Sunday, February 12, 2017

ဓမ္မပဒအဖော်မွန် ၆

ဓမ္မပဒအဖော်မွန် - ၆
မြတ်ဗုဒ္ဓ၏ ဓမ္မပဒ ၆။ ပဏ္ဍိတဝဂ္ဂ၊ ပညာရှိသူတော်ကောင်း

ရွှေလမ်းညွှန် ( ဓ- ၇၆ )
အပြစ်မှန်ညွှန်ပြ ဆိုဆုံးမတတ်တဲ့ ပညာရှိသူတော်ကောင်းကို
မြေမြှုပ်ရွှေအိုး ညွှန်ပြသူလို ရှုမြင်ပြီး မှီဝဲဆည်းကပ်သင့်ပါတယ်။
ဒီလို ပညာရှိကို မှီဝဲဆည်းကပ်ရင် တိုးတက်မြင့်မြတ်လာပါတယ်။
ဆုတ်ယုတ်နိမ့်ကျဖို့ မဖြစ်နိုင်ပါဘူး။

၇၆. ရာဓတ္ထေရဝတ္ထု (၇၆)
နိဓီနံဝ ပဝတ္တာရံ၊ ယံ ပေဿ ဝဇ္ဇဒဿိနံ။
နိဂ္ဂယှဝါဒိံ မေဓာဝိံ၊ တာဒိသံ ပဏ္ဍိတံ ဘဇေ။
တာဒိသံ ဘဇမာနဿ၊ သေယျော ဟောတိ န ပါပိယော။

6. Paṇḍitavagga: The Wise 76. Should one find a man who points out faults and who reproves,
let him follow such a wise and sagacious person as one would
a guide to hidden treasure. It is always better, and never worse,
to cultivate such an association.

A

ကုသိုလ်ယူတတ် သူတော်မြတ် ( ဓ- ၇၇ )
(အပြစ်ဖြစ်လာတဲ့အခါ) ဆုံးမသြဝါဒပေးသင့်ပါတယ်။
(အပြစ်မဖြစ်ခင်) ကြိုတင်သွန်သင်ထားသင့်ပါတယ်။
မကောင်းတဲ့အပြုအမူတွေကိုလည်း (ကြောင်းကျိုးညွှန်ပြပြီး) တားမြစ်သင့်ပါတယ်။
မကောင်းမှုတွေ မပြုဖြစ်အောင် တားမြစ်တတ်သူကို
သူတော်ကောင်းတွေ နှစ်သက်မြတ်နိုးကြပါတယ်။
(စိတ်ထားလွဲချော်) မသူတော်တွေကတော့ အမုန်းပွားကြပါတယ်။

၇၇. အဿဇိပုနဗ္ဗသုကဝတ္ထု (၇၇)
ဩဝဒေယျာနုသာသေယျ၊ အသဗ္ဘာ စ နိဝါရယေ။
သတံ ဟိ သော ပိယော ဟောတိ၊ အသတံ ဟောတိ အပ္ပိယော။

77. Let him admonish, instruct and shield one from wrong; he, indeed,
is dear to the good and detestable to the evil.

မိတ်ဆွေကောင်းကို ပေါင်းပါလေ။ စိတ်ကောင်းရှိအောင်နေ။ ( ဓ- ၇၈ )
(အကုသိုလ် ဒုစရိုက်ပြုဖို့ တိုက်တွန်းတဲ့) မိတ်ဆွေယုတ်တွေကို မမှီဝဲ၊ မဆည်းကပ်ပါနဲ့။ လူယုတ်လူမိုက်တွေကို မမှီဝဲ မဆည်းကပ်ပါနဲ့။
(ကုသိုလ် သုစရိုက်ပြုဖို့ တိုက်တွန်းတဲ့) မိတ်ဆွေကောင်းတွေကို မှီဝဲဆည်းကပ်ပါ။
လူတော်လူကောင်းတွေကို မှီဝဲဆည်းကပ်ပါ။

၇၈. ဆန္နတ္ထေရဝတ္ထု (၇၈)
န ဘဇေ ပါပကေ မိတ္တေ၊ န ဘဇေ ပုရိသာဓမေ။
ဘဇေထ မိတ္တေ ကလျာဏေ၊ ဘဇေထ ပုရိသုတ္တမေ။

78. Do not associate with evil companions; do not seek the fellowship of the vile. Associate with the good friends; seek the fellowship of noble men.

ချမ်းသာလိုက်တာ ! ( ဓ- ၇၉ )
တရားရေအေး အမြိုက်ဆေးကို သောက်သုံးသူဟာ
အထူးကြည်လင်သန့်ရှင်းတဲ့စိတ်နဲ့ ချမ်းချမ်းသာသာနေရပါတယ်။
ပညာရှိဟာ
ဘုရားရှင်အစရှိတဲ့ အရိယာသူတော်စင်တွေ ဟောကြားထားတဲ့ ဗောဓိဉာဏ်ဖြစ်ကြောင်း တရားကောင်းမှာ
နေ့ရောညပါ အခါခပ်သိမ်း မွေ့လျော်ပျော်ရွှင်ပါတယ်။

၇၉. မဟာကပ္ပိနတ္ထေရဝတ္ထု (၇၉)
ဓမ္မပီတိ သုခံ သေတိ၊ ဝိပ္ပသန္နေန စေတသာ။
အရိယပ္ပဝေဒိတေ ဓမ္မေ၊ သဒါ ရမတိ ပဏ္ဍိတော။

79. He who drinks deep the Dhamma lives happily with a tranquil mind. The wise man ever delights in the Dhamma made known by the Noble One (the Buddha).

စိတ်ကိုပြုပြင် သူတော်စင် ( ဓ- ၈၀ )
လယ်သမားတွေဟာ ရေကို သွယ်ဆောင်ယူပါတယ်။
လေးသမားတွေဟာ မြားကို ဖြောင့်အောင်လုပ်ပါတယ်။
လက်သမားတွေဟာ သစ်သားကို (လိုရာ)ခုတ်ရွှေထုဆစ်ပါတယ်။
ဉာဏ်သမားတွေဟာ စိတ်ကို (ပြုပြင်)ဆုံးမပါတယ်။
( ပညာရှိတွေဟာ ကိုယ့်ကိုယ်ကို ယဉ်ကျေးလိမ္မာစေပါတယ်။ )

၈၀. ပဏ္ဍိတသာမဏေရဝတ္ထု (၈ဝ)
ဥဒကံ ဟိ နယန္တိ နေတ္တိကာ၊ ဥသုကာရာ နမယန္တိ  တေဇနံ။
ဒါရုံ နမယန္တိ တစ္ဆကာ၊ အတ္တာနံ ဒမယန္တိ ပဏ္ဍိတာ။

80. Irrigators regulate the rivers; fletchers straighten the arrow shaft; carpenters shape the wood; the wise control themselves.

တည်တံ့ခန့်ညား စိတ်စွမ်းအား ( ဓ- ၈၁ )
(အခေါင်းပေါက်မရှိဘဲ) တလုံးတခဲတည်းဖြစ်တဲ့ ကျောက်တောင်ကြီးဟာ
လေကြောင့် မတုန်လှုပ်ပါဘူး။ ဒီလိုပါပဲ။
ပညာရှိသူတော်ကောင်းတွေဟာ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း၊
(လာဘ်ရခြင်း၊ လာဘ်မရခြင်း၊ အခြံအရံအကျော်အစောရှိခြင်း၊ မရှိခြင်း၊ ချမ်းသာခြင်း၊ ဆင်းရဲခြင်း လောကဓံတရား) ကြောင့်
မတုန်လှုပ်ကြပါဘူး။

၈၁. လကုဏ္ဍကဘဒ္ဒိယဝတ္ထု (၈၁)
သေလော ယထာ ဧကဃနော ၊ ဝါတေန န သမီရတိ။
ဧဝံ နိန္ဒာပသံသာသု၊ န သမိဉ္ဇန္တိ ပဏ္ဍိတာ။

81. Just as a solid rock is not shaken by the storm,
even so the wise are not affected by praise or blame.

တရားနာရင် စိတ်သန့်စင် ( ဓ- ၈၂ )
သိပ်နက်ရှိုင်းတဲ့ ရေကန်ကြီးဟာ
မနောက်ကျူဘဲ အထူးကြည်လင်သန့်စင်နေပါတယ်။
ဒီလိုပါပဲ -
ပညာရှိသူတော်ကောင်းတွေဟာ
မြတ်စွာဘုရားရှင်ဟောကြားတဲ့ တရားတော်ကို နာယူပြီး
စိတ်ညစ်ကင်းစင် အထူးကြည်လင်သန့်ရှင်းကြပါတယ်။

၈၂. ကာဏမာတာဝတ္ထု (၈၂)
ယထာပိ ရဟဒေါ ဂမ္ဘီရော၊ ဝိပ္ပသန္နော အနာဝိလော။
ဧဝံ ဓမ္မာနိ သုတွာန၊ ဝိပ္ပသီဒန္တိ ပဏ္ဍိတာ။

82. On hearing the Teachings, the wise become perfectly purified,
like a lake deep, clear and still.

တည်ကြည်ငြိမ်သက် သူတော်မြတ် ( ဓ- ၈၃ )
သူတော်ကောင်းတွေဟာ
(ခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါး စတဲ့) သဘာဝတရားအားလုံးမှာ (တွယ်တာတပ်မက်ခြင်းကို) တကယ် စွန့်လွှတ်နိုင်ကြပါတယ်။
ငြိမ်သက်ငြိမ်းအေးသူတွေဟာ
ကာမဂုဏ်ကို လိုချင်တောင့်တစိတ်နဲ့ မပြောဆိုကြပါဘူး။
ပညာရှိဟာ ချမ်းသာဆင်းရဲနဲ့ တွေ့ကြုံရပေမယ့်
(ဝမ်းသာ ဝမ်းနည်း မဖြစ်ကြပါဘူး)
မာန်တက်တာ၊ စိတ်ကျတာတွေကို မပြကြပါဘူး။

၈၃. ပဉ္စသတဘိက္ခုဝတ္ထု (၈၃)
သဗ္ဗတ္ထ ဝေ သပ္ပုရိသာ စဇန္တိ၊ န ကာမကာမာ လပယန္တိ သန္တော။
သုခေန ဖုဋ္ဌာ အထ ဝါ ဒုခေန၊ န ဥစ္စာဝစံ ပဏ္ဍိတာ ဒဿယန္တိ။

83. The good renounce (attachment for) everything.
The virtuous do not prattle with a yearning for pleasures.
The wise show no elation or depression
when touched by happiness or sorrow.

B

တရားရှင် ( ဓ- ၈၄ )
(ပညာရှိသူတော်ကောင်းဟာ)
ကိုယ့်အတွက်ကြောင့် မကောင်းမှုကို မပြုပါဘူး။
သူတပါးအတွက်ကြောင့် မကောင်းမှုကိုမပြုပါဘူး။
သားသမီး ပစ္စည်းဥစ္စာ တိုင်းနိုင်ငံကို လိုချင်တာကြောင့်လည်း
မကောင်းမှုကို မပြုပါဘူး။
ကိုယ့်ရဲ့ ကြီးပွားပြည့်စုံမှုကို
မတရားနည်းလမ်းနဲ့ မလိုချင်သင့်ပါဘူး။
သီလရှိသူ၊ ပညာရှိသူ၊ တရားရှိသူ ဖြစ်သင့်ပါတယ်။

၈၄. ဓမ္မိကတ္ထေရဝတ္ထု (၈၄)
န အတ္တဟေတု န ပရဿ ဟေတု၊ န ပုတ္တမိစ္ဆေ န ဓနံ န ရဋ္ဌံ။
န ဣစ္ဆေယျ  အဓမ္မေန သမိဒ္ဓိမတ္တနော၊ သ သီလဝါ ပညဝါ ဓမ္မိကော သိယာ။

84. He is indeed virtuous, wise, and righteous who neither
for his own sake nor for the sake of another (does any wrong),
who does not crave for sons, wealth, or kingdom,
and does not desire success by unjust means.

G

ဟိုဘက်ကမ်းက ငြိမ်းချမ်းတယ် ( ဓ- ၈၅ )
လူတွေမှာ (ငြိမ်းချမ်းရာနိဗ္ဗာန်ဆိုတဲ့) ဟိုဘက်ကမ်းကို သွားရောက်နိုင်သူတွေ သိပ်နည်းပါးပါတယ်။
(နိဗ္ဗာန်ရောက်သူ) မှတပါး အခြားသူတွေဟာ
ဒီဘက်ကမ်းမှာပဲ အစဉ်အမြဲ ပြေးလွှားနေကြရပါတယ်။

၈၅. ဓမ္မဿဝနတ္ထေရဝတ္ထု (၈၅၊ ၈၆)
အပ္ပကာ တေ မနုေဿသု၊ ယေ ဇနာ ပါရဂါမိနော။
အထာယံ ဣတရာ ပဇာ၊ တီရမေဝါနုဓာဝတိ။

85. Few among men are those who cross to the farther shore. The rest, the bulk of men, only run up and down the hither bank.
တစ်ဖက်ကမ်းမှာ ငြိမ်းချမ်းစွာ ( ဓ- ၈၆ )
မြတ်စွာဘုရားရှင် ကောင်းကောင်းဟောထားတဲ့ တရားတော်ကို (နာကြားသင်ယူပြီး)
တရားနဲ့အညီ တကယ် ကျင့်ကြံအားထုတ်သူတွေဟာ
ကူးမြောက်ဖို့သိပ်ခက်တဲ့ သေမင်းနေရာ (သံသရာဆိုတဲ့ သမုဒ္ဒရာ) ကို
ကူးခပ်လွန်မြောက်ပြီး (နိဗ္ဗာန်ဆိုတဲ့) ကမ်းတစ်ဖက်ကို ရောက်ကြပါတယ်။

၈၆. ယေ စ ခေါ သမ္မဒက္ခာတေ၊ ဓမ္မေ ဓမ္မာနုဝတ္တိနော။
တေ ဇနာ ပါရမေဿန္တိ၊ မစ္စုဓေယျံ သုဒုတ္တရံ။

86. But those who act according to the perfectly taught Dhamma
will cross the realm of Death, so difficult to cross.

စိတ်ထားကြည်ဖြူ ငြိမ်းအေးသူ ( ဓ-  ၈၇ - ၈၈ - ၈၉ )
ပညာရှိဟာ မည်းညစ်တဲ့ အကုသိုလ်ကို စွန့်ပယ်ပြီး
ဖြူစင်တဲ့ ကုသိုလ်ကို ပွားများပါတယ်။
တွယ်တာရာ က ထွက်ခွာပြီး
အတွယ်အတာ တဏှာကင်းရာ နိဗ္ဗာန်ကို အာရုံပြုပါတယ်။
တိတ်ဆိတ် ငြိမ်သက် ငြိမ်းအေးတဲ့ ဝိဝေကတရား(၃)ပါးမှာ
ပျော်မွေ့နိုင်ဖို့ ခက်ခဲပါတယ်။(ဒါပေမယ့်-)

ပညာရှိဟာ ကာမကို စွန့်ပယ်ပြီး တဏှာရာဂ စိုးရိမ်သောကမရှိဘဲ
တိတ်ဆိတ် ငြိမ်သက် ငြိမ်းအေးရာ ဝိဝေကတရားမှာ အထူးပျော်မွေ့ဖို့ အလိုရှိပါတယ်။
ပညာရှိဟာ ကိုယ့်ကိုယ်ကို
ညစ်ပေဆိုးဝါး နီဝရဏတရားတွေကနေ သန့်ရှင်းဖြူစင်စေပါတယ်။

ဗောဇ္ဈင်(၇)ပါး မြတ်တရားမှာ စိတ်ကို ကောင်းကောင်းမှန်မှန် ပွားများထားသူတွေဟာ
လောကမှာ ဘာကိုမှ မစွဲလမ်းတော့ပါဘူး။
စွဲလမ်းမှုအားလုံးကို စွန့်လွှတ်ရာ နိဗ္ဗာန်မှာပဲ ပျော်မွေ့ကြပါတယ်။
ကိလေသာ အာသဝေါကုန်ပြီးလို့ ဉာဏ်အလင်းရှိတဲ့ အဲဒီ (ရဟန္တာ)ပုဂ္ဂိုလ်တွေဟာ
လုံးဝ ငြိမ်းအေးပါတယ်။

၈၇. ပဉ္စသတအာဂန္တုကဘိက္ခုဝတ္ထု (၈ရ၊ ၈၈၊ ၈၉)
ကဏှံ  ဓမ္မံ ဝိပ္ပဟာယ၊ သုက္ကံ ဘာဝေထ ပဏ္ဍိတော။
ဩကာ အနောကမာဂမ္မ၊ ဝိဝေကေ ယတ္ထ ဒူရမံ။
၈၈. တတြာဘိရတိမိစ္ဆေယျ၊ ဟိတွာ ကာမေ အကိဉ္စနော။
ပရိယောဒပေယျ အတ္တာနံ၊ စိတ္တက္လေသေဟိ ပဏ္ဍိတော။
၈၉. ယေသံ သမ္ဗောဓိယင်္ဂေသု၊ သမ္မာ စိတ္တံ သုဘာဝိတံ။
အာဒါနပဋိနိဿဂ္ဂေ၊ အနုပါဒါယ ယေ ရတာ။
ခီဏာသဝါ ဇုတိမန္တော၊ တေ လောကေ ပရိနိဗ္ဗုတာ။

87-88. Abandoning the dark way, let the wise man cultivate
the bright path. Having gone from home to homelessness,
let him yearn for that delight in detachment, so difficult to enjoy. Giving up sensual pleasures, with no attachment, let the wise man cleanse himself of defilements of the mind. 89. Those whose minds have reached full excellence in the factors of enlightenment, who, having renounced acquisitiveness,
rejoice in not clinging to things—rid of cankers, glowing with wisdom, they have attained Nibbāna in this very life.

((မှတ်စု ၆။ ။ #တရားရေအေး အမြိုက်ဆေးကို သောက်သုံးသူဟာ ချမ်းချမ်းသာသာနေရပါတယ်။
ပညာရှိဟာ ဓမ္မပီတိနဲ့ ချမ်းသာပါတယ်။ တရားနဲ့မွေ့လျော်၊ တရားနဲ့ပျော်ပါတယ်။

ပညာရှိသူတော်ကောင်းရဲ့ စိတ်ဟာ လောကဓံကြောင့် မတုန်လှုပ်ပါဘူး။
ကျောက်တောင်ကြီးလို တည်ကြည်ငြိမ်သက် ခန့်ညားပါတယ်။
ရေကန်ကြီးလို နက်ရှိုင်း ကြည်လင် သန့်စင် အေးချမ်းပါတယ်။
ပညာရှိသူတော်ကောင်းမှာ မြင့်မြတ်တဲ့ စိတ်စွမ်းအင်ရှိပါတယ်။

မြတ်ဗုဒ္ဓဟာ တစ်လောကလုံးမှာ အမြင့်မြတ်ဆုံးဖြစ်တဲ့
တုနှိုင်းမဲ့ ပညာရှိသူတော်ကောင်းပါ။ ))

#Dhammapada Parli Myanmar English
#Teaching of BUDDHA #BUDDHA Vacana

#Dhammapada Translated By #Acharya Buddharakkhita
#မြတ်ဗုဒ္ဓ၏ဓမ္မပဒ #ဓမ္မပဒအဖော်မွန် #အရှင်ဉာဏဝရ(ပါရမီ) ပူဇော်ပါသည်။

No comments:

Post a Comment