Tuesday, May 2, 2017

ဓမ္မပဒအဖော်မွန် ၁၅

ဓမ္မပဒအဖော်မွန် - ၁၅
မြတ်ဗုဒ္ဓ၏ ဓမ္မပဒ ၁၅။ သုခဝဂ္ဂ၊ ချမ်းသာခြင်း

ထူးထူးခြားခြား မြင့်မြင့်မြတ်မြတ် ( ဓ- ၁၉၇ )
ရန်ရှိသူတွေအလယ်မှာ - ငါတို့ဟာ ရန်မရှိဘဲ
ချမ်းချမ်းသာသာ အသက်ရှင်နိုင်ကြပါတယ်။
ဒေါသဖြစ်သူတွေကြားမှာ - ငါတို့ဟာ ဒေါသမဖြစ်ဘဲ
ချမ်းချမ်းသာသာ နေနိုင်ကြပါတယ်။

၁၉၇. ဉာတိကလဟဝူပသမန (၁၉၇၊ ၁၉၈၊ ၁၉၉)
သုသုခံ ဝတ ဇီဝါမ၊ ဝေရိနေသု အဝေရိနော။
ဝေရိနေသု မနုေဿသု၊ ဝိဟရာမ အဝေရိနော။

15. Sukhavagga: Happiness
197. Happy indeed we live, friendly amidst the hostile.
Amidst hostile men we dwell free from hatred.

V

ကိလေသာမရှိ အနာမရှိ ( ဓ- ၁၉၈ )
ကိလေသာရဲ့ဖိစီးနှိပ်စက်မှုကို ခံနေရသူတွေအလယ်မှာ -
ငါတို့ဟာ ကိလေသာရဲ့အနှိပ်စက်မခံရဘဲ
ချမ်းချမ်းသာသာ အသက်ရှင်နိုင်ကြပါတယ်။
ကိလေသာရောဂါ ဖြစ်သူတွေကြားမှာ - ငါတို့ဟာ ကိလေသာရောဂါ မဖြစ်ဘဲ
ချမ်းချမ်းသာသာ နေနိုင်ကြပါတယ်။

၁၉၈. သုသုခံ  ဝတ ဇီဝါမ၊ အာတုရေသု အနာတုရာ။
အာတုရေသု မနုေဿသု၊ ဝိဟရာမ အနာတုရာ။

198. Happy indeed we live, friendly amidst the afflicted (by craving). Amidst afflicted men we dwell free from affliction.

ကိလေသာကင်းကွာ ချမ်းသာစွာ ( ဓ- ၁၉၉ )
ကာမဂုဏ်ကို ရှာဖွေတောင့်တ ကြောင့်ကြစိုက်နေကြသူတွေ အလယ်မှာ -
ငါတို့ဟာ ကာမဂုဏ်ကို တောင့်တကြောင့်ကြတာ မရှိဘဲ
ချမ်းချမ်းသာသာ အသက်ရှင်နိုင်ကြပါတယ်။
ကာမဂုဏ်ကို လိုချင်မက်မောနေသူတွေကြားမှာ -
ငါတို့ဟာ ကာမဂုဏ်ကို မတပ်မက်ဘဲ ချမ်းချမ်းသာသာ နေနိုင်ကြပါတယ်။

၁၉၉. သုသုခံ ဝတ ဇီဝါမ၊ ဥဿုကေသု အနုဿုကာ။
ဥဿုကေသု မနေဿသု၊ ဝိဟရာမ အနုဿုကာ။

199. Happy indeed we live, free from avarice amidst the avaricious. Amidst the avaricious men we dwell free from avarice.

ပီတိကိုစား အားရှိပါ၏ ( ဓ - ၂၀၀ )
ငါတို့မှာ ကိလေသာ တစ်စုံတစ်ရာ မရှိတဲ့အတွက်
ချမ်းချမ်းသာသာ အသက်ရှင်နေနိုင်ပါတယ်။
ကိုယ်ရောင်ကိုယ်ဝါ လင်းလက်တောက်ပတဲ့ ဗြဟ္မာကြီးတွေလို
ငါတို့ဟာ ပီတိဆိုတဲ့အစားအစာ ရှိကြမှာပါ။

၂၀၀. မာရဝတ္ထု (၂ဝဝ )
သုသုခံ ဝတ ဇီဝါမ၊ ယေသံ နော နတ္ထိ ကိဉ္စနံ။
ပီတိဘက္ခာ ဘဝိဿာမ၊ ဒေဝါ အာဘဿရာ ယထာ။

200. Happy indeed we live,  we who possess nothing.
Feeders on joy we shall be, like the Radiant Gods.









အနိုင်အရှုံးစွန့်ခွာ ငြိမ်းအေးရာ ( ဓ - ၂၀၁ )
သူတစ်ပါးကို အောင်နိုင်သူဟာ ရန်ပွားများပါတယ်။
ရှုံးနိမ့်သူဟာ ဆင်းဆင်းရဲရဲ နေရပါတယ်။
(ကိလေသာမီး) ငြိမ်းအေးပြီးသူကတော့
အနိုင်၊ အရှုံးကို စွန့်ခွာပြီး ချမ်းချမ်းသာသာ နေရပါတယ်။

၂၀၁. ကောသလရညော ပရာဇယဝတ္ထု (၂ဝ၁)
ဇယံ ဝေရံ ပသဝတိ၊ ဒုက္ခံ သေတိ ပရာဇိတော။
ဥပသန္တော သုခံ သေတိ၊ ဟိတွာ ဇယပရာဇယံ။

201. Victory begets enmity; the defeated dwell in pain.
Happily the peaceful live, discarding both victory and defeat.

အချစ်မီး၊ အပြစ်ကြီး၊ ငြိမ်းစေသတည်း ( ဓ - ၂၀၂ )
ရာဂ နဲ့တူမျှတဲ့ မီး မရှိပါဘူး။
ဒေါသ နဲ့တူမျှတဲ့ အပြစ် မရှိပါဘူး။
ရုပ်နာမ်ခန္ဓာ နဲ့တူမျှတဲ့ ဆင်းရဲဒုက္ခ မရှိပါဘူး။
ငြိမ်းအေးရာ နိဗ္ဗာန်ထက် သာလွန်မွန်မြတ်တဲ့ချမ်းသာ မရှိပါဘူး။

(( ရာဂ - အပူပြင်းဆုံးမီး၊ ဒေါသ - အကြီးမားဆုံးအဖျက်စွမ်းအား၊
ခန္ဓာ -  အဆင်းရဲဆုံးဒုက္ခ၊ နိဗ္ဗာန် - အမွန်မြတ်ဆုံးချမ်းသာ))

၂၀၂. အညတရကုလဒါရိကာဝတ္ထု (၂ဝ၂)
နတ္ထိ ရာဂသမော အဂ္ဂိ၊  နတ္ထိ ဒေါသသမော ကလိ။
နတ္ထိ ခန္ဓသမာ  ဒုက္ခာ၊  နတ္ထိ သန္တိပရံ သုခံ။

202. There is no fire like lust and no crime like hatred.
There is no ill like the aggregates (of existence)
and no bliss higher than the peace (of Nibbāna).

ဆာ နာ မရှိ၊ ခန္ဓာ မရှိ၊ နိဗ္ဗာန် မြတ်ပေ၏ ( ဓ - ၂၀၃ )
ဆာလောင်ငတ်မွတ်တာဟာ အလွန်ကဲဆုံး အနာရောဂါပါ။
ရုပ်နာမ်ခန္ဓာ သင်္ခါရတရားတွေဟာ အလွန်ကဲဆုံး ဆင်းရဲပါ။
ဒီသဘောမှန်ကို သိမြင်ပြီးရင်
(ခန္ဓာဝန်ကို ပစ်ချရာ နိဗ္ဗာန်ဟာ ချမ်းသာအားလုံးထက် သာလွန်မွန်မြတ်ပါတယ်)
နိဗ္ဗာန်ဟာ အလွန်ကဲဆုံး ချမ်းသာပါ။ (လို့ သိနိုင်ပါတယ်။)

၂၀၃. ဧကဥပါသကဝတ္ထု (၂ဝ၃)
ဇိဃစ္ဆာပရမာ ရောဂါ၊ သင်္ခါရပရမာ  ဒုခါ။
ဧတံ ဉတွာ ယထာဘူတံ၊ နိဗ္ဗာနံ ပရမံ သုခံ။

203. Hunger is the worst disease, conditioned things the worst suffering. Knowing this as it really is, the wise realize Nibbāna, the highest bliss.

တဏှာကင်း အနာရှင်း ( ဓ - ၂၀၄ )
အနာရောဂါကင်းခြင်းဟာ အသာလွန်ဆုံး လာဘ်ပါ။
တင်းတိမ်ရောင့်ရဲခြင်းဟာ အသာလွန်ဆုံး ဥစ္စာဓနပါ။
ယုံကြည်အားကိုးနိုင်တဲ့ အကျွမ်းတဝင်ချစ်ခင်သူဟာ အသာလွန်ဆုံး ဆွေမျိုးပါ။
နိဗ္ဗာန်ဟာ အသာလွန်ဆုံး ချမ်းသာပါ။

၂၀၄. ပသေနဒိကောသလဝတ္ထု (၂ဝ၄)
အာရောဂျပရမာ လာဘာ၊ သန္တုဋ္ဌိပရမံ ဓနံ။
ဝိဿာသပရမာ ဉာတိ ၊ နိဗ္ဗာနံ ပရမံ  သုခံ။

204. Health is the most precious gain
and contentment the greatest wealth.
A trustworthy person is the best kinsman, Nibbāna the highest bliss.

တရားရေအေး အမြိုက်ဆေး ( ဓ - ၂၀၅ )
တိတ်ဆိတ်ငြိမ်သက်တဲ့အရသာ၊
ကိလေသာအပူငြိမ်းရာ နိဗ္ဗာန်ရဲ့အရသာ ကို သောက်သုံးရတဲ့အတွက် -
ဓမ္မပီတိအရသာကို သောက်သုံးသူဟာ စိုးရိမ်ပူပန်ခြင်း ကင်းပါတယ်။
မကောင်းမှုအကုသိုလ် ကင်းပါတယ်။

၂၀၅. တိဿတ္ထေရဝတ္ထု (၂ဝ၅)
ပဝိဝေကရသံ ပိတွာ ၊ ရသံ ဥပသမဿ စ။
နိဒ္ဒရော ဟောတိ နိပ္ပါပေါ၊ ဓမ္မပီတိရသံ ပိဝံ။

205. Having savored the taste of solitude and peace (of Nibbāna),
pain-free and stainless he becomes, drinking deep
the taste of the bliss of the Truth.

မကောင်းသူရှောင်၊ ကောင်းသူ ဆောင်၊ ချမ်းချမ်းသာသာ နေရအောင်( ဓ - ၂၀၆ )
အရိယာ(သူတော်ကောင်း သူတော်မြတ်) တွေကို
တွေ့မြင်ရတာဟာ ကောင်းပါတယ်။
သူတော်ကောင်းတွေနဲ့ ပေါင်းဖော်ရတာဟာ အမြဲတမ်းချမ်းသာပါတယ်။
လူမိုက်တွေကို မတွေ့မြင်ရတာဟာ အမြဲတမ်းချမ်းသာပါတယ်။

၂၀၆. သက္ကဝတ္ထု (၂ဝ၆၊ ၂ဝ၇၊ ၂ဝ၈)
သာဟု  ဒဿနမရိယာနံ၊ သန္နိဝါသော သဒါ သုခေါ။
အဒဿနေန ဗာလာနံ၊ နိစ္စမေဝ သုခီ သိယာ။

206. Good is it to see the Noble Ones; to live with them is ever blissful. One will always be happy by not encountering fools.

ပညာရှိနှင့် အတူနေသင့် ... ( ဓ - ၂၀၇ )
လူမိုက်တွေနဲ့ပေါင်းဖော်ပြီး လှည့်လည်နေသူဟာ ကာလကြာရှည် စိုးရိမ်ရပါတယ်။
လူမိုက်နဲ့ အတူနေရတာဟာ
ရန်သူနဲ့ အတူနေရသလို အမြဲတမ်း ဆင်းရဲပါတယ်။
ပညာရှိသူတောင်ကောင်းနဲ့အတူနေရတာကပဲ
ဆွေမျိုးတွေနဲ့ အတူနေရသလို ချမ်းသာပါတယ်။

၂၀၇. ဗာလသင်္ဂတစာရီ  ဟိ၊ ဒီဃမဒ္ဓါန သောစတိ။
ဒုက္ခော ဗာလေဟိ သံဝါသော၊ အမိတ္တေနေဝ သဗ္ဗဒါ။
ဓီရော စ သုခသံဝါသော၊ ဉာတီနံဝ သမာဂမော။

207. Indeed, he who moves in the company of fools grieves for longing. Association with fools is ever painful, like partnership with an enemy.
But association with the wise is happy, like meeting one’s own kinsmen.

ချမ်းသာချင်ရင် သူတော်ကောင်းကိုပေါင်း၊
သူတော်ကောင်းလိုနေ၊ သူတော်ကောင်းဖြစ်ပါစေ။ ( ဓ - ၂၀၈ )
ဒါ့ကြောင့် - တည်ကြည်ခိုင်ခံ့တဲ့ သမာဓိ၊ ပညာနှင့်လည်း ပြည့်စုံတဲ့၊
ဗဟုသုတလည်း ရှိတဲ့၊ ဦးစီးဝန်ဆောင်ပြုပြီး နိဗ္ဗာန်ရောက်ကြောင်းကို ညွှန်ပြတတ်တဲ့၊ သီလဓုတင်(ဖြူစင်)အကျင့်ရှိတဲ့
မြင့်မြတ်တဲ့ ပညာရှိသူတော်ကောင်း ကို
မခွဲမခွာ အစဉ်လိုက်ပါ မှီဝဲဆည်းကပ်သင့်ပါတယ်။
လမင်းဟာ နက္ခတ်တာရာတို့သွားရာလမ်းကြောင်းကို
မခွဲမခွာ အစဉ်လိုက်ပါသလိုပေါ့။

၂၀၈. တသ္မာ ဟိ – ဓီရဉ္စ ပညဉ္စ ဗဟုဿုတဉ္စ၊ ဓောရယှသီလံ ဝတဝန္တမရိယံ။
တံ တာဒိသံ သပ္ပုရိသံ သုမေဓံ၊ ဘဇေထ နက္ခတ္တပထံဝ စန္ဒိမာ ။

208. Therefore, follow the Noble One, who is steadfast, wise, learned, dutiful and devout. One should follow only such a man, who is truly good
and discerning, even as the moon follows the path of the stars.

(( မှတ်စု ၁၅ ။ ။ လောဘတက်နေသူတွေအလယ်မှာ -
သူတော်ကောင်းဟာ
စွန့်လွှတ်မှုနဲ့ ချမ်းချမ်းသာသာနေရပါတယ်။
ဒေါသထွက်နေသူတွေအလယ်မှာ -
သူတော်ကောင်းဟာ
မေတ္တာဓာတ်နဲ့ ချမ်းချမ်းသာသာ နေရပါတယ်။
မောဟမူးမေ့နေသူတွေအလယ်မှာ -
သူတော်ကောင်းဟာ
သတိ ပညာ နဲ့ ချမ်းချမ်းသာသာ နေရပါတယ်။

ဓမ္မပီတိအရသာ ချမ်းသာလိုက်တာ !  ))

#မြတ်ဗုဒ္ဓ၏ဓမ္မပဒ #ဓမ္မပဒအဖော်မွန် #အရှင်ဉာဏဝရ(ပါရမီ) ပူဇော်ပါသည်။

#Dhammapada Parli Myanmar English
#Teaching of BUDDHA #BUDDHA Vacana
#Dhammapada Translated By #Acharya Buddharakkhita
The Dhammapada - The Buddha's Path of Wisdom.
The Dhammapada is the best known and most widely esteemed text in
the Pali Tipitaka, the sacred scriptures of Theravada Buddhism. The work is included in the Khuddaka Nikaya ("Minor Collection") of the Sutta Pitaka, but its popularity has raised it far above the single niche it occupies in the scriptures to the ranks of a world religious classic. Composed in the ancient Pali language, this slim anthology of verses constitutes a perfect compendium of the Buddha's teaching, comprising between its covers all the essential principles elaborated at length in the forty-odd volumes of the Pali canon.

No comments:

Post a Comment