Sunday, February 12, 2017

ဓမ္မပဒအဖော်မွန် ၇

ဓမ္မပဒအဖော်မွန် - ၇
မြတ်ဗုဒ္ဓ၏ ဓမ္မပဒ ၇။ အရဟန္တဝဂ္ဂ၊ ရဟန္တာ

ကိလေသာမရှိ ငြိမ်းအေး၏ ( ဓ- ၉၀ )
သံသရာခရီးကို လွန်မြောက်ပြီးသူ၊
စိုးရိမ်သောက ကင်းပြီးသူ၊
(ဝဋ်ဒုက္ခ)တရားအားလုံးက လွတ်မြောက်ပြီးသူ၊
အထုံးအနှောင်အဖွဲ့အားလုံးကို စွန့်ပယ်ဖြတ်တောက်ပြီးသူ၊
(ဘုရား၊ ရဟန္တာ) မှာ
ကိလသောအပူအလောင်တွေ လုံးဝမရှိတော့ပါဘူး။

၉၀. ဇီဝကပဥှာဝတ္ထု (၉ဝ)
ဂတဒ္ဓိနော ဝိသောကဿ၊ ဝိပ္ပမုတ္တဿ သဗ္ဗဓိ။
သဗ္ဗဂန္ထပ္ပဟီနဿ၊ ပရိဠာဟော န ဝိဇ္ဇတိ။

7. Arahantavagga: The Arahant or Perfected One 90. The fever of passion exists not for him
who has completed the journey, who is sorrowless
and  wholly set free, and has broken all ties.

လမင်းပမာ မငြိတွယ်ပါ ( ဓ- ၉၁ )
သတိရှိသူတွေဟာ (သမထဝိပဿနာတရား) ကြိုးစားအားထုတ်ကြပါတယ်။
တွယ်တာစရာ နေရာအရပ်မှာ မပျော်ပါးကြပါဘူး။
ဟင်္သာငှက်တွေဟာ ရွှံ့နွံဗွက်အိုင်ကို (မစွဲလမ်းဘဲ) စွန့်ပစ်ထွက်ခွာသွားသလို
သတိဝီရိယရှိသူဟာ တွယ်တာနစ်မွန်းစရာကို စွန့်ပယ်ကြပါတယ်။

၉၁. မဟာကဿပတ္ထေရဝတ္ထု (၉၁)
ဥယျုဉ္ဇန္တိ သတီမန္တော၊ န နိကေတေ ရမန္တိ တေ။
ဟံသာဝ ပလ္လလံ ဟိတွာ၊ ဩကမောကံ ဇဟန္တိ တေ။

91. The mindful ones exert themselves. They are not attached to any home; like swans that abandon the lake, they leave home after home behind.
လောကကို လွန်မြောက်ခြင်း ( ဓ- ၉၂ )
ရဟန္တာအရှင်မြတ်တွေမှာ သိုမှီး(သိမ်းပိုက်)ထားတာ မရှိပါဘူး။
ဉာဏ်နဲ့ ပိုင်းခြားသိမြင်ပြီး စားသုံးပါတယ်။
ရာဂ ဒေါသ မောဟ အားလုံး ကင်းစင်တဲ့ နိဗ္ဗာန်၊
ခန္ဓာငါးပါး ရုပ်နာမ်တရားတွေ ကင်းရှင်းတဲ့ နိဗ္ဗာန်၊
အထည်ပုံဟန်၊ သဏ္ဍာန်အရိပ်၊ နိမိတ်တွေ မရှိ၊ ဖြစ်ခြင်း ပျက်ခြင်း မရှိတဲ့ နိဗ္ဗာန်၊
(တောင့်တ ကြောင့်ကြ ကင်းငြိမ်းတဲ့) လွတ်မြောက်ရာ နိဗ္ဗာန်ဟာ
ရဟန္တာအရှင်မြတ်ရဲ့ ကျက်စားရာ အာရုံဖြစ်ပါတယ်။
ကောင်းကင်ထက်က ငှက်သွားလမ်းကို မတွေ့မြင်နိုင်သလို -
ရဟန္တာတွေရဲ့ သွားရာဂတိကို (မရှိလို့) မသိမြင်နိုင်ပါဘူး။

၉၂. ဗေလဋ္ဌသီသတ္ထေရဝတ္ထု (၉၂)
ယေသံ သန္နိစယော နတ္ထိ၊ ယေ ပရိညာတဘောဇနာ။
သုညတော အနိမိတ္တော စ၊ ဝိမောက္ခော ယေသံ ဂေါစရော။
အာကာသေ ဝ သကုန္တာနံ ၊ ဂတိ တေသံ ဒုရန္နယာ။

92. Those who do not accumulate and are wise regarding food,
whose object is the Void, the Unconditioned Freedom—
their track cannot be traced, like that of birds in the air.

ဂတိငြိမ်းသူ ( ဓ- ၉၃ )
ရဟန္တာအရှင်မြတ်မှာ ကိလေသာအာသဝေါတရားတွေ မရှိတော့ပါဘူး။
အစားအစာပေါ်မှာ မစွဲလမ်း၊ မတွယ်တာပါဘူး။
ရာဂ ဒေါသ မောဟ အားလုံး ကင်းစင်တဲ့ နိဗ္ဗာန်၊
ခန္ဓာငါးပါး။ ရုပ်နာမ်တရားတွေ ကင်းရှင်းတဲ့ နိဗ္ဗာန်၊
အထည်ပုံဟန်၊ သဏ္ဍာန်အရိပ်၊ နိမိတ်တွေ မရှိ၊
ဖြစ်ခြင်း ပျက်ခြင်း မရှိတဲ့ နိဗ္ဗာန်၊
(တောင့်တ ကြောင့်ကြ ကင်းငြိမ်းတဲ့) လွတ်မြောက်ရာ နိဗ္ဗာန်ဟာ
ရဟန္တာအရှင်မြတ်ရဲ့ ကျက်စားရာ အာရုံဖြစ်ပါတယ်။
ကောင်းကင်ထက်က ငှက်ခြေရာကို မတွေ့မြင်နိုင်သလို -
ရဟန္တာရဲ့ ရောက်ရာဂတိကို (မရှိလို့) မသိမြင်နိုင်ပါဘူး။

၉၃. အနုရုဒ္ဓတ္ထေရဝတ္ထု (၉၃)
ယဿာသဝါ  ပရိက္ခီဏာ၊ အာဟာရေ စ အနိဿိတော။
သုညတော အနိမိတ္တော စ၊ ဝိမောက္ခော ယဿ ဂေါစရော။
အာကာသေ ဝ သကုန္တာနံ၊ ပဒံ တဿ ဒုရန္နယံ။

93. He whose cankers are destroyed and who is not attached to food, whose object is the Void, the Unconditioned Freedom—
his path cannot be traced, like that of birds in the air.

ကိလေသာပစ်ပယ် နတ်ချစ်တယ် ( ဓ- ၉၄ )
မြင်းရထားထိန်း ကောင်းကောင်းမွန်မွန်ဆုံးမထားတဲ့
မြင်းလိမ္မာတွေဟာ တည်ကြည်ငြိမ်သက်နေသလို -
ရဟန္တာအရှင်မြတ်ရဲ့ ဣနြေ္ဒတွေဟာ တည်ကြည်ငြိမ်သက်နေပါတယ်။
မာန်မာနကို စွန့်ပယ်ပြီးပါပြီ။ ကိလေသာ အာသဝေါတရားတွေ မရှိတော့ပါဘူး။
ကောင်းဆိုးတွေ့ကြုံ လောကဓံအာရုံကြောင့် မတုန်လှုပ်တဲ့ အဲဒီရဟန္တာအရှင်မြတ်ကို နတ်ဗြဟ္မာတွေ ချစ်မြတ်နိုးကြပါတယ်။

၉၄. မဟာကစ္စာယနတ္ထေရဝတ္ထု (၉၄)
ယဿိန္ဒြိယာနိ သမထင်္ဂတာနိ ၊ အဿာ ယထာ သာရထိနာ သုဒန္တာ။
ပဟီနမာနဿ အနာသဝဿ၊ ဒေဝါပိ တဿ ပိဟယန္တိ တာဒိနော။

94. Even the gods hold dear the wise one, whose senses are subdued
like horses well trained by a charioteer, whose pride is destroyed and
who is free from the cankers.

မြေကြီးလိုကျင့်၊ ကန်လိုကျင့်၊ အမြင့်မြတ်ဆုံးဖြစ် ( ဓ - ၉၅ )
ရဟန္တာအရှင်မြတ်ဟာ မြေကြီးလိုပဲ (သည်းခံပါတယ်။ သဘောထား ကြီးကျယ်ပါတယ်။) ဒေါသနှင့် မဆန့်ကျင်ပါဘူး။
မယိမ်းမယိုင် မြို့ရိုးတံခါးတိုင်ကြီးလို ခိုင်ခံ့တည်ကြည်ပါတယ်။
ကောင်းဆိုးတွေ့ကြုံ လောကဓံအာရုံကြောင့် မတုန်လှုပ်ပါဘူး။
သီလ သမာဓိ ပညာ အကျင့်ကောင်းရှိပါတယ်။
ရွံ့ညွန်ကင်းစင်တဲ့ ရေကန်ကြီးလို
ကြည်လင် သန့်ရှင်း (အေးချမ်း)တဲ့စိတ် ရှိပါတယ်။
(အကောင်းပကတိ) တာဒိဂုဏ်နဲ့ ပြည့်စုံတဲ့ ရဟန္တာအရှင်မြတ်ဟာ
သံသရာဝဋ်ဆင်းရဲမှာ မကျင်လည်ရတော့ပါဘူး။

၉၅. သာရိပုတ္တတ္ထေရဝတ္ထု (၉၅)
ပထဝိသမော နော ဝိရုဇ္ဈတိ၊ ဣန္ဒခိလုပမော  တာဒိ သုဗ္ဗတော။
ရဟဒေါဝ အပေတကဒ္ဒမော၊ သံသာရာ န ဘဝန္တိ တာဒိနော။

95. There is no more worldly existence for the wise one who,
like the earth, resents nothing, who is firm as a high pillar and
as pure as a deep pool free from mud.

A A V

ငြိမ်သက်ငြိမ်းအေးသူ ( ဓ - ၉၆ )
ကောင်းကောင်း မှန်မှန် သိတဲ့၊
ကိလေသာတွေက လွတ်မြောက်ပြီးတဲ့၊ ကိလေသာအပူမီးတွေ ငြိမ်းအေးပြီးတဲ့၊
လောကဓံမျိုးစုံ ကြုံတဲ့အခါ မဖောက်ပြန်တဲ့၊
ရဟန္တာရဲ့စိတ်ဟာ ငြိမ်သက်ငြိမ်းအေးပါတယ်။
အပြောအဆို၊ အပြုအမူဟာလည်း ငြိမ်သက်ငြိမ်းအေးပါတယ်။

၉၆. ကောသမ္ဗိဝါသီတိဿတ္ထေရသာမဏေရ (၉၆)
သန္တံ တဿ မနံ ဟောတိ၊ သန္တာ ဝါစာ စ ကမ္မ စ။
သမ္မဒညာ ဝိမုတ္တဿ၊ ဥပသန္တဿ တာဒိနော။

96. Calm is his thought, calm his speech, and calm his deed,
who, truly knowing, is wholly freed, perfectly tranquil and wise.

တဏှာဆိပ်ကို ထွေးအန်ပြီးသူ ( ဓ - ၉၇ )
(သူတပါးရဲ့ ပြောစကားနဲ့သာ မှန်းဆ) ယုံတာ မဟုတ်ပါဘူး။
အကြောင်းတရားတွေရဲ့ ပြုပြင်စီမံတာကို မခံရတဲ့ နိဗ္ဗာန်ကို
ကိုယ်တိုင် သိမြင်တွေ့ရှိသူ၊
သံသရာဝဋ်သုံးပါးရဲ့ အဆက်အစပ်ကို ဖြတ်တောက်ပြီးသူ၊
ကုသိုလ် အကုသိုလ်ကံတွေရဲ့ နောင်ဖြစ်ရာဘဝ ဘုံဌာနတွေမှာ
အကျိုးပေးခွင့်ကို ဖျက်ပယ်ပြီးသူ၊ တဏှာရာဂကို တစမကျန် ထွေးအန်ပြီးသူ၊
အဲဒီသူဟာ တကယ့် ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ် စစ်စစ်ပါပဲ။

၉၇. သာရိပုတ္တတ္ထေရဝတ္ထု (၉၇)
အဿဒ္ဓေါ အကတညူ စ၊ သန္ဓိစ္ဆေဒေါ စ ယော နရော။
ဟတာဝကာသော ဝန္တာသော၊သဝေ ဥတ္တမပေါရိသော။

97. The man who is without blind faith, who knows the Uncreated,
who has severed all links, destroyed all causes (for karma, good and evil), and thrown out all desires—he, truly, is the most excellent of men.

စိတ်ငြိမ်းအေးသူတွေ နေရာအရပ်ဟာ အငြိမ်းချမ်းဆုံးဒေသပါ ( ဓ- ၉၈ )
မြို့ရွာမှာပဲ ဖြစ်ဖြစ်၊ တော(တောင်)မှာပဲ ဖြစ်ဖြစ်၊
ချိုင့်ဝှမ်းမှာပဲ ဖြစ်ဖြစ်၊ ကုန်းမြင့်မှာပဲ ဖြစ်ဖြစ် ---
(စိတ်ငြိမ်းအေးသူတွေ) ရဟန္တာ
(သူတော်စင် သူတော်ကောင်း သူတော်မြတ်) တွေ နေရာအရပ်ဟာ
ပျော်မွေ့စရာ (ငြိမ်းချမ်းလိုက်တာ) !!!

၉၈. ခဒိရရေဝတတ္ထေရဝတ္ထု (၉၈)
ဂါမေ ဝါ ယဒိ ဝါရညေ၊ နိန္နေ ဝါ ယဒိ ဝါ ထလေ။
ယတၳ အရဟေႏၲာ ဝိဟရႏၲိ၊ တံ ဘူမိရာမေဏယ်ကံ။

98. Inspiring, indeed, is that place where Arahants dwell, be it a village, a forest, a vale, or a hill.

တိတ်ဆိတ်ရာမှာ ငြိမ်သက်စွာ - ငြိမ်အေးရာမှာ ပျော်မွေ့စွာ -- ( ဓ- ၉၉ )
(တိတ်ဆိတ်တဲ့) တောတွေဟာ ပျော်မွေ့စရာပါ။
လူအများစုဟာ တောတွေမှာ မပျော်မွေ့ကြပါဘူး။
ရာဂကင်းစင်သူ ရဟန္တာအရှင်မြတ်တွေပဲ (တောမှာ တရားနဲ့) ပျော်မွေ့ကြပါတယ်။
ရဟန္တာအရှင်မြတ်တွေဟာ ကာမဂုဏ်ကို မရှာမှီးကြတော့ဘူးလေ။

၉၉. အညတရဣတ္ထိဝတ္ထု (၉၉)
ရမဏီယာနိ  အရညာနိ၊ ယတ္ထ န ရမတီ ဇနော။
ဝီတရာဂါ ရမိဿန္တိ၊ န တေ ကာမဂဝေသိနော။

99. Inspiring are the forests in which worldlings find no pleasure.
There the passionless will rejoice, for they seek no sensual pleasures.

((မှတ်စု ၇ ။ ။ရဟန္တာအရှင်မြတ်ဟာ - စိုးရိမ်သောက လုံးဝ ကင်းစင်သူ၊
လွတ်မြောက်ပြီးသူ၊ အနှောင်အဖွဲ့အားလုံးကို ဖြတ်တောက်ပြီးသူ၊
သံသရာလှောင်အိမ်ကြီးကို ဖြိုဖျက်ပြီးသူ၊
ကိလေသာအပူမီးတွေ ငြိမ်းအေးပြီးသူ၊
ကိလေသာအာသဝေါ ကင်းဝေးစင်ကြယ်သူ၊
သတိဝီရိယရှိသူ၊ တည်ကြည်ငြိမ်သက် ငြိမ်းအေးသူ၊
ရွံ့ညွန်ကင်းတဲ့ ရေကန်ကြီးလို ကြည်လင်သန့်ရှင်း အေးမြတဲ့စိတ်သူ၊
မာန်မာနတွေ မရှိသူ၊  ကောင်းဆိုးလောကဓံကြောင့် မတုန်လှုပ်သူ၊
တဏှာရာဂ ကို တစမကျန် ထွေးအန်ပြီးသူ၊
ကာမဂုဏ်ကို မဆာလောင် မတောင့်တဘဲ တရားအာရုံနဲ့ပဲ ပျော်မွေ့သူ၊
သီလ သမာဓိ ပညာ အကျင့်ကောင်းရှိသူ၊ နိဗ္ဗာန်ကို ကိုယ်တွေ့သိမြင်သူ ---
ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်၊ သူတော်စင် သူတော်မြတ် သူတော်ကောင်း စစ်စစ်ပါပဲ။))

#Dhammapada Parli Myanmar English
#Teaching of BUDDHA #BUDDHA Vacana

#Dhammapada Translated By #Acharya Buddharakkhita
#မြတ်ဗုဒ္ဓ၏ဓမ္မပဒ #ဓမ္မပဒအဖော်မွန် #အရှင်ဉာဏဝရ(ပါရမီ) ပူဇော်ပါသည်။

No comments:

Post a Comment