ဓ - ၃၁၉ )
အပြစ်ကို အပြစ်၊
အပြစ်မဟုတ်တာကို အပြစ်မဟုတ်လို့ သိမြင်တဲ့
မှန်ကန်ကောင်းမွန်တဲ့ အယူအမြင် စွဲမြဲသူတွေဟာ
သုဂတိချမ်းသာဘဝကို ရောက်ကြရပါတယ်။

၃၁၈. တိတ္ထိယသာဝကဝတ္ထု (၃၁၈၊ ၃၁၉)
အဝဇ္ဇေ ဝဇ္ဇမတိနော၊ ဝဇ္ဇေ စာဝဇ္ဇဒဿိနော။
မိစ္ဆာဒိဋ္ဌိသမာဒါနာ၊ သတ္တာ ဂစ္ဆန္တိ ဒုဂ္ဂတိံ။
၃၁၉. ဝဇ္ဇဉ္စ ဝဇ္ဇတော ဉတွာ၊ အဝဇ္ဇဉ္စ အဝဇ္ဇတော။
သမ္မာဒိဋ္ဌိသမာဒါနာ၊ သတ္တာ ဂစ္ဆန္တိ သုဂ္ဂတိံ။

318. Those who imagine evil where there is none, and do not see evil where it is—
upholding false views, they go to states of woe.
319. Those who discern the wrong as wrong and the right as right—
upholding right views, they go to realms of bliss.

အောင်သိဒ္ဓိ
aungteikdi.blogspot.com
မနောကြာဖြူ
manawkyarphyu969.blogspot.com
ဓမ္မပဒအဖော်မွန်
dhammapada4u.blogspot.com
dhammapada4.blogspot.com
dhammapada26.wordpress.com

#Dhammapada Parli Myanmar English
#Teaching of BUDDHA #BUDDHA Vacana

#Dhammapada Translated By #Acharya Buddharakkhita
#မြတ်ဗုဒ္ဓ၏ဓမ္မပဒ #ဓမ္မပဒအဖော်မွန် #အရှင်ဉာဏဝရ(ပါရမီ) ပူဇော်ပါသည်။

The Dhammapada - The Buddha's Path of Wisdom.
translated from the Pali by Acharya Buddharakkhita.

The Dhammapada is the best known and most widely esteemed text in the Pali Tipitaka, the sacred scriptures of Theravada Buddhism. The work is included in the Khuddaka Nikaya ("Minor Collection") of the Sutta Pitaka, but its popularity has raised it far above the single niche it occupies in the scriptures to the ranks of a world religious classic. Composed in the ancient Pali language, this slim anthology of verses constitutes a perfect compendium of the Buddha's teaching, comprising between its covers all the essential principles elaborated at length in the forty-odd volumes of the Pali canon.

No comments:

Post a Comment