Tuesday, May 2, 2017

ဓမ္မပဒအဖော်မွန် ၁၈

ဓမ္မပဒအဖော်မွန် - ၁၈
၁၈။ မလဝဂ္ဂ၊ အညစ်အကြေး

သံသရာခရီးသည်ကြီး ( ဓ - ၂၃၅၊ ၂၃၆ )
အို--- ဒါယကာ ! ဒီအချိန်မှာ သင်ဟာ (ကြွေလုလု)ဖက်ရွက်ရော်လို ဖြစ်နေပြီ။
သေမင်းတမန်တွေဟာ သင့်အနီးမှာ တည်နေကြပြီ။
သင်ဟာ ဆုတ်ယုတ်ခြင်းလမ်းဝမှာ တည်ရှိနေပြီ။
(ကောင်းရာမွန်ရာဘဝမှာ ဖြစ်ဖို့ရာ ကုသိုလ်) ရိက္ခာထုပ်လည်း မရှိ။

သင်ဟာ ကိုယ့်ရဲ့ (ထောက်တည်ရာ)
ရေလယ်ကျွန်း(လိုဖြစ်တဲ့ကောင်းမှုကုသိုလ်) ကို ပြုပါတော့။
ခပ်မြန်မြန်ပဲ ကြိုးစားအားထုတ်ပါတော့။ ပညာရှိဖြစ်ပါစေ။
စိတ်အညစ်အကြေးတွေကို ထုတ်ပယ်ပစ်ပြီး
(အနာဂါမ်အဆင့်)ကိလေသာကင်းစင်ရင် သုဒ္ဓါဝါသဗြဟ္မာ့ဘုံဆီကို ရောက်ရမှာပါ။

ဤခရီးနီးသလား ? ( ဓ - ၂၃၇၊ ၂၃၈ )
အို--- ဒါယကာ ! ဒီအချိန်မှာ သင်ဟာ အရွယ်လွန်ပြီ။
သေမင်းဆီကို သွားချိန်ရောက်ပြီ။
လမ်းခရီးကြားရပ်နားဖို့ရာ အခွင့်မရှိတော့ပါဘူး။
(ကောင်းရာမွန်ရာဘဝမှာ ဖြစ်ဖို့ရာ ကုသိုလ်) ရိက္ခာထုပ်လည်း မရှိ။

သင်ဟာ ကိုယ့်ရဲ့ (ထောက်တည်ရာ) ရေလယ်ကျွန်း(လိုဖြစ်တဲ့ ကောင်းမှုကုသိုလ်) ကို ပြုပါတော့။ ခပ်မြန်မြန်ပဲ ကြိုးစားအားထုတ်ပါတော့။
ပညာရှိဖြစ်ပါစေ။
စိတ်အညစ်အကြေးတွေကို ထုတ်ပယ်ပစ်ပြီး
ကိလေသာ(လုံးဝ)ကင်းစင်ရင် နောက်တဖန် မွေးရတာ၊ အိုရတာ
(နာရတာ သေရတာ) ကို ပြန်ရောက်မှာ မဟုတ်တော့ပါဘူး။

၂၃၅. ဂေါဃာတကပုတ္တဝတ္ထု (၂၃၅၊ ၂၃၆၊ ၂၃၇၊ ၂၃၈)
ပဏ္ဍုပလာသောဝ ဒါနိသိ၊ ယမပုရိသာပိ စ တေ ဥပဋ္ဌိတာ။
ဥယျောဂမုခေ စ တိဋ္ဌသိ၊ ပါထေယျမ္ပိ စ တေ န ဝိဇ္ဇတိ။
၂၃၆. သော  ကရောဟိ ဒီပမတ္တနော၊ ခိပ္ပံ ဝါယမ ပဏ္ဍိတော ဘဝ။
နိဒ္ဓန္တမလော အနင်္ဂဏော၊ ဒိဗ္ဗံ အရိယဘူမိံ ဥပေဟိသိ ။
၂၃၇. ဥပနီတဝယော စ ဒါနိသိ၊ သမ္ပယာတောသိ ယမဿ သန္တိကံ။
ဝါသော  တေ နတ္ထိ အန္တရာ၊ ပါထေယျမ္ပိ စ တေ န ဝိဇ္ဇတိ။
၂၃၈. သော ကရောဟိ ဒီပမတ္တနော၊ ခိပ္ပံ ဝါယမ ပဏ္ဍိတော ဘဝ။
နိဒ္ဓန္တမလော အနင်္ဂဏော၊ န ပုနံ ဇာတိဇရံ  ဥပေဟိသိ။

18. Malavagga: Impurity
235. Like a withered leaf are you now; death’s messengers await you.
You stand on the eve of your departure, yet you have made no provision
for your journey!
236. Make an island for yourself! Strive hard and become wise!
Rid of impurities and cleansed of stain,
you shall enter the celestial abode of the Noble Ones.
237. Your life has come to an end now; You are setting forth into the presence of Yama,
the king of death. No resting place is there for you on the way,
yet you have made no provision for the journey!
238. Make an island unto yourself! Strive hard and become wise!
Rid of impurities and cleansed of stain,
you shall not come again to birth and decay.


ရွှေမှုန်လိုစု ကုသိုလ်ပြု၊ ရွှေသန့်ရင် အဖိုးတန်၊ စိတ်သန့်ရင် မြတ်နိဗ္ဗာန်( ဓ - ၂၃၉
ပန်းထိမ်ဆရာဟာ ရွှေ ငွေ ရဲ့အညစ်အကြေးကို
(တဖြည်းဖြည်းချင်း) ထုတ်ပယ်သလို -
ပညာရှိဟာ
အစဉ်သဖြင့် အခွင့်ရတဲ့ ခဏတိုင်း ခဏတိုင်းမှာ
စိတ်အညစ်အကြေးကို အနည်းငယ် အနည်းငယ်စီ ထုတ်ပယ်ပါတယ်။

((အခွင့်ရတဲ့ ခဏတိုင်း ခဏတိုင်းမှာ
ကုသိုလ်အနည်းငယ် အနည်းငယ်ကို ပြုလုပ်စုဆောင်းရင်းနဲ့ပေါ့))

၂၃၉. အညတရဗြာဟ္မဏဝတ္ထု (၂၃၉)
အနုပုဗ္ဗေန မေဓာဝီ၊ ထောကံ ထောကံ ခဏေ ခဏေ။
ကမ္မာရော ရဇတေဿဝ၊ နိဒ္ဓမေ မလမတ္တနော။

239. One by one, little by little, moment by moment, a wise man should remove his own impurities,
as a smith removes his dross from silver.

သံကိုသံဖျက် သံချေးတက် ( ဓ - ၂၄၀ )
သံမှာဖြစ်တဲ့ သံချေးဟာ သံချေးတက်ပြီး
အဲဒီသံကိုပဲ ပြန်စားပစ်ပါတယ်။
အဲလိုပဲပေါ့။
မကောင်းမှုမှာ လွန်ကျူးကျင့်သူကို
ကိုယ်ပြုခဲ့တဲ့ အကုသိုလ်ကံညစ်တွေကပဲ
အပါယ်ငရဲ မကောင်းတဲ့ဘဝကို ပို့ဆောင်ပစ်ပါတယ်။

၂၄၀. တိဿတ္ထေရဝတ္ထု (၂၄၀)
အယသာဝ မလံ သမဋ္ဌိတံ ၊ တတုဋ္ဌာယ  တမေဝ ခါဒတိ။
ဧဝံ အတိဓောနစာရိနံ၊ သာနိ ကမ္မာနိ  နယန္တိ ဒုဂ္ဂတိံ။

240. Just as rust arising from iron eats away the base from which it arises,
even so, their own deeds lead transgressors to states of woe.

မပျက်စီးအောင် သတိဆောင် ( ဓ - ၂၄၁ )
စာပေကျမ်းဂန် အတတ်ပညာတွေဟာ (သင် တွေး) အံ ရွတ် မပြုရင်
အညစ်အကြေးရှိပါတယ်။
အိမ်တွေဟာ မပြုပြင်ရင် အညစ်အကြေးရှိပါတယ်။
အပျင်းထူခြင်းဟာ အဆင်းလှခြင်းရဲ့ အညစ်အကြေးပါပဲ။
(သတိကင်းကွာ) မေ့လျော့တာဟာ
ထိန်းသိမ်းစောင့်ရှောက်သူရဲ့ အညစ်အကြေးပါပဲ။

၂၄၁. လာဠုဒါယီဝတ္ထု (၂၄၁)
အသဇ္ဈာယမလာ မန္တာ၊ အနုဋ္ဌာနမလာ ဃရာ။
မလံ ဝဏ္ဏဿ ကောသဇ္ဇံ၊ ပမာဒေါ ရက္ခတော မလံ။

241. Non-repetition is the bane of scriptures;
neglect is the bane of a home; slovenliness is the
bane of personal appearance, and heedlessness is the bane of a guard.

အညစ်အကြေး အပြစ်ဘေး၊ ကင်းဝေးကြပါစေ ( ဓ - ၂၄၂၊ ၂၄၃ )
လွန်ကျူးဖောက်ပြန် မကောင်းတဲ့အကျင့်ဟာ မိန်းမရဲ့ အညစ်အကြေးပါ။
နှမြောတွန့်တို ဝန်တိုတာဟာ ပေးကမ်းလှူဒါန်းတာရဲ့ အညစ်အကြေးပါ။
ယုတ်မာဆိုးဝါး အကုသိုလ်တရားတွေဟာ
ဒီလောကမှာပဲဖြစ်ဖြစ်၊ တမလွန်ဘဝမှာပဲဖြစ်ဖြစ်
တကယ့် အညစ်အကြေးအစစ်တွေပါပဲ။

ဒီပြောခဲ့တဲ့ အညစ်အကြေးတွေထက်
လွန်ကဲညစ်ပတ်တဲ့ အညစ်အကြေးကို (ဟောပါဦးမယ်)
အမှန်တရားမသိ၊ အသိမမှန် အဝိဇ္ဇာဟာ အလွန်ကဲဆုံး အညစ်အကြေးပါပဲ။
သံသရာအပြစ်ဘေးကို ရှုမြင်တတ်သူ (ချစ်သားတို့) တွေ
ဒီအဝိဇ္ဇာအညစ်အကြေးကို ပယ်သတ်စွန့်ခွာပြီး
အညစ်အကြေးကင်းစင်နိုင်ကြပါစေ။

၂၄၂. အညတရကုလပုတ္တဝတ္ထု (၂၄၂၊ ၂၄၃)
မလိတ္ထိယာ ဒုစ္စရိတံ၊ မစ္ဆေရံ ဒဒတော မလံ။
မလာ ဝေ ပါပကာ ဓမ္မာ၊ အသ္မိံ လောကေ ပရမှိ စ။
၂၄၃. တတော မလာ မလတရံ၊ အဝိဇ္ဇာ ပရမံ မလံ။
ဧတံ မလံ ပဟန္တွာန၊ နိမ္မလာ ဟောထ ဘိက္ခဝေါ။

242. Unchastity is the taint in a woman;
stinginess is the taint in a giver. Taints, indeed,
are all evil things, both in this world and the next.
243. A worse taint than these is ignorance, the worst of all taints.
Destroy this one taint and become taintless, O monks!

အသက် နှင့် အရှက် ( ဓ - ၂၄၄ )
အရှက်တရားမရှိသူ၊ ကျီးရဲလိုလူ၊
ပြေးဝင်ခိုကပ်(အချောင်နှိုက်တတ်)သူ၊ ကြမ်းတမ်းရိုင်းစိုင်းသူဟာ
အသက်မွေးရလွယ်ကူပါတယ်။ ညစ်ညစ်နွမ်းနွမ်းအသက်မွေးဖို့ လွယ်ကူပါတယ်။

အသက်ပင်သေသေ၊ အညစ်တွေ မစား ( ဓ - ၂၄၅ )
အကုသိုလ်ပြုဖို့ရှက်တတ်သူ၊
အမြဲတမ်း သန့်သန့်ရှင်းရှင်း စင်စင်ကြယ်ကြယ်ပဲ ရှာဖွေသူ၊
မကပ်ငြိ မတွန့်တိုသူ၊ မကြမ်းတမ်း ငြိမ်းချမ်းသူ ဟာ အသက်မွေးဖို့ ခက်ပါတယ်။
စင်ကြယ်သန့်ရှင်းအပြစ်ကင်းတဲ့ အသက်မွေးခြင်းရှိသူဟာ
(အဖက်ဖက်ကို) ကြည့်ရှုဆင်ခြင်နေရလို့ အသက်မွေးဖို့ခက်ပါတယ်။

၂၄၄. စူဠသာရိဘိက္ခုဝတ္ထု (၂၄၄၊ ၂၄၅)
သုဇီဝံ အဟိရိကေန၊ ကာကသူရေန ဓံသိနာ။
ပက္ခန္ဒိနာ ပဂဗ္ဘေန၊ သံကိလိဋ္ဌေန ဇီဝိတံ။
၂၄၅. ဟိရီမတာ  စ ဒုဇ္ဇီဝံ၊ နိစ္စံ သုစိဂဝေသိနာ။
အလီနေနာပ္ပဂဗ္ဘေန၊ သုဒ္ဓါဇီဝေန ပဿတာ။

244. Easy is life for the shameless one who is impudent as a crow, is backbiting and forward,
arrogant and corrupt.
245. Difficult is life for the modest one who always seeks purity, is detached and unassuming,
clean in life, and discerning.

သီလအုတ်မြစ်ခိုင်ပါစေ ( ဓ - ၂၄၆၊ ၂၄၇ )
လောကမှာ သူတစ်ပါးအသက်ကို သတ်သူ၊ မုသားစကား ပြောဆိုသူ၊
ပိုင်ရှင်မပေးတာကို ခိုးယူသူ၊
သူတစ်ပါးလင်မယားကို လွန်ကျူးကျင့်ကြံဖောက်ပြန်သူ၊
အရက်သေစာ မူးယစ်ဆေးဝါး သောက်သုံးသူ၊
ဒါတွေကို အားထုတ်ပြုလုပ်သူဟာ ဒီအခုဘဝမှာကိုပဲ
ကိုယ့်ရဲ့အရင်းအမြစ်ကို ဖြိုလှဲဖျက်ဆီးပစ်ပါတယ်။

အကုသိုလ်ညစ်တွေ နှိပ်စက်နေ၊ မဝင်နိုင်အောင် စောင့်စည်းလေ။ ( ဓ - ၂၄၈ )
အို --- ဒါယကာတို့ ၊
ယုတ်မာဆိုးဝါး အကုသိုလ်တရားတွေဟာ မစောင့်စည်းတတ်ပါဘူး။
လောဘ၊ ဒေါသ (-- မောဟ) စတဲ့ အကုသိုလ်တရားတွေဟာ
သင့်ကို ကြာရှည်ဆင်းရဲအောင် မညှဉ်းဆဲကြပါစေနဲ့။

၂၄၆. ပဉ္စဥပါသကဝတ္ထု (၂၄၆၊ ၂၄၇၊ ၂၄၈)
ယော ပါဏမတိပါတေတိ၊ မုသာဝါဒဉ္စ ဘာသတိ။
လောကေ အဒိန္နမာဒိယတိ၊ ပရဒါရဉ္စ ဂစ္ဆတိ။
၂၄၇. သုရာမေရယပါနဉ္စ၊ ယော နရော အနုယုဉ္ဇတိ။
ဣဓေဝ မေသော လောကသ္မိံ၊ မူလံ ခဏတိ အတ္တနော။
၂၄၈. ဧဝံ ဘော ပုရိသ ဇာနာဟိ၊ ပါပဓမ္မာ အသညတာ။
မာ တံ လောဘော အဓမ္မော စ၊ စိရံ ဒုက္ခာယ ရန္ဓယုံ။

246-247. One who destroys life, utters lies, takes what is not given, goes to another man’s wife,
and is addicted to intoxicating drinks—such a man digs up his own root even in this world.
248. Know this, O good man: evil things are difficult to control. Let not greed and wickedness
drag you to protracted misery.

သူတစ်ပါးအလှူမှာ အကုသိုလ် ဝင်မယူပါနဲ့။ ( ဓ - ၂၄၉ )
တကယ်တော့- လူတွေဟာ ကြည်ညိုသလောက်၊ သဒ္ဓါစွမ်းအား ရှိသလောက်
ပေးကမ်းလှူဒါန်းတာပါ။
သူတစ်ပါးတွေရဲ့ စားသောက်စရာ စတဲ့ အလှူမှာ
စိတ်နှလုံးမသာမယာ မကျေမနပ်ဖြစ်သူဟာ - နေ့မှာပဲဖြစ်ဖြစ်၊ ညမှာပဲဖြစ်ဖြစ်
တည်ကြည်တဲ့စိတ်သမာဓိကို မရရှိနိုင်ပါဘူး။

သာသာကြည်ကြည် သမာဓိတည် ( ဓ - ၂၅၀ )
ဒီ စိတ်နှလုံးမသာမယာ မကျေနပ်တဲ့ အကုသိုလ်သဘောကို
အရင်းအမြစ်ပါမကျန် လုံးဝဖြတ်တောက်နှုတ်ပယ်ပြီးသူကတော့
နေ့ရောညပါ တည်ကြည်တဲ့စိတ်သမာဓိကို ရရှိနိုင်ပါတယ်။

၂၄၉. တိဿဒဟရဝတ္ထု (၂၄၉၊ ၂၅၀)
ဒဒါတိ ဝေ ယထာသဒ္ဓံ၊ ယထာပသာဒနံ ဇနော။
တတ္ထ ယော မင်္ကု ဘဝတိ ၊ ပရေသံ ပါနဘောဇနေ။
န သော ဒိဝါ ဝါ ရတ္တိံ ဝါ၊ သမာဓိမဓိဂစ္ဆတိ။
၂၅၀. ယဿ စေတံ သမုစ္ဆိန္နံ၊ မူလဃစ္စံ  သမူဟတံ။
သ ဝေ ဒိဝါ ဝါ ရတ္တိံ ဝါ၊ သမာဓိမဓိဂစ္ဆတိ။

249. People give according to their faith or regard. If one becomes discontented with the
food and drink given by others, one does not attain meditative absorption,
either by day or by night.
250. But he in who this (discontent) is fully destroyed, uprooted and extinct,
he attains absorption, both by day and by night.

သတိ ! ( ဓ - ၂၅၁ )
ရာဂ နှင့်တူတဲ့ မီး မရှိပါဘူး။
ဒေါသ နှင့်တူတဲ့ ဖမ်းယူတတ်တာ မရှိပါဘူး။
မောဟ နှင့်တူတဲ့ ပိုက်ကွန်ယက် ဟာ မရှိပါဘူး။
တဏှာ နှင့်တူတဲ့ မြစ် ဟာ မရှိပါဘူး။

၂၅၁. ပဉ္စဥပါသကဝတ္ထု (၂၅၁)
နတ္ထိ ရာဂသမော အဂ္ဂိ၊ နတ္ထိ ဒေါသသမော ဂဟော။
နတ္ထိ မောဟသမံ ဇာလံ၊ နတ္ထိ တဏှာသမာ နဒီ။

251. There is no fire like lust; there is no grip like hatred;
there is no net like delusion; there is no river like craving.
ကိုယ့်အညစ် ကိုယ်မမြင်၊ သူတစ်ပါးကို အပြစ်တင် ( ဓ - ၂၅၂ )
သူတစ်ပါးအပြစ်ကိုမြင်ဖို့ လွယ်ပါတယ်။ ကိုယ့်အပြစ်ကိုတော့ မြင်ဖို့ခက်ပါတယ်။
သူတစ်ပါးအပြစ်မြင်ပြီး ကိုယ့်အပြစ်မမြင်သူဟာ
(စပါးလှေ့တဲ့အခါ) ဖွဲကို ထုတ်လွှင့်သလို- သူတစ်ပါးအပြစ်ကို လွှင့်ထုတ်ပါတယ်။
ကောက်ကျစ်တဲ့ငှက်မုဆိုးဟာ အပြစ်ရှိတဲ့ကိုယ်ကို (ငှက်တွေမမြင်အောင်)
သစ်ရွက်သစ်ခက်တွေနဲ့ ဖုံးလွှမ်းသလို -
ကိုယ့်အပြစ်ကိုတော့ ဖုံး ကာ ဝှက်ထားပါတယ်။

၂၅၂. မေဏ္ဍကသေဋ္ဌိဝတ္ထု (၂၅၂)
သုဒဿံ ဝဇ္ဇမညေသံ၊ အတ္တနော ပန ဒုဒ္ဒသံ။
ပရေသံ ဟိ သော ဝဇ္ဇာနိ၊ ဩပုနာတိ ယထာ ဘုသံ။
အတ္တနော ပန ဆာဒေတိ၊ ကလိံ ဝ ကိတဝါ သဌော။

252. Easily seen is the fault of others, but one’s own fault is difficult to see.
Like chaff one winnows another’s faults, but hides one’s own,
even as a crafty fowler hides behind sham branches.

ပြစ်မှားရင် အညစ်ပွား ( ဓ - ၂၅၃ )
ကဲ့ရဲ့လိုတဲ့စိတ်ထားနှင့်
အမြဲတမ်း သူတစ်ပါးရဲ့ အပြစ်ကိုပဲ ထပ်ခါထပ်ခါ ကြည့်ရှုသူမှာ
အာသဝေါတရား ကိလေသာအညစ်အကြေးတွေပဲ တိုးပွားနေပါတယ်။
အာသဝေါကုန်ခမ်းရာ(ငြိမ်းအေးရာ) နိဗ္ဗာန်နှင့် ဝေးကွာပါတယ်။

၂၅၃. ဥဇ္ဈာနသညိတ္ထေရဝတ္ထု (၂၅၃)
ပရဝဇ္ဇာနုပဿိဿ ၊ နိစ္စံ ဥဇ္ဈာနသညိနော။
အာသဝါ တဿ ဝဍ္ဎန္တိ၊ အာရာ သော အာသဝက္ခယာ။

253. He who seeks another’s faults, who is ever censorious—his cankers grow.
He is far from destruction of the cankers.

မဂ္ဂလမ်းအပြင်ဘက်မှာ အရိယာမရှိပါ။ ( ဓ - ၂၅၄ )
ကောင်းကင်မှာ ခြေရာမရှိ၊
သာသနာတော်ပြင်ပမှာ မဂ်ဖိုလ်ရ သမဏရဟန်းမြတ်မရှိ။
သတ္တဝါတွေဟာ  သံသရာနယ်ချဲ့တရားမှာပဲ ပျော်နေကြတာပါ။
လာခြင်းကောင်းတော်မူ မြတ်ဗုဒ္ဓအဆူဆူဟာ
သံသရာနယ် ချဲ့ထွင်ကြောင်းတရားတွေ သန့်ရှင်းကင်းစင်ပြီးပါပြီ။

သူတော်စင်မှာ စိတ်ပုပ်၊ စိတ်ယုတ် မရှိပါ ( ဓ - ၂၅၅ )
ကောင်းကင်မှာ ခြေရာမရှိ။
သာသနာပြင်ပမှာ မဂ်ဖိုလ်ရ သမဏရဟန်းမြတ်မရှိ။
ခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါး သင်္ခါရတရားတွေမှာ တည်မြဲတာမရှိ။
သစ္စာသိမြင် မြတ်စွာဘုရားရှင်တွေမှာ တုန်လှုပ်တာမရှိ။

၂၅၄. သုဘဒ္ဒပရိဗ္ဗာဇကဝတ္ထု (၂၅၄၊ ၂၅၅)
အာကာသေဝ ပဒံ နတ္ထိ၊ သမဏော နတ္ထိ ဗာဟိရေ။
ပပဉ္စာဘိရတာ ပဇာ၊ နိပ္ပပဉ္စာ တထာဂတာ။
၂၅၅. အာကာသေဝ ပဒံ နတ္ထိ၊ သမဏော နတ္ထိ ဗာဟိရေ။
သင်္ခါရာ သဿတာ နတ္ထိ၊ နတ္ထိ ဗုဒ္ဓါနမိဉ္ဇိတံ။

254. There is no track in the sky, and no recluse outside (the Buddha’s dispensation).
Mankind delights in worldliness, but the Buddhas are free from worldliness.
255. There is not track in the sky, and no recluse outside (the Buddha’s dispensation).
There are no conditioned things that are eternal,  and no instability in the Buddhas.

#Dhammapada Parli Myanmar English
#Teaching of BUDDHA #BUDDHA Vacana

#Dhammapada Translated By #Acharya Buddharakkhita
#မြတ်ဗုဒ္ဓ၏ဓမ္မပဒ #ဓမ္မပဒအဖော်မွန် #အရှင်ဉာဏဝရ(ပါရမီ) ပူဇော်ပါသည်။

The Dhammapada - The Buddha's Path of Wisdom.
translated from the Pali by Acharya Buddharakkhita.

The Dhammapada is the best known and most widely esteemed text in the Pali Tipitaka, the sacred scriptures of Theravada Buddhism. The work is included in the Khuddaka Nikaya ("Minor Collection") of the Sutta Pitaka, but its popularity has raised it far above the single niche it occupies in the scriptures to the ranks of a world religious classic. Composed in the ancient Pali language, this slim anthology of verses constitutes a perfect compendium of the Buddha's teaching, comprising between its covers all the essential principles elaborated at length in the forty-odd volumes of the Pali canon.

No comments:

Post a Comment