Sunday, February 12, 2017

ဓမ္မပဒအဖော်မွန် ၈

ဓမ္မပဒအဖော်မွန် - ၈
မြတ်ဗုဒ္ဓ၏ ဓမ္မပဒ ၈။ သဟဿဝဂ္ဂ၊ တစ်ထောင်

ကောင်းသောစကားကိုသာ ဆိုသောမူသော မြတ်စွာဘုရား ( ဓ- ၁၀၀ )
အကျိုးမရှိတဲ့ စာပုဒ်တွေပါတဲ့ စကားခွန်းရေ တစ်ထောင်ဖြစ်ပါစေ။
(မမြင့်မြတ်ပါဘူး။)
ကြားရရင် (ကိလေသာရာဂ)ငြိမ်းအေးစေတဲ့
အကျိုးရှိတဲ့ စာတစ်ပုဒ်ကပဲ (တစ်ပုဒ်ဆိုတစ်ပုဒ်) ထူးခြားမြင့်မြတ်ပါတယ်။

၁၀၀. တမ္ဗဒါဌိကစောရဃာတကဝတ္ထု (၁ဝဝ)
သဟဿမပိ စေ ဝါစာ၊ အနတ္ထပဒသံဟိတာ။
ဧကံ အတ္ထပဒံ သေယျော၊ ယံ သုတွာ ဥပသမ္မတိ။

8. Sahassavagga: The Thousands 100. Better than a thousand useless words is
one useful word, hearing which one attains peace.

A Q

မှန်ကန်အကျိုးရှိသောစကားကိုသာ ဆိုတော်မူသော မြတ်စွာဘုရား ( ဓ- ၁၀၁ )
အကျိုးမရှိတဲ့ စာပုဒ်တွေပါတဲ့ ကဗျာပေါင်း(ဂါထာပေါင်း)တစ်ထောင်ပဲဖြစ်ဖြစ် (မမြင့်မြတ်ပါဘူး။)
ကြားရရင် ငြိမ်းအေးစေတတ်တဲ့
အကျိုးရှိတဲ့ ကဗျာ(ဂါထာ)တစ်ပုဒ်ကပဲ (တစ်ပုဒ်ဆိုတစ်ပုဒ်) ထူးခြားမြင့်မြတ်ပါတယ်။

၁၀၁. ဗာဟိယဒါရုစီရိယဝတ္ထု (၁ဝ၁)
သဟဿမပိ စေ ဂါထာ၊ အနတ္ထပဒသံဟိတာ။
ဧကံ ဂါထာပဒံ သေယျော၊ ယံ သုတွာ ဥပသမ္မတိ။

101. Better than a thousand useless verses is
One useful verse, hearing which one attains peace.

တစ်ပုဒ်ဆို တစ်ပုဒ် အဟုတ်ဖြစ်ပါစေ ( ဓ- ၁၀၂ )
အကျိုးမရှိတဲ့ စာပုဒ်တွေပါတဲ့ ကဗျာ(ဂါထာ) တစ်ရာပဲ ရွတ်ရွတ်၊ (မမြင့်မြတ်ပါဘူး။)
ကြားရရင် ငြိမ်းအေးစေတဲ့ (ဓမ္မပဒ) တရားတစ်ပုဒ်ကပဲ
(တစ်ပုဒ်ဆိုတစ်ပုဒ်) ထူးခြားမြင့်မြတ်ပါတယ်။

၁၀၂. ကုဏ္ဍလကေသီထေရီဝတ္ထု (၁ဝ၂၊ ၁ဝ၃)
ယော စ ဂါထာ သတံ ဘာသေ၊ အနတ္ထပဒသံဟိတာ ။
ဧကံ ဓမ္မပဒံ သေယျော၊ ယံ သုတွာ ဥပသမ္မတိ။

102. Better than reciting a hundred meaningless verses is the reciting of one verse of Dhamma, hearing which one attains peace.

အမြင့်မြတ်ဆုံးအောင်မြင်မှု ( ဓ - ၁၀၃ )
(သူရဲကောင်း)တစ်ယောက်ဟာ
စစ်မြေပြင်မှာ လူပေါင်းတစ်ထောင်ကို အခါတစ်ထောင် အောင်နိုင်ပါတယ်။
(သူရဲကောင်း)တစ်ယောက်ကတော့
မိမိကိုယ်မိမိ တစ်ဦးတည်းကို တစ်ကြိမ်တစ်ခါ အောင်နိုင်ပါတယ်။
တကယ်တော့ - (အတွင်းရန်သူ ကိလေသာ)စိတ်ကို အောင်မြင်သူဟာ
စစ်မြေပြင်မှာ အောင်မြင်သူတွေထက် သာလွန်မွန်မြတ်ပါတယ်။

၁၀၃. ယော သဟဿံ သဟေဿန၊သင်္ဂါမေ မာနုသေ ဇိနေ။
ဧကဉ္စ ဇေယျမတ္တာနံ ၊ သ ဝေ သင်္ဂါမဇုတ္တမော။

103. Though one may conquer a thousand times a thousand men
in battle, yet he indeed is the noblest victor who conquers himself.

ပြန်မရှုံးတဲ့ အောင်မြင်မှု ( ဓ- ၁၀၄ - ၁၀၅ )
တခြားအောင်နိုင်သူတွေ ရှိပေမယ့်
ကိုယ်တွင်းပူဆာ ကိလေသာကို အောင်နိုင်တာကပဲ
အစစ်အမှန် မြင့်မြတ်ပါတယ်။
ဒီလို - ကိုယ့်ကိုယ်ကို ကိလေသာကင်းစင်အောင် ဆုံးမပြီးသူ၊
ကိုယ်နှုတ်စိတ် အမြဲစောင့်ထိန်းကျင့်ရှိသူရဲ့ အောင်နိုင်ခြင်းကို
ပြန်လည်ရှုံးနိမ့်သွားအောင်
နတ်၊ ဂန္ဓဗ္ဗနတ်၊ မာရ်နတ်နဲ့ ဗြဟ္မာကြီးလည်း မလုပ်နိုင်တော့ပါဘူး။

၁၀၄. အနတ္တပုစ္ဆကဗြာဟ္မဏဝတ္ထု (၁ဝ၄၊ ၁ဝ၅)
အတ္တာ ဟဝေ ဇိတံ သေယျော၊ ယာ စာယံ ဣတရာ ပဇာ။
အတ္တဒန္တဿ ပေါသဿ၊ နိစ္စံ သညတစာရိနော။
၁၀၅. နေဝ ဒေဝေါ န ဂန္ဓဗ္ဗော၊ န မာရော သဟ ဗြဟ္မုနာ။
ဇိတံ အပဇိတံ ကယိရာ၊ တထာရူပဿ ဇန္တုနော။

104-105. Self-conquest is far better than the conquest of others.
Not even a god, an angel, Mara or Brahma can turn into defeat
the victory of a person who is self-subdued and ever restrained in conduct.

အပူဇော်ခံထိုက်သူ ( ဓ- ၁၀၆ )
အနှစ်တစ်ရာလုံး လစဉ်လတိုင်း ဥစ္စာတစ်ထောင်စွန့်ပြီး
(သာမန်လူတွေကို) ပေးလှူပူဇော်တာထက် -
သီလ သမာဓိ ပညာ ပွားများထားသူ၊ တရားဘာဝနာအားထုတ်သူ (ရဟန်းတစ်ပါး)ကို
တစ်ကြိမ် တစ်ခဏလေး ပူဇော်လှူဒါန်းရတာက ထူးခြားမြင့်မြတ်ပါတယ်။

၁၀၆. သာရိပုတ္တတ္ထေရဿ မာတုလဗြာဟ္မဏ (၁ဝ၆)
မာသေ  မာသေ သဟေဿန၊ ယော ယဇေထ သတံ သမံ။
ဧကဉ္စ ဘာဝိတတ္တာနံ၊ မုဟုတ္တမပိ ပူဇယေ။
သာယေဝ ပူဇနာသေယျော၊ ယဉ္စေ ဝဿသတံ ဟုတံ။

106. Though month after month for a hundred years
one should offer sacrifices  by the thousands, yet if only for a moment one should worship those of perfected minds  that honor
is indeed better than a century of sacrifice.

အနှစ်တစ်ရာ နှင့် တစ်ခဏ တာ ( ဓ- ၁၀၇ )
အနှစ်တစ်ရာလုံး တောမှာ မီး(မီးနတ်)ကို ပူဇော်လုပ်ကျွေးတာထက် -
သီလ သမာဓိ ပညာ ပွားများထားသူ
တရားဘာဝနာ အားထုတ်သူ (ရဟန်းတစ်ပါး)ကို
တစ်ကြိမ် တစ်ဏလေး ပူဇော်ရတာက ထူးခြားမြင့်မြတ်ပါတယ်။

၁၀၇. သာရိပုတ္တတ္ထေရဿ ဘာဂိနေယျဝတ္ထု (၁ဝ၇)
ယော စ ဝဿသတံ ဇန္တု၊ အဂ္ဂိံ ပရိစရေ ဝနေ။
ဧကဉ္စ ဘာဝိတတ္တာနံ၊ မုဟုတ္တမပိ ပူဇယေ။
သာယေဝ ပူဇနာသေယျော၊ ယဉ္စေ ဝဿသတံ ဟုတံ။

107. Though for a hundred years one should tend the sacrificial fire
in the forest, yet if only for a moment one should worship
those of perfected minds, that worship is indeed better than
a century of sacrifice.

Q
U U U

လက်အုပ်တစ်ကြိမ်  ဦးနှိမ်တချ၊ များလှကောင်းကျိုး ( ဓ- ၁၀၈ )
လောကမှာ ကောင်းမှုကုသိုလ်လိုချင်တဲ့အတွက်
(သာမန်ပုထုဇဉ်တွေကို) အလှူကြီး အလှူငယ် တစ်နှစ်လုံး လှူဒါန်းပူဇော်ကြပါတယ်။
အဲဒီအလှူအားလုံးဟာ
ဖြောင့်မတ်မှန်ကန်ကျင့်ကြံသူ (အရိယာပုဂ္ဂိုလ်)တွေကို
ကြည်ညိုမြတ်နိုးရှိခိုးရတဲ့ ကုသိုလ်စေတနာရဲ့ လေးပုံတစ်ပုံကိုတောင် မမီနိုင်ပါဘူး။
မဇ္ဈိမပဋိပတ် အကျင့်မြတ်နှင့် ဖြောင့်မတ်မှန်ကန် ကျင့်ကြံကြသူ
အရိယာတွေကို ကြည်ညိုမြတ်နိုးရှိခိုးတာက ထူးခြားမြင့်မြတ်ပါတယ်။

၁၀၈. သာရိပုတ္တတ္ထေရဿ သဟာယကဗြာဟ္မဏ (၁ဝ၈)
ယံ ကိဉ္စိ ယိဋ္ဌံ ဝ ဟုတံ ဝ လောကေ၊ သံဝစ္ဆရံ ယဇေထ ပုညပေက္ခော။
သဗ္ဗမ္ပိ တံ န စတုဘာဂမေတိ၊ အဘိဝါဒနာ ဥဇ္ဇုဂတေသု သေယျော။

108. Whatever gifts and oblations one seeking merit might offer in this world for a whole year, all that is not worth one fourth of the merit gained by revering the Upright Ones, which is truly excellent.

ပူဇော်တတ်တဲ့ သူတော်မြတ် ( ဓ- ၁၀၉ )
(ရိုသေလေးစားသင့်သူတွေကို) ဦးညွတ်ရိုကျိုး ရှိခိုးကျင့်ရှိသူ၊
အသက် ဂုဏ်ဝါ သိက္ခာကြီးမားသူကို အမြဲရိုသေလေးစား ပူဇော်တတ်သူမှာ -
အသက်ရှည်ခြင်း၊  အဆင်းလှခြင်း၊ ချမ်းသာရခြင်း၊ ခွန်အားကြီးခြင်း  ဆိုတဲ့
အကျိုးတရားလေးပါဟာ တိုးပွားလာပါတယ်။

၁၀၉. အာယုဝဍ္ဎနကုမာရဝတ္ထု (၁ဝ၉)
အဘိဝါဒနသီလိဿ၊ နိစ္စံ ဝုဍ္ဎာပစာယိနော ။
စတ္တာရော ဓမ္မာ ဝဍ္ဎန္တိ၊ အာယု ဝဏ္ဏော သုခံ ဗလံ။

109. To one ever eager to revere and serve the elders,
these four blessing accrue: long life and beauty, happiness and power.

ဘဝတန်ဖိုး ( ဓ- ၁၁၀ )
သီလမရှိ၊ တည်ကြည်မှုမရှိသူရဲ့ အနှစ်တစ်ရာ အသက်ရှင်ရတာထက် -
သီလ၊ သမာဓိ ရှိသူရဲ့ တစ်ရက်တာ အသက်ရှင်ရတာက
ထူးခြားမြင့်မြတ်ပါတယ်။

((သမာဓိနှစ်မျိုး-သမထသမာဓိ၊ ဝိပဿနာသမာဓိ))

၁၁၀. သံကိစ္စသာမဏေရဝတ္ထု (၁၁ဝ)
ယော စ ဝဿသတံ ဇီဝေ၊ ဒုဿီလော အသမာဟိတော။
ဧကာဟံ ဇီဝိတံ သေယျော၊ သီလဝန္တဿ ဈာယိနော။

110. Better it is to live one day virtuous and meditative than
to live a hundred years immoral and uncontrolled.

အနှစ်တစ်ရာထက် မြတ်သောတစ်ရက် ( ဓ- ၁၁၁ )
အသိလိမ္မာ ဉာဏ်ပညာမရှိ၊ တည်ကြည်မှုမရှိသူရဲ့
အနှစ်တစ်ရာ အသက်ရှင်ရတာထက် -
သမာဓိ၊ ပညာ ရှိသူရဲ့ တစ်ရက်တာ အသက်ရှင်ရတာက
ထူးခြားမြင့်မြတ်ပါတယ်။

၁၁၁. ခါဏုကောဏ္ဍညတ္ထေရဝတ္ထု (၁၁၁)
ယော စ ဝဿသတံ ဇီဝေ၊ ဒုပ္ပညော အသမာဟိတော။
ဧကာဟံ ဇီဝိတံ သေယျော၊ ပညဝန္တဿ ဈာယိနော။

111. Better it is to live one day wise and meditative than
to live a hundred years foolish and uncontrolled.

ရဲရဲရင့်ရင့် မြင့်မြင့်မြတ်မြတ် ( ဓ- ၁၁၂ )
ပေါ့ဆပျင်းရိပြီး အကျိုးမရှိတဲ့ အတွေးတွေနဲ့ အချိန်ကုန်လွန်စေသူ၊
ရဲရင့်မှုဝီရိယ လျော့နည်းသူရဲ့ အနှစ်တစ်ရာ အသက်ရှင်ရတာထက် -
(ကောင်းမှုကုသိုလ်ကိစ္စတွေမှာ)
ကြိုးစားအားထုတ်၊ မလှုပ်မယိုင် ခိုင်မြဲတဲ့ ရဲရင့်မှုဝီရိယရှိသူရဲ့
တစ်ရက်တာ အသက်ရှင်ရတာက ထူးခြားမြင့်မြတ်ပါတယ်။
(( ရဲရဲရင့်ရင့်အားထုတ်ခြင်း ဝီရိယလေးမျိုး -
မဖြစ်သေးတဲ့အကုသိုလ်ကို မဖြစ်စေခြင်း၊ ဖြစ်ပြီးတဲ့ အကုသိုလ်ကို ပယ်ရှားခြင်း၊
မဖြစ်သေးတဲ့ ကုသိုလ်ကို ဖြစ်ပေါ်စေခြင်း၊ ဖြစ်ပြီးတဲ့ ကုသိုလ်ကို တိုးပွားစေခြင်း။ ))

၁၁၂. သဗ္ဗဒါသတ္ထေရဝတ္ထု (၁၁၂)
ယော စ ဝဿသတံ ဇီဝေ၊ ကုသီတော ဟီနဝီရိယော။
ဧကာဟံ ဇီဝိတံ သေယျော၊ ဝီရိယမာရဘတော ဒဠှံ။

112. Better it is to live one day strenuous and resolute than
to live a hundred years sluggish and dissipated.
ဓမ္မအသိဖြင့် အကျိုးရှိရှိနေမည် ( ဓ- ၁၁၃ )
ခန္ဓာငါးပါး ရုပ်နာမ်တရားတွေရဲ့
မနားသွက်လက် ဖြစ်-ပျက်၊ ဖြစ်-ပျက် ကို မသိမြင်သူ
အနှစ်တစ်ရာအသက်ရှင်ရတာထက် -
ခန္ဓာငါးပါး ရုပ်နာမ်တရားတွေရဲ့ ဖြစ်ခြင်း ပျက်ခြင်း သဘောကို သိမြင်သူ
တစ်ရက်တာ အသက်ရှင်ရတာက ထူးခြားမြင့်မြတ်ပါတယ်။

၁၁၃.  ပဋာစာရာထေရီဝတ္ထု (၁၁၃)
ယော  စ ဝဿသတံ ဇီဝေ၊ အပဿံ ဥဒယဗ္ဗယံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဥဒယဗ္ဗယံ။

113. Better it is to live one day seeing the rise and fall of things than
to live a hundred years without ever seeing the rise and fall of things.

အဓိပ္ပါယ်ရှိတဲ့ ဘဝ ( ဓ- ၁၁၄ )
သေခြင်းကင်းရာ နိဗ္ဗာန်ကို မမြင်သူရဲ့ အနှစ်တစ်ရာ အသက်ရှင်ရတာထက် -
သေခြင်းကင်းရာ နိဗ္ဗာန်ကို မြင်သူရဲ့ တစ်ရက်တာ အသက်ရှင်ရတာက
ထူးခြားမြင့်မြတ်ပါတယ်။

၁၁၄. ကိသာဂေါတမီဝတ္ထု (၁၁၄)
ယော စ ဝဿသတံ ဇီဝေ၊ အပဿံ အမတံ ပဒံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော အမတံ ပဒံ။

114. Better it is to live one day seeing the Deathless than
to live a hundred years without ever seeing the Deathless.

ဘဝပန်းတိုင် ( ဓ- ၁၁၅ )
မဂ်၊ ဖိုလ်၊ နိဗ္ဗာန် လောကုတ္တရာတရားမြတ်ကို မသိမြင်သူရဲ့
အနှစ်တစ်ရာ အသက်ရှင်ရတာထက် -
မဂ်၊ ဖိုလ်၊ နိဗ္ဗာန် လောကုတ္တရာတရားမြတ်ကို သိမြင်သူရဲ့
တစ်ရက်တာ အသက်ရှင်ရတာက ထူးခြားမြင့်မြတ်ပါတယ်။

၁၁၅.  ဗဟုပုတ္တိကတ္ထေရီဝတ္ထု (၁၁၅)
ယော စ ဝဿသတံ ဇီဝေ၊ အပဿံ ဓမ္မမုတ္တမံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဓမ္မမုတ္တမံ။

115. Better it is to live one day seeing the Supreme Truth than
to live a hundred years without ever seeing the Supreme Truth.

(( မှတ်စု ၈ ။ ။ မြတ်ဗုဒ္ဓရဲ့ စကားတော်ဟာ တစ်ခွန်းဆိုတစ်ခွန်း
ငြိမ်းအေးချမ်းသာမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။

သီလ၊ သမာဓိ၊ ပညာ၊ သတိ၊ ဝီရိယ မရှိသူရဲ့
အနှစ်တစ်ရာ အသက်ရှင်ရတာက မမြတ်ပါဘူး။
သီလ၊ သမာဓိ၊ ပညာ၊ သတိ၊ ဝီရိယ ရှိသူရဲ့ တစ်ရက်တစ်မနက် အသက်ရှင်ရတာက မနှိုင်းယှဉ်သာအောင် သိပ်ထူးမြတ်လှပါတယ်။ ))

#Dhammapada Parli Myanmar English
#Teaching of BUDDHA #BUDDHA Vacana

#Dhammapada Translated By #Acharya Buddharakkhita
#မြတ်ဗုဒ္ဓ၏ဓမ္မပဒ #ဓမ္မပဒအဖော်မွန် #အရှင်ဉာဏဝရ(ပါရမီ) ပူဇော်ပါသည်။

No comments:

Post a Comment