Sunday, February 12, 2017

ဓမ္မပဒအဖော်မွန် ၉

ဓမ္မပဒအဖော်မွန် - ၉
မြတ်ဗုဒ္ဓ၏ ဓမ္မပဒ ၉။ ပါပဝဂ္ဂ၊ မကောင်းမှု

မြန်မြန် ဆောင်၊  မြန်မြန် ရှောင် ( ဓ- ၁၁၆ )
ကုသိုလ်ကောင်းမှုအစုစုကို
(အချိန်မဆွဲဘဲ) လျင်လျင်မြန်မြန်ပဲ ပြုလုပ်သင့်ပါတယ်။
မကောင်းမှု အကုသိုလ် မဖြစ်အောင်
စိတ်ကို (သတိ၊ပညာ နဲ့) တားမြစ်သင့်ပါတယ်။
ကုသိုလ်ကောင်းမှုကို
ဖြည်းဖြည်းနှေးနှေး တွန့်ဆုတ် တွန့်ဆုတ် လုပ်နေမယ်ဆိုရင်
(မကောင်းမှုဘက်ကို ပါသွားနိုင်လို့)
စိတ်ဟာ မကောင်းမှုမှာ ပျော်မွေ့တတ်လို့ပါပဲ။

၁၁၆.  စူဠေကသာဋကဝတ္ထု (၁၁၆)
အဘိတ္ထရေထ ကလျာဏေ၊ ပါပါ စိတ္တံ နိဝါရယေ။
ဒန္ဓံ ဟိ ကရောတော ပုညံ၊ ပါပသ္မိံ ရမတီ မနော။

9. Pāpavagga: Evil 116. Hasten to do good; restrain your mind from evil.
He who is slow in doing good, his mind delights in evil.

မကောင်းမှုများလေ - ဆင်းရဲလေ ( ဓ- ၁၁၇ )
မကောင်းမှုအကုသိုလ်ကို
(တစ်ကြိမ်တစ်ခါ မလိမ္မာလို့) ပြုလုပ်မိသူဟာ
ထပ်ခါထပ်ခါ ဆက်မလုပ်သင့်ပါဘူး။
မကောင်းမှုအကုသိုလ် ပြုလုပ်ချင်တဲ့ ဆန္ဒဆိုးကိုလည်း မဖြစ်စေသင့်ပါဘူး။
မကောင်းမှုတွေ တိုးပွားလာတာဟာ ဆင်းရဲခြင်းရဲ့ အကြောင်းရင်းဖြစ်လို့ပါပဲ။

၁၁၇. သေယျသကတ္ထေရဝတ္ထု (၁၁၇)
ပါပဉ္စေ ပုရိသော ကယိရာ၊ န နံ  ကယိရာ ပုနပ္ပုနံ။
န တမှိ ဆန္ဒံ ကယိရာထ၊ ဒုက္ခော ပါပဿ ဥစ္စယော။

117. Should a person commit evil, let him not do it again and again.
Let him not find pleasure therein, for painful is the accumulation of evil.

ကောင်းမှုများလေ - ချမ်းသာလေ ( ဓ- ၁၁၈ )
ကောင်းမှုကုသိုလ်ကို ပြုလုပ်အားထုတ်သူဟာ
ထပ်ခါထပ်ခါ ဆက်လုပ်သင့်ပါတယ်။
(စိတ်အစဉ်ကို ကြည်လင်စေတတ်) ကုသိုလ်မြတ် ပြုလုပ်ချင်တဲ့
ဆန္ဒမွန်ကိုလည်း ဖြစ်စေသင့်ပါတယ်။
ကောင်းမှုတွေ တိုးပွားလာတာဟာ ချမ်းသာခြင်းရဲ့ အကြောင်းရင်းဖြစ်လို့ပါပဲ။

၁၁၈. လာဇဒေဝဓီတာဝတ္ထု (၁၁၈)
ပုညဉ္စေ ပုရိသော ကယိရာ၊ ကယိရာ နံ ပုနပ္ပုနံ။
တမှိ ဆန္ဒံ ကယိရာထ၊ သုခေါ ပုညဿ ဥစ္စယော။

118. Should a person do good, let him do it again and again.
Let him find pleasure therein, for blissful is the accumulation of good.

အခွင့်သင့်ချိန် ( ဓ- ၁၁၉ )
မကောင်းတာလုပ်သူပေမယ့်လည်း
ဒီအကုသိုလ်ကံ ဆိုးကျိုးပေးချိန်မတန်သေးခင်မှာ-
အကောင်းတွေကို တွေ့ကြုံနေရပါသေးတယ်။
ဒီအကုသိုလ်ကံ ဆိုးကျိုးပေးချိန်တန်တဲ့အခါ -
မကောင်းတာလုပ်သူဟာ မကောင်းကျိုးတွေကို တွေ့ကြုံရပါတော့တယ်။

၁၁၉. အနာထပိဏ္ဍိကသေဋ္ဌိဝတ္ထု (၁၁၉၊ ၁၂ဝ)
ပါပေါပိ  ပဿတိ ဘဒြံ၊ ယာဝ ပါပံ န ပစ္စတိ။
ယဒါ စ ပစ္စတိ ပါပံ၊ အထ ပါပေါ ပါပါနိ ပဿတိ။

119. It may be well with the evil-doer as long as the evil ripens not.
But when it does ripen, then the evil-doer sees
(the painful results of) his evil deeds.

အခွင့်သာချိန် ( ဓ- ၁၂၀ )
ကောင်းတာလုပ်သူပေမယ့်လည်း
ဒီကုသိုလ်ကံ ကောင်းကျိုးပေးချိန်မတန်သေးခင်မှာ-
အဆိုးတွေကို တွေ့ကြုံနေရပါသေးတယ်။
ဒီကုသိုလ်ကံ ကောင်းကျိုးပေးချိန်တန်တဲ့အခါ -
ကောင်းတာလုပ်သူဟာ ကောင်းကျိုးတွေကို တွေ့ကြုံရပါတော့တယ်။

၁၂၀. ဘဒြောပိ ပဿတိ ပါပံ၊ ယာဝ ဘဒြံ န ပစ္စတိ။
ယဒါ စ ပစ္စတိ ဘဒြံ၊ အထ ဘဒြော ဘဒြာနိ  ပဿတိ။

120. It may be ill with the doer of good as long as the good ripens not. But when it does ripen, then the doer of good sees
(the pleasant results of) his good deeds.

အကုသိုလ် စုဘူး ( ဓ- ၁၂၁ )
မကောင်းမှုအကုသိုလ်ကို
'' နည်းနည်းလေးပဲ၊ ကိုယ့်ဆီ ပြန်လာမှာ မဟုတ်ပါဘူး '' လို့ အထင်မသေးသင့်ပါဘူး။
ရေစက်ရေပေါက်လေးတွေ ကျရောက်ပါများတဲ့အခါ ရေအိုးကြီး ပြည့်သွားသလို -
လူမိုက်ဟာ မကောင်းမှုကို နည်းနည်းစီ ထပ်ခါထပ်ခါ
ဆည်းပူး စုပေါင်းပါများတဲ့အခါ မကောင်းမှုအကုသိုလ်နဲ့ ပြည့်လာပါတော့တယ်။

၁၂၁. အသညတပရိက္ခာရဝတ္ထု (၁၂၁)
မာဝမညေထ  ပါပဿ၊ န မန္ဒံ အာဂမိဿတိ။
ဥဒဗိန္ဒုနိပါတေန၊ ဥဒကုမ္ဘောပိ ပူရတိ။
ဗာလော ပူရတိ ပါပဿ၊ ထောကံ ထောကမ္ပိ  အာစိနံ။

121. Think not lightly of evil, saying, “It will not come to me.”
Drop by drop is the water pot filled. Likewise, the fool, gathering it little by little, fills himself with evil.

ဖြည့် မှ ပြည့် ( ဓ- ၁၂၂ )
ကောင်းမှုကုသိုလ်ကို
'' နည်းနည်းလေးပဲ၊ ကိုယ့်ဆီ ပြန်လာမှာ မဟုတ်ပါဘူး'' လို့ အထင်မသေးသင့်ပါဘူး။
ရေစက်ရေပေါက်လေးတွေ ကျရောက်ပါများတဲ့အခါ ရေအိုးကြီး ပြည့်သွားသလို -
ပညာရှိဟာ ကောင်းမှုကို နည်းနည်းစီ ထပ်ခါထပ်ခါ
ဆည်းပူး စုပေါင်းပါများတဲ့အခါ ကောင်းမှုကုသိုလ်နဲ့ ပြည့်လာပါတော့တယ်။

၁၂၂.  ဗိဠာလပါဒကသေဋ္ဌိဝတ္ထု (၁၂၂)
မာဝမညေထ ပုညဿ၊ န မန္ဒံ အာဂမိဿတိ။
ဥဒဗိန္ဒုနိပါတေန၊ ဥဒကုမ္ဘောပိ ပူရတိ။
ဓီရော ပူရတိ ပုညဿ၊ ထောကံ ထောကမ္ပိ အာစိနံ။

122. Think not lightly of good, saying, “It will not come to me.”
Drop by drop is the water pot filled. Likewise, the wise man, gathering it little by little, fills himself with good.

အကုသိုလ်ဟာ အဆိပ်ပါ ( ဓ- ၁၂၃ )
အဖော်နည်းပြီး ပစ္စည်းဥစ္စာများတဲ့ ကုန်သည်ဟာ
ဘေးရန်ရှိတဲ့ ခရီးလမ်းကို ရှောင်ကြဉ်ပါတယ်။
အသက်ရှင်ချင်သူဟာ အဆိပ်ကို ရှောင်ကြဉ်ပါတယ်။ ဒီလိုပါပဲ -
ပညာရှိဟာ မကောင်းမှုတွေကို ရှောင်ကြဉ်ပါတယ်။

၁၂၃. မဟာဓနဝါဏိဇဝတ္ထု (၁၂၃)
ဝါဏိဇောဝ ဘယံ မဂ္ဂံ၊ အပ္ပသတ္ထော မဟဒ္ဓနော။
ဝိသံ ဇီဝိတုကာမောဝ၊ ပါပါနိ ပရိဝဇ္ဇယေ။

123. Just as a trader with a small escort and great wealth would avoid
a perilous route, or just as one desiring to live avoids poison,
even so should one shun evil.

စေတနာမပါ ကံမမြောက် ( ဓ- ၁၂၄ )
လက်မှာ အနာမရှိရင်၊ အနာမရှိတဲ့လက်နဲ့ အဆိပ်ကိုင်ပေမယ့်၊
အနာကင်းစင် လက်ဝါးပြင်ကို အဆိပ်မတက်နိုင်သလို -
မကောင်းမှုအကုသိုလ် ပြုလုပ်ချင်တဲ့ စေတနာဆိုးမရှိရင်
အကုသိုလ်မဖြစ်၊ အပြစ်မရှိ။

၁၂၄. ကုက္ကုဋမိတ္တနေသာဒဝတ္ထု (၁၂၄)
ပါဏိမှိ စေ ဝဏော နာဿ၊ ဟရေယျ ပါဏိနာ ဝိသံ။
နာဗ္ဗဏံ ဝိသမနွေတိ၊ နတ္ထိ ပါပံ အကုဗ္ဗတော။
124. If on the hand there is no wound, one may carry even poison in it. Poison does not affect one who is free from wounds.
For him who does no evil, there is no ill.

ပြန်လာမယ့် ဒဏ်ရာတွေ ( ဓ- ၁၂၅ )
လှူဒါန်းပူဇော်ကိုးကွယ်ထိုက်သူ၊ စင်ကြယ်သူ၊
ကိလေသာအညစ်အကြေးမရှိတဲ့၊ မပြစ်မှားသင့်သူကို
လူမိုက်ဟာ ပြစ်မှားပါတယ်။
လေညာကို လွှင့်ပစ်လိုက်တဲ့ မြူမှုန်နုနုတွေဟာ
အဲဒီ လွှင့်ပစ်လိုက်သူဆီကိုပဲ ပြန်လွင့်ကျလာသလို -
အဲဒီလူမိုက်ဆီကို မကောင်းကျိုးတွေ ပြန်လာပါတယ်။

၁၂၅. ကောကသုနခလုဒ္ဒက (၁၂၅)
ယော  အပ္ပဒုဋ္ဌဿ နရဿ ဒုဿတိ၊ သုဒ္ဓဿ ပေါသဿ အနင်္ဂဏဿ။
တမေဝ ဗာလံ ပစ္စေတိ ပါပံ၊ သုခုမော ရဇော ပဋိဝါတံဝ ခိတ္တော။

125. Like fine dust thrown against the wind, evil falls back upon that fool who offends an inoffensive, pure and guiltless man.
E   a F

ငြိမ်းသောမီး ( ဓ- ၁၂၆ )
တစ်ချို့သူတွေဟာ မိခင်ဝမ်းမှာ ဖြစ်ကြပါတယ်။
မကောင်းမှု ပြုသူတွေဟာ ငရဲမှာ ဖြစ်ကြပါတယ်။
ကြည်လင်စိတ်ထား ကောင်းတဲ့ အလားအလာရှိသူတွေဟာ
နတ်ပြည်သွားရောက်ရပါတယ်။
အာသဝေါကင်းကွာ ရဟန္တာအရှင်မြတ်တွေကတော့
ခန္ဓာဝန်သိမ်း အပြီးတိုင် ငြိမ်းအေးသွားကြပါတယ်။

၁၂၆. မဏိကာရကုလူပကတိဿတ္ထေရ (၁၂၆)
ဂဗ္ဘမေကေ ဥပ္ပဇ္ဇန္တိ၊ နိရယံ ပါပကမ္မိနော။
သဂ္ဂံ သုဂတိနော ယန္တိ၊ ပရိနိဗ္ဗန္တိ အနာသဝါ။

126. Some are born in the womb; the wicked are born in hell;
the devout go to heaven; the stainless pass into Nibbāna.

ဒုက္ခမရောက်ချင်ရင် အကုသိုလ်မလုပ်နဲ့ ( ဓ- ၁၂၇ )
ကောင်းကင်မှာ တည်နေလည်း အကုသိုလ်ကံအကျိုးပေးက မလွတ်နိုင်ပါဘူး။
သမုဒ္ဒရာအလယ်မှာ တည်နေလည်း အကုသိုလ်ကံအကျိုးပေးက မလွတ်နိုင်ပါဘူး။
တောင်ခေါင်းထဲမှာ ဝင်ခိုအောင်းနေလည်း
အကုသိုလ်ကံအကျိုးပေးက မလွတ်နိုင်ပါဘူး။
ပြုလုပ်ထားခဲ့တဲ့ မကောင်းမှုအကုသိုလ်ကံ အကျိုးပေးကနေ
လွတ်မြောက်ရာ အရပ်ဒေသ မရှိပါဘူး။

၁၂၇. တယောဇနဝတ္ထု (၁၂၇)
န အန္တလိက္ခေ န သမုဒ္ဒမဇ္ဈေ၊ န ပဗ္ဗတာနံ ဝိဝရံ ပဝိဿ
န ဝိဇ္ဇတီ  သော ဇဂတိပ္ပဒေသော၊ ယတ္ထဋ္ဌိတော  မုစ္စေယျ ပါပကမ္မာ။

127. Neither in the sky nor in mid-ocean, nor by entering into
mountain clefts, nowhere in the world is there a place where one may escape from the results of evil deeds.

နိဗ္ဗာန် မှတစ်ပါး အခြားမရှိ ( ဓ- ၁၂၈ )
ကောင်းကင်မှာ တည်နေလည်း သေခြင်းတရားက မလွတ်နိုင်ပါဘူး။
သမုဒ္ဒရာအလယ်မှာမှာ တည်နေလည်း သေခြင်းတရားက မလွတ်နိုင်ပါဘူး။
တောင်ခေါင်းထဲမှာဝင်ခိုအောင်းနေလည်း သေခြင်းတရားက မလွတ်နိုင်ပါဘူး။
သေခြင်းတရားရဲ့ နှိပ်စက်မှုက လွတ်မြောက်ရာ အရပ်ဒေသ မရှိပါဘူး။

၁၂၈. သုပ္ပဗုဒ္ဓသကျဝတ္ထု (၁၂၈)
န အန္တလိက္ခေ န သမုဒ္ဒမဇ္ဈေ၊ န ပဗ္ဗတာနံ ဝိဝရံ ပဝိဿ
န ဝိဇ္ဇတီ သော ဇဂတိပ္ပဒေသော၊ ယတ္ထဋ္ဌိတံ  နပ္ပသဟေယျ မစ္စု။

128. Neither in the sky nor in mid-ocean, nor by entering into
mountain clefts, nowhere in the world is there a place where one
will not be overcome by death.

Aအရှင်ဉာဏဝရ(ပါရမီ) ပူဇော်ပါသည်။ A

(( မှတ်စု ၉ ။ ။ စိတ်ဟာ မကောင်းမှုမှာ ပျော်မွေ့နေကျပါပဲ။
ပညာရှိကတော့
ကောင်းမှုတွေမှာ စိတ်ပျော်မွေ့လာအောင်
ကြိုးစားလေ့ကျင့်နိုင်ပါတယ်။

ကျောက်စရစ်ခဲဟာ ငယ်ပေမယ့် ရေမှာမြှုပ်သလို -
အကုသိုလ်ဟာ ငယ်ပေမယ့် ဒုက္ခပေးနိုင်ပါတယ်။
ရွှေဟာ သေးငယ်ပေမယ့် အဖိုးတန်သလို -
ကုသိုလ်ဟာ ငယ်ပေမယ့် တန်ဖိုးရှိပါတယ်။

အမှိုက်ကစ ပြဿာဒ်မီးလောင် မဖြစ်သင့်ပါဘူး။
ပညာရှိဟာ အမှိုက်ကို ရွှေဖြစ်အောင် လုပ်ဆောင်နိုင်ပါတယ်။

ရှေးကံ၊ ယခုကံ တွေရဲ့
ကောင်းကျိုး ၊ ဆိုးမွေကို
အချိန်တန်မှ ခံစားကြရတာပါ။

ရှေးက မကောင်းခဲ့လို့ ခုမကောင်း၊
ခုမကောင်းရင် နောင်မကောင်း။
ရှေးက ကောင်းခဲ့လို့ ခုကောင်း၊
ခုကောင်းမှ နောင်ကောင်း။ ))
G   h

#Dhammapada Parli Myanmar English
#Teaching of BUDDHA #BUDDHA Vacana

#Dhammapada Translated By #Acharya Buddharakkhita
#မြတ်ဗုဒ္ဓ၏ဓမ္မပဒ #ဓမ္မပဒအဖော်မွန် #အရှင်ဉာဏဝရ(ပါရမီ) ပူဇော်ပါသည်။

No comments:

Post a Comment