Sunday, February 12, 2017

ဓမ္မပဒအဖော်မွန် ၁၀

ဓမ္မပဒအဖော်မွန် - ၁၀
မြတ်ဗုဒ္ဓ၏ ဓမ္မပဒ ၁၀။ ဒဏ္ဍဝဂ္ဂ၊ ဒဏ်

ကိုယ်ချင်းစာ တရား ( ဓ- ၁၂၉ )
(ရဟန္တာအရှင်မြတ်မှတပါး) သတ္တဝါအားလုံးဟာ
ဘေးဒဏ်ဖြစ်မှာ ထိတ်လန့်တုန်လှုပ်ကြပါတယ်။
သတ္တဝါအားလုံးဟာ သေရမှာ ကြောက်လန့်ကြပါတယ်။
ကိုယ့်ကိုယ်ကို ဥပမာထား (ကိုယ်ချင်းစာ သနား)ပြီး
မသတ်ဖြတ် မညှဉ်းဆဲသင့်ပါဘူး။
(သူတပါးကိုလည်း သတ်ဖြတ်ညဉ်းဆဲဖို့ မခိုင်းစေသင့်ပါဘူး)

၁၂၉.  ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု (၁၂၉)
သဗ္ဗေ တသန္တိ ဒဏ္ဍဿ၊ သဗ္ဗေ ဘာယန္တိ မစ္စုနော။
အတၱာနံ ဥပမံ ကတြာ၊ န ဟေနယ် န ဃာတေယ။

10. Daṇḍavagga: Violence 129. All tremble at violence; all fear death. Putting oneself
in the place of another, one should not kill nor cause another to kill.
Y

ကိုယ်ချင်းမစာ မတရား ( ဓ- ၁၃၀ )
(ရဟန္တာအရှင်မြတ်မှတပါး) သတ္တဝါအားလုံးဟာ
ဘေးဒဏ်ဖြစ်မှာ ထိတ်လန့်တုန်လှုပ်ကြပါတယ်။
သတ္တဝါအားလုံးဟာ ကိုယ့်အသက်ကို ချစ်ကြတာပါပဲ။
ကိုယ့်ကိုယ်ကို ဥပမာထား (ကိုယ်ချင်းစာ သနား)ပြီး
မသတ်ဖြတ် မညှဉ်းဆဲသင့်ပါဘူး။
(သူတပါးကိုလည်း သတ်ဖြတ်ညဉ်းဆဲဖို့ မခိုင်းစေသင့်ပါဘူး)

၁၃၀. ဆဗ္ဗဂ္ဂိယဝတ္ထု (၁၃ဝ)
သဗ္ဗေ  တသန္တိ ဒဏ္ဍဿ၊ သဗ္ဗေသံ ဇီဝိတံ ပိယံ။
အတၱာနံ ဥပမံ ကတြာ၊ န ဟေနယ် န ဃာတေယ။

130. All tremble at violence; life is dear to all. Putting oneself in the place of another, one should not kill nor cause another to kill.

သူ့ကိုနှစ်ရင် ကိုယ်ပါနစ်မယ် ( ဓ- ၁၃၁ )
ကိုယ့်ရဲ့ချမ်းသာခြင်းကို ရှာဖွေသူဟာ
ကိုယ့်လိုပဲ ချမ်းသာချင်ကြတဲ့ သတ္တဝါတွေကို
လက်နက်နဲ့ ညှဉ်းဆဲရိုက်နှက်မယ်ဆိုရင်
နောင်တမလွန်ဘဝမှာ ချမ်းသာသုခကို မရနိုင်ပါဘူး။

၁၃၁. သမ္ဗဟုလကုမာရဝတ္ထု (၁၃၁၊ ၁၃၂)
သုခကာမာနိ ဘူတာနိ၊ ယော ဒဏ္ဍေန ဝိဟိံသတိ။
အတ္တနော သုခမေသာနော၊ ပေစ္စ သော န လဘတေ သုခံ။

131. One who, while himself seeking happiness,
oppresses with violence other beings who also desire happiness,
will not attain happiness hereafter.

မေတ္တာရှိမှ ချမ်းသာရ ( ဓ- ၁၃၂ )
ကိုယ့်ရဲ့ချမ်းသာခြင်းကို ရှာဖွေသူဟာ
ကိုယ့်လိုပဲ ချမ်းသာချင်ကြတဲ့ သတ္တဝါတွေကို လက်နက်နဲ့ မညှဉ်းဆဲဘူးဆိုရင်
နောင်တမလွန်ဘဝမှာ ချမ်းသာသုခကို ရနိုင်ပါတယ်။

၁၃၂. သုခကာမာနိ ဘူတာနိ၊ ယော ဒဏ္ဍေန န ဟိံသတိ။
အတ္တနော သုခမေသာနော၊ ပေစ္စ သော လဘတေ သုခံ။

132. One who, while himself seeking happiness, does not oppress with violence other beings who also desire happiness, will find happiness hereafter.

e e
သတိနဲ့ပြောပါ ( ဓ- ၁၃၃ )
ဘယ်သူ့ကိုမှ ဆိုးဝါးယုတ်ညံ့ ကြမ်းတမ်းတဲ့စကားကို မပြောဆိုပါနဲ့။
အပြောခံရသူတွေဟာ သင့်ကို ပြန်လှန်ပြောဆိုပါလိမ့်မယ်။
တကယ်တော့- ဖိနှိပ်ချုပ်ချယ် ပုတ်ခတ်တဲ့စကားဟာ ဆင်းရဲကြောင်းပါပဲ။
ရန်တုံ့ရန်လှည့် ဒဏ်ပြန်တွေဟာ သင့်ဆီ ရောက်လာနိုင်ပါတယ်။

၁၃၃. ကောဏ္ဍဓာနတ္ထေရဝတ္ထု (၁၃၃၊ ၁၃၄)
မာဝေါစ ဖရုသံ ကဉ္စိ၊ ဝုတ္တာ ပဋိဝဒေယျု တံ ။
ဒုက္ခာ ဟိ သာရမ္ဘကထာ၊ ပဋိဒဏ္ဍာ ဖုသေယျု တံ ။

133. Speak not harshly to anyone, for those thus spoken to might retort. Indeed, angry speech hurts, and retaliation may overtake you.

ကြေးအ လူသား ( ဓ- ၁၃၄ )
အနားပြတ်တဲ့ ကြေးခေါင်းလောင်း (အသံမထွက် ငြိမ်သက်နေ သ)လို
ကိုယ့်စိတ်ကို မတုန်မလှုပ် တိတ်ဆိတ်ငြိမ်သက်အောင်
စောင့်ထိန်းနိုင်သူဟာ နိဗ္ဗာန်ရောက်မှာပါ။
ဖိနှိပ်ချုပ်ချယ်တာတွေလည်း ရှိမှာမဟုတ်တော့ပါဘူး။

၁၃၄. သစေ နေရေသိ အတ္တာနံ၊ကံသော ဥပဟတော ယထာ
ဧသ ပတ္တောသိ နိဗ္ဗာနံ၊ သာရမ္ဘော တေ န ဝိဇ္ဇတိ။

134. If, like a broken gong, you silence yourself, you have approached Nibbāna, for vindictiveness is no longer in you.

ဒုက္ခစက်ဝန်းထဲက ရုန်းထွက်ကြ ( ဓ- ၁၃၅ )
နွားကျောင်းသားဟာ နွားတွေကို
ကြိမ်တုတ်နဲ့ (ရိုက်နှက်ပြီး) စားကျက်ဆီ မောင်းနှင်ပို့သလို -
အိုခြင်း(နာခြင်း)သေခြင်း ဟာလည်း သတ္တဝါတွေရဲ့ အသက်ကို မောင်းနှင်ပါတယ်။

၁၃၅. ဥပေါသထိကဣတ္ထီနံဝတ္ထု (၁၃၅)
ယထာ ဒဏ္ဍေန ဂေါပါလော၊ ဂါဝေါ ပါဇေတိ ဂေါစရံ။
ဧဝံ ဇရာ စ မစ္စု စ၊ အာယုံ ပါဇေန္တိ ပါဏိနံ။

135. Just as a cowherd drives the cattle to pasture with a staff, so do
old age and death drive the life force of beings (from existence to existence).

မီး သတိပြု ( ဓ- ၁၃၆ )
ယုတ်ညံ့တဲ့ မကောင်းမှုတွေကို ပြုလုပ်သူ လူမိုက်ဟာ အမှန် မသိမြင်ပါဘူး။
အဲဒီမကောင်းမှုကံကြောင့် ပညာမဲ့လူမိုက်ဟာ
မီးလောင်သူလို ပူပန်ဆင်းရဲရပါတယ်။

၁၃၆. အဇဂရပေတဝတ္ထု (၁၃၆)
အထ ပါပါနိ ကမ္မာနိ၊ ကရံ ဗာလော န ဗုဇ္ဈတိ။
သေဟိ ကမ္မေဟိ ဒုမ္မေဓော၊ အဂ္ဂိဒဍ္ဎောဝ တပ္ပတိ။

136. When the fool commits evil deeds, he does not realize
(their evil nature). The witless man is tormented by his own deeds,
like one burnt by fire.

ကျောက်တောင်ကြီးကို မတိုက်နဲ့၊ မကိုက်နဲ့။ ( ဓ- ၁၃၇-၁၃၈ - ၁၃၉ - ၁၄၀ )
(ဘယ်သူ့ကိုမှ မပြစ်မှားတတ်လို့) မပြစ်မှားသင့်တဲ့ သူတော်ကောင်းတွေ၊
(မကောင်းမှုကို မပြုရှောင်ကြဉ်လို့) ပြစ်ဒဏ်ကင်းတဲ့ သူတော်စင်တွေ ကို
ကိုယ်ထိလက်ရောက် အော်ငေါက်ပြင်းထန် ဒဏ်တစ်မျိုးမျိုးနဲ့ ပြစ်မှားသူဟာ
ဒဏ်ဆယ်ပါး တစ်ပါးပါးကို အမြန်ပဲ ရောက်ရပါတယ် -

၁။ ပြင်းထန်တဲ့ရောဂါဝေဒနာ၊
၂။ ဥစ္စာပစ္စည်း ဆုံးရှုံးကုန်ခမ်းတာ၊
၃။ ကိုယ်လက်အင်္ဂါ ပျက်စီးတာ၊
၎။ ကြီးလေးတဲ့ အနာနှိက်စက်၊
၅။ စိတ်ပျံ့လွင့်ရူးသွပ်တာ၊
၆။ အစိုးရမင်း၊ အုပ်ချုပ်သူကြောင့် ဘေးရန်သင့်တာ၊
၇။ ကြမ်းကြမ်းတမ်းတမ်း မဟုတ်မမှန် စွပ်စွဲခံရတာ၊
၈။ ဆွေမျိုးတွေ ဆုံးရှုံးပျက်ပြားတာ၊
၉။ စည်းစိမ်ဥစ္စာ ယိုယွင်းပျက်စီးတာ၊
၁၀။ နေအိမ်ကို ရိုးရိုးမီး၊ လောင်မီး လောင်တာ။
ဒီဒဏ်ဆယ်ပါး တစ်ပါးပါးကို ရောက်ရပါတယ်။
အဲဒီပညာမဲ့လူမိုက်ဟာ ကိုယ်ခန္ဓာပျက်စီးပြီးနောက်မှာ
ငရဲကို ကျရောက်ရပါတယ်။

၁၃၇. မဟာမောဂ္ဂလာနဝတ္ထု (၁၃၇၊ ၁၃၈၊ ၁၃၉၊ ၁၄ဝ)
ယော ဒဏ္ဍေန အဒဏ္ဍေသု၊ အပ္ပဒုဋ္ဌေသု ဒုဿတိ။
ဒသန္နမညတရံ ဌာနံ၊ ခိပ္ပမေဝ နိဂစ္ဆတိ။
၁၃၈. ဝေဒနံ  ဖရုသံ ဇာနိံ၊ သရီရဿ စ ဘေဒနံ ။
ဂရုကံ ဝါပိ အာဗာဓံ၊ စိတ္တက္ခေပံ ဝ ပါပုဏေ။
၁၃၉. ရာဇတော ဝါ ဥပသဂ္ဂံ ၊ အဗ္ဘက္ခာနံ ဝ  ဒါရုဏံ။
ပရိက္ခယံ ဝ  ဉာတီနံ၊ ဘောဂါနံ ဝ  ပဘင်္ဂုရံ ။
၁၄၀. အထ ဝါဿ အဂါရာနိ၊ အဂ္ဂိ ဍဟတိ  ပါဝကော။
ကာယဿ ဘေဒါ ဒုပ္ပညော၊ နိရယံ သောပပဇ္ဇတိ ။

137. He who inflicts violence on those who are unarmed,
and offends those who are inoffensive, will soon come upon one of these ten states:
138-140 Sharp pain, or disaster, bodily injury, serious illness,
or derangement of mind, trouble from the government,
or grave charges, loss of relatives, or loss of wealth,
or houses destroyed by ravaging fire;
upon dissolution of the body that ignorant man is born in hell.



အကျင့်မှားရင် သနားစရာ ပင်ပန်းတာ ( ဓ- ၁၄၁ )
အဝတ်မဝတ်ဘဲ ကျင့်တာ၊ ဆံကျစ်ထုံးရှုပ်တာ၊ ရွှံညွန်လူးလိမ်းတာ၊
အစာဖြတ် အငတ်ခံတာ၊ မြေမှာပဲအိပ်တာ၊ မြူဖုန်အညစ်အကြေးလူးလိမ်းတာ၊
(တမင်ပင်ပန်းအောင်) ဆောင့်ကြောင့်ထိုင်ပြီး  အားထုတ်တာ ....
ဒီအကျင့်တွေဟာ ယုံမှားသံသယ မလွန်မြောက်သေးတဲ့ သတ္တဝါတွေကို
ယုံမှားသံသယစင်ကြယ်အောင် (ကိလေသာကင်းစင်အောင်)
မလုပ်ပေးနိုင်ပါဘူး။

၁၄၁. ဗဟုဘဏ္ဍိကဘိက္ခုဝတ္ထု (၁၄၁)
န နဂ္ဂစရိယာ န ဇဋာ န ပင်္ကာ၊ နာနာသကာ ထဏ္ဍိလသာယိကာ ဝါ။
ရဇောဇလ္လံ ဥက္ကုဋိကပ္ပဓာနံ၊ သောဓေန္တိ မစ္စံ အဝိတိဏ္ဏကင်္ခံ။

141. Neither going about naked, nor matted locks, nor filth, nor fasting, nor lying on the ground, nor smearing oneself with ashes and dust, nor sitting on the heels (in penance) can purify a mortal
who has not overcome doubt.

N

သူတော်စင်၊ သူတော်ကောင်း၊ သူတော်မြတ် ( ဓ- ၁၄၂ )
ငြိမ်းအေးအောင် ကျင့်သူ၊ ကိလေသာမီး ငြိမ်းအေးပြီးသူ၊
ဣနြေ္ဒကို ဆုံးမပြီးသူ၊ မဂ်ဉာဏ်လေးပါး ရထားလို့ ခိုင်မြဲတဲ့သဘောရှိသူ၊
မြင့်မြတ်တဲ့အကျင့် ကျင့်သူ၊
သတ္တဝါအားလုံးအပေါ်မှာ ပြစ်မှားဒဏ်ထားတာမရှိဘဲ မေတ္တာနှင့်အညီအမျှကျင့်သူ၊
ဒီပုဂ္ဂိုလ်ဟာ - အဝတ်တန်ဆာ ဝတ်ဆင်ထားပေမယ့်
ဗြာဟ္မဏ ပါပဲ။ သမဏ ပါပဲ။ ဘိက္ခု ပါပဲ။
( သူတော်စင် သူတော်ကောင်း သူတော်မြတ် ပါပဲ )

((အကုသိုလ်ကို ပထုတ်တတ်တာကြောင့် ဗြာဟ္မဏ၊
မကောင်းမှုကို ငြိမ်းစေတတ်တာကြောင့် သမဏ၊
ကိလေသာကို ဖြိုဖျက်မှုကြောင့် ဘိက္ခု ))

၁၄၂. သန္တတိမဟာမတ္တဝတ္ထု (၁၄၂)
အလင်္ကတော စေပိ သမံ စရေယျ၊ သန္တော ဒန္တော နိယတော ဗြဟ္မစာရီ။
သဗ္ဗေသု ဘူတေသု နိဓာယ ဒဏ္ဍံ၊ သော ဗြာဟ္မဏော သော သမဏော သ ဘိက္ခု။

142. Even though he be well-attired, yet if he is poised, calm,
controlled and established in the holy life, having set aside violence towards all beings—he, truly, is a holy man, a renunciate, a monk.
အတွေးဆိုး အကြံမှားကို တားနိုင်သူ ရှားမှရှား ( ဓ- ၁၄၃ )
မြင်းကောင်းဟာ ကြိမ်(ဒဏ်)ကို ရှောင်သလို
(ပျင်းရိထိုင်းမှိုင်းမေ့လျော့)အိပ်ချင်တာကို ဖယ်ရှား၊ နိုးကြားစေသူ၊
(အတွေးဆိုးအကြံမှားတွေကို) အရှက်တရားနှင့် တားမြစ်တတ်သူ ဟာ
လောကမှာ တစ်ယောက်တစ်လေပဲ ရှိပါတယ်။ ( ရခဲပါပေတယ်။ )

၁၄၃. ပိလောတိကတိဿတ္ထေရဝတ္ထု (၁၄၃၊ ၁၄၄)
ဟိရီနိသေဓော ပုရိသော၊ ကောစိ လောကသ္မိံ  ဝိဇ္ဇတိ။
ယော နိဒ္ဒံ အပဗောဓေတိ ၊ အေဿာ ဘဒြော ကသာမိဝ။

143. Only rarely is there a man in this world who, restrained by modesty, avoids reproach, as a thoroughbred horse avoids the whip.

သံဝေဂ မှ နိဗ္ဗာန် သို့ ( ဓ- ၁၄၄ )
ကြိမ်လုံးနှင့် တို့ထိရိုက်နှက်ခံရတဲ့ မြင်းကောင်းလို
ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်ကြပါ။
(သံသရာဝဋ်ဆင်းရဲကို) ဉာဏ်နဲ့ ထိတ်လန့်ကြပါ။
ယုံကြည်မှု သဒ္ဓါ၊ စောင့်ထိန်းမှု သီလ၊
ရဲရဲရင့်ရင့်အားထုတ်မှု ဝီရိယ၊ တည်ကြည်မှု သမာဓိ၊
ကြောင်းကျိုး ကောင်းဆိုး မှားမှန် ဆုံးဖြတ်နိုင်မှု ဉာဏ်ပညာ … စတာတွေနှင့်
အသိရော အကျင့်ပါ ပြည့်စုံပြီး၊ တရားသတိ အထပ်ထပ်ရှိနေကြရင်
အတိုင်းမသိ(ရှည်လျားလှ)တဲ့ ဒီသံသရာဝဋ်ဆင်းရဲကြီးကို စွန့်ပယ်နိုင်ကြမှာပါ။

၁၄၄. အေဿာ  ယထာ ဘဒြော ကသာနိဝိဋ္ဌော၊ အာတာပိနော သံဝေဂိနော ဘဝါထ။
သဒ္ဓါယ သီလေန စ ဝီရိယေန စ၊ သမာဓိနာ ဓမ္မဝိနိစ္ဆယေန စ။
သမ္ပန္နဝိဇ္ဇာစရဏာ ပတိဿတာ၊ ဇဟိဿထ ဒုက္ခမိဒံ အနပ္ပကံ။

144. Like a thoroughbred horse touched by the whip, be strenuous,
be filled with spiritual yearning. By faith and moral purity, by effort and meditation, by investigation of the truth, by being rich in knowledge and virtue, and by being mindful, destroy this unlimited suffering.

လေ့ကျင့်ပြုပြင် စိတ်စွမ်းအင် ( ဓ- ၁၄၅ )
လယ်သမားတွေဟာ ရေကို သွယ်ဆောင်ယူပါတယ်။
လေးသမားတွေဟာ မြားကို ဖြောင့်အောင်လုပ်ပါတယ်။
လက်သမားတွေဟာ သစ်သားကို (လိုရာ)ခုတ်ရွှေထုဆစ် ပုံဖော်ပါတယ်။
အကျင့်ကောင်းရှိသူတွေဟာ စိတ်ကို (ပြုပြင်)ဆုံးမပါတယ်။
(သူတော်ကောင်းတွေဟာ ကိုယ့်ကိုယ်ကို လိမ္မာယဉ်ကျေးစေပါတယ်။ )

၁၄၅. သုခသာမဏေရဝတ္ထု (၁၄၅)
ဥဒကံ ဟိ နယန္တိ နေတ္တိကာ၊ ဥသုကာရာ နမယန္တိ တေဇနံ။
ဒါရုံ နမယန္တိ တစ္ဆကာ၊ အတ္တာနံ ဒမယန္တိ သုဗ္ဗတာ။

145. Irrigators regulate the waters, fletchers straighten arrow shafts, carpenters shape wood, and the good control themselves.

(( မှတ်စု ၁၀။ ။ ဘေးဒဏ်ကြောက်ရသူအချင်းချင်း ဘဝတူတွေ …
ကိုယ်ချင်းစာ သနားကြပါလေ။

အိုနာသေ သို့ မောင်းနှင်ပို့
လူတို့မမြဲပါတကား။

ကိုယ့်အတွေးဆိုးက ကိုယ့်ပြန်ဒဏ်ခတ်တာပါ။
အလေ့အကျင့်မှားတွေက ကိုယ့်ပြန်ဒဏ်ခတ်တာပါ။
အတွေးဆိုး၊ အကျင့်ဆိုးတွေရဲ့ ကျေးကျွန် မဖြစ်ပါရစေနဲ့။

အကောင်းကျင့်ရင်းနဲ့
အကျင့်ကောင်းသွားမှာပါ။ ))

Aအရှင်ဉာဏဝရ(ပါရမီ) ပူဇော်ပါသည်။ A

"rRudktazmf-yKrS xm0\csrf;omrnf
"Ry'tazmfrGef

#Dhammapada Parli Myanmar English
#Teaching of BUDDHA #BUDDHA Vacana

#Dhammapada Translated By #Acharya Buddharakkhita
#မြတ်ဗုဒ္ဓ၏ဓမ္မပဒ #ဓမ္မပဒအဖော်မွန် #အရှင်ဉာဏဝရ(ပါရမီ) ပူဇော်ပါသည်။

No comments:

Post a Comment