Sunday, February 12, 2017

ဓမ္မပဒအဖော်မွန် ၅

ဓမ္မပဒအဖော်မွန် - ၅
မြတ်ဗုဒ္ဓ၏ ဓမ္မပဒ ၅။ ဗာလဝဂ္ဂ၊ လူမိုက်

အကန်းလမ်းမှား စမ်းတဝါး ( ဓ- ၆၀ )
အိပ်မပျော်သူအတွက် ညတာရှည်ပါတယ်။
ခရီးပန်းနွမ်းနယ်သူအတွက် တစ်ယူဇနာဟာ ရှည်လျားပါတယ်။
သူတော်ကောင်းတရားမသိတဲ့ လူမိုက်အတွက် သံသရာဟာ ရှည်လျားလိုက်တာ !!

၆၀. အညတရပုရိသဝတ္ထု (၆ဝ)
ဒီဃာ  ဇာဂရတော ရတ္တိ၊ ဒီဃံ သန္တဿ ယောဇနံ။
ဒီဃော ဗာလာနံ သံသာရော၊ သဒ္ဓမ္မံ အဝိဇာနတံ။

5. Bālavagga: The Fool 60. Long is the night to the sleepless; long is the league to the weary. Long is worldly existence to fools who know not the Sublime Truth.

ကိုယ့်စိတ်ဟာ ကိုယ့်မိတ်ဆွေ ( ဓ- ၆၁ )
တရားကျင့်သူ (မိတ်ဆွေရှာဖွေသူ) ဟာ ကိုယ့်ထက် သာလွန်မြင့်မြတ်သူ၊
ကိုယ်နဲ့ ဂုဏ်ရည်တူညီသူ (ပညာရှိသူတော်ကောင်း) ကို မတွေ့နိုင်ခဲ့ရင်...
တစ်ကိုယ်တော်ကျင့်ခြင်းကိုပဲ ခိုင်ခိုင်မြဲမြဲ ပြုသင့်ပါတယ်။
လူမိုက်တွေမှာ မိတ်ဆွေရဲ့ ဂုဏ်အင်္ဂါလက္ခဏာ မရှိပါဘူး။

၆၁. မဟာကဿပသဒ္ဓိဝိဟာရိကဝတ္ထု (၆၁)
စရဉ္စေ နာဓိဂစ္ဆေယျ၊ သေယျံ သဒိသမတ္တနော။
ဧကစရိယံ  ဒဠှံ ကယိရာ၊ နတ္ထိ ဗာလေ သဟာယတာ။

61. Should a seeker not find a companion who is better or equal,
let him resolutely pursue a solitary course;
there is no fellowship with the fool.

ငါမရှိ၊ ငါ့အပူမရှိ ( ဓ- ၆၂ )
‘ ငါ့မှာ သားသမီးတွေ၊ ပစ္စည်းဥစ္စာတွေ ရှိတယ် ’ ဒီလို (စွဲလမ်းတွယ်တာစိတ်နဲ့) လူမိုက်ဟာ သိပ်ပင်ပန်းရပါတယ်။
( ငါ့ကိုယ် ငါတောင် မပိုင်တာပဲ )
တကယ်တော့ ငါ ဆိုတဲ့ အတ္တ လည်း မရှိတာကြောင့်
ငါ့သားသမီး၊ ငါ့ပစ္စည်းဥစ္စာ ဆိုတာ ဘယ်မှာ ရှိနိုင်ပါ့မလဲ။

၆၂. အာနန္ဒသေဋ္ဌိဝတ္ထု (၆၂)
ပုတ္တာ မတ္ထိ ဓနံ မတ္ထိ ၊ ဣတိ ဗာလော ဝိဟညတိ။
အတ္တာဟိ  အတ္တနော နတ္ထိ၊ ကုတော ပုတ္တာ ကုတော ဓနံ။

62. The fool worries, thinking, “I have sons, I have wealth.”
Indeed, when he himself is not his own,
whence are sons, whence is wealth?

ကိုယ့်ကိုယ်ကိုသိ ပညာရှိ ( ဓ- ၆၃ )
ကိုယ့်မိုက်ပြစ် ကိုယ်သိတဲ့ လူမိုက်ဟာ ပညာရှိ ဖြစ်လာနိုင်ပါသေးတယ်။
မိုက်နေပေမယ့် ကိုယ့်ကိုယ်ကို ပညာရှိလို့ ထင်မှတ်နေသူကိုတော့
တကယ့်လူမိုက်အစစ် လို့ ဆိုသင့်ပါတယ်။

၆၃. ဂဏ္ဌိဘေဒကစောရဝတ္ထု (၆၃)
ယော ဗာလော မညတိ ဗာလျံ၊ ပဏ္ဍိတော ဝါပိ တေန သော။
ဗာလော စ ပဏ္ဍိတမာနီ၊ သ ဝေ ‘‘ဗာလော’’တိ ဝုစ္စတိ။

63. A fool who knows his foolishness is wise at least to that extent,
but a fool who thinks himself wise is a fool indeed.

အသက်မဲ့တဲ့ ဘဝ ( ဓ- ၆၄ )
လူမိုက်ဟာ ပညာရှိနဲ့ တစ်သက်လုံးပဲ နေထိုင်ပေမယ့်
သူတော်ကောင်းတရားကို မသိမြင်ပါဘူး။
ဟင်းမွှေဇွန်းဟာ ဟင်းအရသာကို မသိသလိုပေါ့။

၆၄. ဥဒါယိတ္ထေရဝတ္ထု (၆၄)
ယာဝဇီဝမ္ပိ စေ ဗာလော၊ ပဏ္ဍိတံ ပယိရုပါသတိ။
န သော ဓမ္မံ ဝိဇာနာတိ၊ ဒဗ္ဗီ သူပရသံ ယထာ။

64. Though all his life a fool associates with a wise man, he no more comprehends the Truth than a spoon tastes the flavor of the soup.

တရားအရသာသိ ပညာရှိ ( ဓ- ၆၅ )
လူလိမ္မာဟာ ပညာရှိနဲ့ တစ်ခဏလေးပဲ ဆည်းကပ်နေထိုင်ရပေမယ့်
သူတော်ကောင်းတရားကို လျင်လျင်မြန်မြန် သိပါတယ်။
လျှာဟာ ဟင်းအရသာကို သိသလိုပေါ့။

၆၅. တိံသပါဝေယျကဘိက္ခုဝတ္ထု (၆၅)
မုဟုတ္တမပိ စေ ဝိညူ၊ ပဏ္ဍိတံ ပယိရုပါသတိ။
ခိပ္ပံ ဓမ္မံ ဝိဇာနာတိ၊ ဇိဝှာ သူပရသံ ယထာ။

65. Though only for a moment a discerning person
associates with  a wise man, quickly he comprehends the Truth,
just as the tongue tastes the flavor of the soup.

ကိုယ့်သေတွင်း ကိုယ်တူးသူ ( ဓ- ၆၆ )
အသိလိမ္မာဉာဏ်ပညာမရှိတဲ့ လူမိုက်တွေဟာ
ကိုယ်တိုင် ကိုယ့်ရဲ့ရန်သူကြီးလိုဖြစ်အောင် ကျင့်ကြံနေကြပါတယ်။
ခါးစပ်ပူလောင် နာကျင်ခံခက် မကောင်းကျိုးပေးတဲ့
မကောင်းမှုအကုသိုလ်ကို ပြုလုပ်နေကြပါတယ်။

၆၆. သုပ္ပဗုဒ္ဓကုဋ္ဌိဝတ္ထု (၆၆)
စရန္တိ ဗာလာ ဒုမ္မေဓာ၊ အမိတ္တေနေဝ အတ္တနာ။
ကရောန္တာ ပါပကံ ကမ္မံ၊ ယံ ဟောတိ ကဋုကပ္ဖလံ။

66. Fools of little wit are enemies unto themselves as they move about doing evil deeds, the fruits of which are bitter.

အကုသိုလ်လုပ်ရင် နောင်တရ ( ဓ- ၆၇ )
( နောင်တထပ်ခါ ပူပန်စေတဲ့အလုပ်တွေ မလုပ်တာ ကောင်းပါတယ်။ )
နောင်တထပ်ခါ ပူပန်စေတဲ့အလုပ်တွေ လုပ်တာ မကောင်းပါဘူး။
အဲဒီ(မကောင်းမှုကံ) ရဲ့အကျိုးကို
မျက်ရည်နဲ့မျက်ခွက် ငိုယိုပြီး ခံစားသုံးဆောင်ရလို့ပါပဲ။

၆၇. ကဿကဥပါသကဝတ္ထု (၆၇)
န  တံ ကမ္မံ ကတံ သာဓု၊ ယံ ကတွာ အနုတပ္ပတိ။
ယဿ အဿုမုခေါ ရောဒံ၊ ဝိပါကံ ပဋိသေဝတိ။

67. Ill done is that action of doing which one repents later,
and the fruit of which one, weeping, reaps with tears.

ကုသိုလ်လုပ်ရင် ဝမ်းသာရ ( ဓ- ၆၈ )
နောင်တထပ်ခါ မပူပန်စေတဲ့အလုပ်တွေ လုပ်တာ ကောင်းပါတယ်။
အဲဒီ(ကောင်းမှုကံ) ရဲ့ အကျိုးကို
(ပြုံး)ပီတိဝေဖြာ ဝမ်းသာရွှင်လန်း (ချမ်းချမ်းသာသာ) ခံစားသုံးဆောင်ရလို့ပါပဲ။

၆၈. သုမနမာလာကာရဝတ္ထု (၆၈)
တဉ္စ ကမ္မံ ကတံ သာဓု၊ ယံ ကတွာ နာနုတပ္ပတိ။
ယဿ ပတီတော သုမနော၊ ဝိပါကံ ပဋိသေဝတိ။

68. Well done is that action of doing which one repents not later, and
the fruit of which one reaps with delight and happiness.

ဘယ်လောက်ချိုတဲ့အဆိပ်ပဲဖြစ်ဖြစ် မသောက်မျိုသင့် ( ဓ- ၆၉ )
မကောင်းမှုကံ အကျိုးမပေးသေးချိန်မှာ
လူမိုက်ဟာ မကောင်းမှုကို
ပျားလည်လို (ချိုမြိန်လိုက်တာ)လို့ ထင်မှတ်မှားပါတယ်။
အကုသိုလ်ကံ အကျိုးပေးချိန်တန်တော့ လူမိုက် ဒုက္ခရောက်ရပြီ။

၆၉. ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု (၆၉)
မဓုဝါ  မညတိ ဗာလော၊ ယာဝ ပါပံ န ပစ္စတိ။
ယဒါ စ ပစ္စတိ ပါပံ၊ ဗာလော ဒုက္ခံ နိဂစ္ဆတိ။

69. So long as an evil deed has not ripened, the fool thinks it as sweet as honey. But when the evil deed ripens, the fool comes to grief.

အကျင့်မှားလုပ် အကျိုးယုတ် ( ဓ- ၇၀ )
(အကျင့်မှန်မသိတဲ့) လူမိုက်ဟာ လစဉ်လတိုင်း အစားအစာကို
မြက်ဖျားလေးနဲ့ပဲ   (တို့)စားမယ်ဆိုရင်တောင်-
အဲဒီလူမိုက်ဟာ (အနှစ်တစ်ရာ ခြိုးခြံကျင့်ပေမယ့်)
တရားသိ တရားရှိတဲ့ သူတော်ကောင်းရဲ့
( ၂၅၆ )စိတ် ( ၁ )စိတ်လောက်တောင် အဖိုးမတန်ပါဘူး။

၇၀. ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု (၆၉)
မာသေ မာသေ ကုသဂ္ဂေန၊ ဗာလော ဘုဉ္ဇေယျ ဘောဇနံ။
န သော သင်္ခါတဓမ္မာနံ ၊ ကလံ အဂ္ဃတိ သောဠသိံ။

70. Month after month a fool may eat his food with the tip of
a blade of grass, but he still is not worth a sixteenth part of
the those who have comprehended the Truth.

မကောင်းမှုရှောင်၊ မလောင်ခင်တား ( ဓ- ၇၁ )
ခုချက်ချင်း ညှစ်ထားတဲ့ နွားနို့ဟာ မချဉ်မသိုး အခိုးလွှတ်သေးသလို -
ပြုခါစ မကောင်းမှုအကုသိုလ်ကံဟာ
ချက်ချင်း အခိုးမလွှတ် (ဆိုးကျိုးမပေး)သေးပါဘူး။
ပြာဖုံးမီးခဲလိုဖြစ်ပြီး လူမိုက်နောက်ကို ကပ်လိုက်လို့ လောင်ကျွမ်းရှို့မြိုက်ပါတယ်။

၇၁. အဟိပေတဝတ္ထု (၇၁)
န ဟိ ပါပံ ကတံ ကမ္မံ၊ သဇ္ဇု ခီရံဝ မုစ္စတိ။
ဍဟန္တံ ဗာလမနွေတိ၊ ဘသ္မစ္ဆန္နောဝ ပါဝကော။

71. Truly, an evil deed committed does not immediately bear fruit,
like milk that does not turn sour all at once. But smoldering,
it follows the fool like fire covered by ashes.

k
Search box တွင်ရှာရန် - ဓမ္မပဒအဖော်မွန်  ဟု ရိုက်ပြီးဖတ်ရှုနိုင်ပါသည်။

မသုံးတတ်လို့ ဘေးသင့် ( ဓ- ၇၂ )
လူမိုက်ရဲ့ အတတ်ပညာ(ဥစ္စာအာဏာ၊ ကျော်ကြားခြင်း)တွေဟာ
အကျိုးမဲ့ပျက်စီးဖို့ ဖြစ်လာတာပါ။
အဲဒါတွေဟာ လူမိုက်ရဲ့ ကုသိုလ်အစုဖြူစင်မှုကို ဖျက်ဆီးပစ်ပါတယ်။
(ဉာဏ်ပညာ) ဦးခေါင်းထိပ်ကို ပြတ်ကျစေပါတယ်။

၇၂. သဋ္ဌိကူဋပေတဝတ္ထု (၇၂)
ယာဝဒေဝ အနတ္ထာယ၊ ဉတ္တံ  ဗာလဿ ဇာယတိ။
ဟန္တိ ဗာလဿ သုက္ကံသံ၊ မုဒ္ဓမဿ ဝိပါတယံ။

72. To his own ruin the fool gains knowledge, for it cleaves his head and destroys his innate goodness.

မပြည့်တဲ့အိုး ဘောင်ဘင်ခတ်၊
အဆံချောင်ချောင်၊ အနှံထောင်ထောင် ( ဓ- ၇၃၊ ၇၄ )
ရဟန်းမိုက်ဟာ သိက္ခာဂုဏ်ရည် တကယ်မရှိပါဘဲ ချီးမွမ်းခံချင်ပါတယ်။
ရဟန်းအပေါင်းကို ရှေ့ဆောင်ဦးစီးချင်ပါတယ်။ ကျောင်းတွေကို စိုးမိုးပိုင်ဆိုင်ချင်ပါတယ်။ အခြားဒါယကာတွေရဲ့ ပူဇော်တာကိုလည်း လိုချင်တောင့်တပါတယ်။

‘ ငါ့ကြောင့်ပဲ ကိစ္စကြီးငယ်တွေ ပြီးစီးကြတယ် ’ လို့
လူရော ရဟန်းပါ နှစ်ဖက်လုံး မှတ်ထင်ကြပါစေ။
‘ အမှုကိစ္စတွေမှာ ငါ့အလိုလိုက်၊ ငါ့အကြိုက်ဆောင်ကြပါစေ’ လို့ ရဟန်းမိုက်ဟာ ဒီလိုကြံစည်ပြီး တဏှာ၊ မာနတွေ တိုးပွားများပြားနေပါတယ်။

(( လူများဆင်ခြင်ရန် -
လူမိုက်ဟာ သိက္ခာဂုဏ်ရည် တကယ်မရှိပါဘဲ ချီးမွမ်းခံချင်ပါတယ်။ ခေါင်းဆောင်ဖြစ်ချင်ပါတယ်။ နေရာလိုချင်ပါတယ်။ အပူဇော်ခံချင်ပါတယ်။
‘ ငါ့ကြောင့်ပဲ အားလုံး အရာရာ အဆင်ပြေနေတာ’ လို့ ထင်စေချင်နေပါတယ်။
‘ ငါ့အလိုလိုက်၊ ငါ့အကြိုက်ဆောင်ကြပါစေ ’လို့ လူမိုက်ဟာ ဒီလိုကြံစည်ပြီး
အလိုရမ္မက်တွေတိုးပွား၊ မာနတွေကြီးမားနေပါတယ်။ ))

၇၃. စိတ္တဂဟပတိဝတ္ထု (၇၃၊ ၇၄)
အသန္တံ ဘာဝနမိစ္ဆေယျ ၊ ပုရေက္ခာရဉ္စ ဘိက္ခုသု။
အာဝါသေသု စ ဣဿရိယံ၊ ပူဇာ ပရကုလေသု စ။
၇၄. မမေဝ  ကတ မညန္တု၊ ဂိဟီပဗ္ဗဇိတာ ဥဘော။
မမေဝါတိဝသာ အဿု၊ ကိစ္စာကိစ္စေသု ကိသ္မိစိ။
ဣတိ ဗာလဿ သင်္ကပ္ပေါ၊ ဣစ္ဆာ မာနော စ ဝဍ္ဎတိ။

73. The fool seeks undeserved reputation, precedence among monks, authority over monasteries, and honor among householders. 74. “Let both laymen and monks think that it was done by me.
In every work, great and small, let them follow me”—such is
the ambition  of the fool; thus his desire and pride increase.

ငြိမ်းအေးတဲ့ဘဝ ( ဓ- ၇၅ )
လာဘ်ရကြောင်းအကျင့်က တစ်ခြား၊ နိဗ္ဗာန်ရောက်ကြောင်းအကျင့်က တစ်ခြား၊
ဒီလို အထူးသိတဲ့ မြတ်ဗုဒ္ဓရဲ့ တပည့်သားရဟန်းတော်ဟာ
လာဘ်လာဘ ပူဇော်သက္ကာရတွေကို စွဲလမ်းတွယ်တာ နှစ်သက်မနေပါဘူး။
တိတ်ဆိတ်၊ ငြိမ်သက်၊ ငြိမ်းအေးမှုတွေကိုပဲ အထပ်ထပ်အခါခါ ပွားများစေပါတယ်။

၇၅. ဝနဝါသီတိဿသာမဏေရဝတ္ထု  (၇၅)
အညာ ဟိ လာဘူပနိသာ၊ အညာ နိဗ္ဗာနဂါမိနီ။
ဧဝမေတံ အဘိညာယ၊ ဘိက္ခု ဗုဒ္ဓဿ သာဝကော။

သက္ကာရံ နာဘိနန္ဒေယျ၊ ဝိဝေကမနုဗြူဟယေ။
75. One is the quest for worldly gain, and quite another is the path to Nibbāna. Clearly understanding this, let not the monk, The disciple of the Buddha, be carried away by worldly acclaim, but develop detachment instead.

((မှတ်စု ၅။ ။ လူမိုက်ဟာ ယခုဘဝအကျိုး၊ နောင်ဘဝအကျိုး၊
လောကီအကျိုး၊ လောကုတ္တရာအကျိုး၊
သူ့အကျိုး၊ ကိုယ့်အကျိုး၊
အကြောင်း အကျိုး၊ အကောင်း အဆိုး၊ အမှား အမှန် ကို မသိမြင်ပါဘူး။
တရားမကြိုက်၊ အမှားလိုက်တဲ့ လူမိုက်ကို မပေါင်းပါနဲ့။
လူမိုက်တွေမှာ မိတ်ဆွေလက္ခဏာ မရှိပါဘူး။
လူမိုက်တွေဟာ ကိုယ့်ကိုယ်ကိုတောင်
ရန်သူကြီးလိုဖြစ်အောင် ကျင့်ဆောင်ပါတယ်။
စိတ်မိုက်ဟာ ရန်သူအစစ်ပါ။
လူမိုက်ဟာ ဓါးသွားထက်က အဆိပ်လူးပျားရည်စက်ကို အားရပါးရ လျက်မြိုပါတယ်။
မိုက်မှန်းသိရင် ကောင်းလာနိုင်ပါသေးတယ်။ ))

#Dhammapada Parli Myanmar English
#Teaching of BUDDHA #BUDDHA Vacana

#Dhammapada Translated By #Acharya Buddharakkhita
#မြတ်ဗုဒ္ဓ၏ဓမ္မပဒ #ဓမ္မပဒအဖော်မွန် #အရှင်ဉာဏဝရ(ပါရမီ) ပူဇော်ပါသည်။

No comments:

Post a Comment