Sunday, February 12, 2017

ဓမ္မပဒအဖော်မွန် ၎

ဓမ္မပဒအဖော်မွန် - ၎
မြတ်ဗုဒ္ဓ၏ ဓမ္မပဒ ၄။ ပုပ္ဖဝဂ္ဂ၊ ပန်း

ပန်းမှာ အပွင့်၊ လူမှာ အကျင့် ( ဓ- ၄၄ )
ဒီရုပ်ခန္ဓာဆိုတဲ့ မြေဓာတ်ကို ဘယ်သူဟာ စိစစ်သိမြင်နိုင်မလဲ ?
အပါယ်လေးဘုံ၊ နတ်ဗြဟ္မာဘုံနဲ့တကွ
ဒီလူ့ဘုံကို ဘယ်သူဟာ စိစစ်သိမြင်နိုင်မလဲ ?
ကျွမ်းကျင်သူ (ပန်းသီသမား) ဟာ
ပန်းပွင့်ကို သိမြင်နားလည် စိစစ်ရွေးချယ်သလို….
ကောင်းကောင်းမွန်မွန် ဟောထားတဲ့ တရားအစု ဓမ္မပဒကို
ဘယ်သူဟာ စိစစ်ဆင်ခြင် သိမြင်နားလည်နိုင်မလဲ ?

၄၄. ပထဝိကထာပသုတပဉ္စသတဘိက္ခု (၄၄၊ ၄၅)
ကော ဣမံ  ပထဝိံ ဝိစေဿတိ ၊ ယမလောကဉ္စ ဣမံ သဒေဝကံ။
ကော ဓမ္မပဒံ သုဒေသိတံ၊ ကုသလော ပုပ္ဖမိဝ ပစေဿတိ ။

4. Pupphavagga: Flowers 44. Who shall overcome this earth, this realm of Yama and this sphere of men and gods? Who shall bring to perfection the well-taught path of wisdom as an expert garland-maker would his floral design?

သိက္ခာရှိသူ သိမှာပါ ( ဓ- ၄၅ )
သီလ၊သမာဓိ၊ပညာ သိက္ခာသုံးပါး တရားမြတ်ကို ကျင့်ကြံအားထုတ်နေသူဟာ
ဒီရုပ်ခန္ဓာဆိုတဲ့ မြေဓာတ်ကို စိစစ်သိမြင်နိုင်မှာပါ။
အပါယ်လေးဘုံ၊ နတ်ဗြဟ္မာဘုံနဲ့တကွ ဒီလူ့ဘုံကို
တရားကျင့်ကြံနေသူဟာ စိစစ်သိမြင်မှာပါ။
ကျွမ်းကျင်သူ(ပန်းသီသမား) ဟာ
ပန်းပွင့်ကို သိမြင်နားလည် စိစစ်ရွေးချယ်သလို….
ကောင်းကောင်းမွန်မွန် ဟောထားတဲ့ တရားအစု ဓမ္မပဒကို
မြတ်တရားကျင့်ကြံနေသူ ဟာ စိစစ်ဆင်ခြင် သိမြင်နားလည်မှာပါ။

၄၅. သေခေါ ပထဝိံ ဝိစေဿတိ၊ ယမလောကဉ္စ ဣမံ သဒေဝကံ။
သေခေါ ဓမ္မပဒံ သုဒေသိတံ၊ ကုသလော ပုပ္ဖမိဝ ပစေဿတိ။

45. A striver-on-the path shall overcome this earth, this realm of Yama and this sphere of men and gods. The striver-on-the-path shall bring to perfection the well-taught path of wisdom,
as an expert garland-maker would his floral design.
a

ရေမြှုပ်-တံလျှပ်-မျက်လှည့်ပမာ ဤခန္ဓာ ( ဓ- ၄၆ )
( အနှစ်မရှိ၊ ဖြစ်ပျက်နေပြီး အထင်မှားစေတတ်လို့)
ဒီရုပ်နာမ်ခန္ဓာကို ရေမြှုပ်လို၊ တံလျှပ်လို သဘောရှိတယ် လို့
ဉာဏ်နဲ့ဆင်ခြင် ကောင်းကောင်းသိမြင်သူဟာ
ကိလေသာမာရ် ကိုယ်တွင်းရန်ရဲ့ သေပန်းပွင့် ဝဋ်ဆင်းရဲတွေကို
ခြွေဖြတ်ပြီး သေမင်းမမြင်ရာကို ရောက်မှာပါ။
(( သေမင်းရဲ့ အဆိပ်လူးပန်းပွင့်တွေကို သတိထားပါလေ))

၄၆. မရီစိကမ္မဋ္ဌာနိကဘိက္ခုဝတ္ထု (၄၆)
ဖေဏူပမံ  ကာယမိမံ ဝိဒိတွာ၊ မရီစိဓမ္မံ အဘိသမ္ဗုဓာနော။
ဆေတွာန မာရဿ  ပပုပ္ဖကာနိ ၊ အဒဿနံ မစ္စုရာဇဿ ဂစ္ဆေ။

46. Realizing that this body is like froth, penetrating its mirage-like nature, and plucking out Mara’s flower-tipped arrows of sensuality,
go beyond sight of the King of Death!

ငရဲပန်းကို ရွှေပန်းထင် ( ဓ- ၄၇ )
ပန်းပွင့်တွေကို (လောဘတကြီး) ခူးယူနေသူလို…
(ကာမဂုဏ်အာရုံတွေမှာ) စွဲလမ်းတကြီး တောင့်တတွယ်တာစိတ်ရှိသူကို
သေမင်းဟာ မျှောယူခေါ်ဆောင်သွားပါတယ်။
ပြင်းထန်တဲ့ ရေစီးကြောင်းကြီးဟာ အိပ်မောကျနေတဲ့ (လူမိုက်)ရွာ ကို
တိုက်မျှောယူချသွားသလိုပေါ့။
၄၇. ဝိဋဋူဘဝတ္ထု (၄၇)
ပုပ္ဖါနိ ဟေဝ ပစိနန္တံ၊ ဗျာသတ္တမနသံ  နရံ။
သုတ္တံ ဂါမံ မဟောဃောဝ၊ မစ္စု အာဒါယ ဂစ္ဆတိ။

47. As a mighty flood sweeps away the sleeping village,
so death carries away the person of distracted mind
who only plucks the flowers (of pleasure).

ဖူး - ပွင့် - လန်း၊ နွမ်း - ကြွေ - ကျ၊ ပန်းဘဝ ( ဓ- ၄၈ )
ပန်းပွင့်တွေကို (လောဘတကြီး) ခူးယူနေသူလို…
မရသေးတာကို တောင့်တ၊ ရပြီးတာကို တွယ်တာ၊ စွဲလမ်းစိတ်ရှိသူဟာ
ကာမဂုဏ်အာရုံတွေမှာ မတင်းတိမ်၊ မရောင့်ရဲသေးခင်မှာပဲ
သေမင်းနိုင်ငံကို လိုက်ကြရပါတယ်။

၄၈. ပတိပူဇိကကုမာရီဝတ္ထု (၄၈)
ပုပ္ဖါနိ ဟေဝ ပစိနန္တံ၊ ဗျာသတ္တမနသံ နရံ။
အတိတ္တညေဝ ကာမေသု၊ အန္တကော ကုရုတေ ဝသံ။

48. The Destroyer brings under his sway the person of distracted mind who, insatiate in sense desires, only plucks the flowers (of pleasure).
S

ကိုယ့်အကျိုးဆောင်၊ သူ့အကျိုးရွက်၊ နှစ်ဖက်လှပါစေ ( ဓ- ၄၉ )
ပျားပိတုန်းဟာ
ပန်းပွင့်ရဲ့ လှပသင်းပျံ့ ဆင်းရနံ့ကို မပျက်စီးစေဘဲ
ပန်းဝတ်ရည်ကို စုပ်ယူပျံသန်းသလို၊
ပညာရှိသူ (ရဟန်း) ဟာ လူအပေါင်းမှာ
( သဒ္ဓါ၊ ပစ္စည်း မပျက်စီးအောင် ) ကျင့်ဆောင်သင့်ပါတယ်။

၄၉. မစ္ဆရိယကောသိယသေဋ္ဌိဝတ္ထု (၄၉)
ယထာပိ ဘမရော ပုပ္ဖံ၊ ဝဏ္ဏဂန္ဓမဟေဌယံ ။
ပလေတိ ရသမာဒါယ၊ ဧဝံ ဂါမေ မုနီ စရေ။

49. As a bee gathers honey from the flower without injuring its color or fragrance, even so the sage goes on his alms-round in the village.

ကိုယ့်ပန်း ကိုယ်ပျိုး ( ဓ- ၅၀ )
သူများရဲ့ မကောင်းပြစ်တွေကို နှလုံးမသွင်းပါနဲ့။
သူများရဲ့ ကောင်းမှု၊ မကောင်းမှု - ပြု၊ မပြု ကို
(စိတ်ညစ်၊ စိတ်ရှုပ်ခံပြီး) (အကုသိုလ်အဖြစ်ခံပြီး) ကြည့်မနေပါနဲ့။
ကိုယ့်ရဲ့ ကောင်းမှု၊ မကောင်းမှု- ပြု၊ မပြု ကိုပဲ
(မပြတ်သတိ အမြဲရှိပြီး) ပညာနှင့်ကြည့်ရှုဆင်ခြင်(စိစစ်)ပါ။

၅၀. ပါဝေယျအာဇီဝကဝတ္ထု (၅ဝ)
န ပရေသံ ဝိလောမာနိ၊ န ပရေသံ ကတာကတံ။
အတၱေနာဝ အေဝေကၡယ်၊ ကတာနိ အကတာနိ စ။

50. Let none find fault with others; let none see the omissions and commissions of others. But let one see one’s own acts, done and undone.

အဆင်းသာရှိ၊ အချင်းမရှိ ( ဓ- ၅၁ )
အရောင်အဆင်းလှပပြီး မွှေးရနံ့ မရှိတဲ့ ပန်းလိုပါပဲ။
ကောင်းကောင်းမွန်မွန် ဟောကြားထားတဲ့ မြတ်ဗုဒ္ဓစကားတော် ဟာလည်း
မလိုက်နာသူအတွက် အကျိုးမဆောင်နိုင်ပါဘူး။

၅၁. ဆတ္တပါဏိဥပါသကဝတ္ထု (၅၁၊ ၅၂)
ယထာပိ ရုစိရံ ပုပ္ဖံ၊ ဝဏ္ဏဝန္တံ အဂန္ဓကံ။
ဧဝံ သုဘာသိတာဝါစာ၊အဖလာဟောတိ အကုဗ္ဗတော။

51. Like a beautiful flower full of color but without fragrance, even so, fruitless are the fair words of one who does not practice them.

အဆင်းလည်းလှ၊ ရနံ့လည်းသင်း၊ ပန်းမင်းရတနာ ( ဓ- ၅၂ )
အရောင်အဆင်း လှပပြီး ရနံ့သင်းပျံ့မွှေးကြိုင်တဲ့ ပန်းလိုပါပဲ။
ကောင်းကောင်းမွန်မွန် ဟောကြားထားတဲ့ မြတ်ဗုဒ္ဓစကားတော် ဟာလည်း
လိုက်နာကျင့်သုံးသူ အတွက် အကျိုးများစွာ ဆောင်နိုင်ပါတယ်။

၅၂. ယထာပိ ရုစိရံ ပုပ္ဖံ၊ ဝဏ္ဏဝန္တံ သုဂန္ဓကံ ။
ဧဝံ သုဘာသိတာ ဝါစာ၊ သဖလာ ဟောတိ ကုဗ္ဗတော။

52. Like a beautiful flower full of color and also fragrant, even so,
fruitful are the fair words of one who practices them.

ကုသိုလ်ပန်းကုံး အလှဆုံး ( ဓ- ၅၃ )
ပန်းမျိုးပေါင်းစုံ ပန်းပုံကြီးထဲက
များပြားလှပတဲ့ ပန်းကုံးတွေကို သီကုံးပြုလုပ်သလို၊
သေဖို့မွေးဖွားလာသူဟာ (မသေခင်မှာ) ကောင်းမှုကုသိုလ်တွေကို
များများစုံစုံ ပြုလုပ်သင့်ပါတယ်။

၅၃. ဝိသာခါဝတ္ထု (၅၃)
ယထာပိ  ပုပ္ဖရာသိမှာ၊ ကယိရာ မာလာဂုဏေ ဗဟူ။
ဧဝံ ဇာတေန မစ္စေန၊ ကတ္တဗ္ဗံ ကုသလံ ဗဟုံ။

53. As from a great heap of flowers many garlands can be made, even so should many good deeds be done by one born a mortal.

H T E

ရနံ့စံအိမ် ( ဓ- ၅၄ )
စန္ဒကူး၊ တောင်ဇလပ်၊ စံပယ်… ပန်းရနံ့တွေဟာ
အထက်လေညာအရပ်ကို မသွားရောက်နိုင်ပါဘူး။
သူတော်ကောင်းတွေရဲ့ ဂုဏ်သတင်းရနံ့ကတော့
လေညာအရပ်ကို ဆန်တက်သွားနိုင်ပါတယ်။
သူတော်ကောင်းသတင်းဟာ အရပ်မျက်နှာအားလုံးမှာ
သင်းပျံ့မွှေးကြိုင် ရနံ့လှိုင်နေပါတယ်။

၅၄. အာနန္ဒတ္ထေရပဥှာဝတ္ထု (၅၄၊ ၅၅)
န ပုပ္ဖဂန္ဓော ပဋိဝါတမေတိ၊ န စန္ဒနံ တဂရမလ္လိကာ ဝါ ။
သတဉ္စ ဂန္ဓော ပဋိဝါတမေတိ၊ သဗ္ဗာ ဒိသာ သပ္ပုရိသော ပဝါယတိ။

54. Not the sweet smell of flowers, not even the fragrance of sandal, tagara, or jasmine blows against the wind.
But the fragrance of the virtuous blows against the wind.
Truly the virtuous man pervades all directions
with the fragrance of his virtue.

ရင်အေးစေတဲ့ မွှေးရနံ့ ( ဓ- ၅၅ )
စန္ဒကူးနှစ်၊ တောင်ဇလပ်ပန်း၊ ကြာပန်း၊ မြတ်လေးပန်း၊ စံပယ်ပန်း ….
ဒီလို မွေးပျံ့သင်းထုံ ပန်းမျိုးစုံရနံ့ထက် သီလရနံ့ဟာ
တုနှိုင်းမဲ့ (သင်းပျံ့မွှေးကြိုင်) ထူးမြတ်လှပါတယ်။

၅၅. စန္ဒနံ တဂရံ ဝါပိ၊ ဥပ္ပလံ အထ ဝဿိကီ။
ဧတေသံ ဂန္ဓဇာတာနံ၊ သီလဂန္ဓော အနုတ္တရော။

55. Of all the fragrances—sandal, tagara, blue lotus and jasmine—
the fragrance of virtue is the sweetest.

အမြတ်ဆုံးရနံ့ ( ဓ- ၅၆ )
တောင်ဇလပ်ပန်း၊ စန္ဒကူးနံ့သာ ….. မွှေးရနံ့တွေဟာ နည်းနည်းလေးပါ။
သီလရှိသူတွေရဲ့ သီလရနံ့ဟာ အလွန်ထူးမြတ်ပြီး
နတ်ဗြဟ္မာဘုံတိုင်အောင် သင်းပျံ့မွှေးကြိုင်နေပါတယ်။

၅၆. မဟာကဿပတ္ထေရဝတ္ထု (၅၆)
အပ္ပမတ္တော အယံ ဂန္ဓော၊ ယွာယံ တဂရစန္ဒနံ ။
ယော စ သီလဝတံ ဂန္ဓော၊ ဝါတိ ဒေဝေသု ဥတ္တမော။

56. Faint is the fragrance of tagara and sandal, but excellent is the fragrance of the virtuous, wafting even amongst the gods.

ရင်ငြိမ်းပန်းရဲ့ လမ်းကို မာရ်နတ် မခန့်မှန်းနိုင် ( ဓ- ၅၇ )
သီလပြည့်စုံတဲ့၊ မမေ့မလျော့မပေါ့မဆ နေတဲ့၊
အမှန်ကောင်းကောင်းသိတဲ့၊ ကိလေသာအပူမီးတွေက လွတ်မြောက်ပြီးသူ
(ရဟန္တာသူတော်ကောင်း) တွေရဲ့ သွားရောက်လမ်းကို
မာရ်နတ် မသိမြင်နိုင်ပါဘူး။
၅၇. ဂေါဓိကတ္ထေရဝတ္ထု (၅၇)
တေသံ သမ္ပန္နသီလာနံ၊ အပ္ပမာဒဝိဟာရိနံ။
သမ္မဒညာ ဝိမုတ္တာနံ၊ မာရော မဂ္ဂံ န ဝိန္ဒတိ။

57. Mara never finds the path of the truly virtuous,
who abide in heedfulness and are freed by perfect knowledge.

ကြာပဒုံဟာ အမှိုက်ပုံမှာ ပွင့်ရသည့်တိုင် သင်းပျံ့မွှေးကြိုင်၊ ရနံ့လှိုင်ဆဲ ၊ လှပမြဲ -
( ဓ- ၅၈ - ၅၉ )
လမ်းမကြီးဘေး၊ စွန့်ပစ်ထားတဲ့ ရွံဖွယ်ပေါင်းစုံ အမှိုက်ပုံမှာ
စင်ကြယ်သန့်ရှင်း မွှေးရနံသင်းတဲ့ ပဒုမ္မာကြာပန်းကြီးဟာ
နှစ်သက်မြတ်နိုးဖွယ်ရာ တင့်တယ်ပေါ်ပေါက် ပွင့်ထွန်းလာသလို …...

အမှိုက်ပုံကြီးနဲ့တူတဲ့ - ကိလေသာများပြီး ဉာဏ်မျက်စိကန်းသူတွေကြားမှာ၊
(ကြာပန်းနဲ့တူတဲ့ -) ဘုရားတပည့် (ဘုရားစကားလိုက်နာသူ)ဟာ
အသိလိမ္မာဉာဏ်ပညာနဲ့ (ကြည်ညိုမြတ်နိုးစရာ)
အလွန်ထွန်းလင်းတင့်တယ်နေပါတယ်။

(( အမှိုက်လို - ပုထုဇဉ်အကန်းတွေအလယ်မှာ၊ ကြာပန်းလို -  မြတ်ဗုဒ္ဓသာဝကဟာ
ပညာအလင်းနဲ့ တောက်ပတင့်တယ်လိုက်တာ။ ))

၅၈. ဂရဟဒိန္နဝတ္ထု (၅၈၊ ၅၉)
ယထာ သင်္ကာရဓာနသ္မိံ ၊ ဥဇ္ဈိတသ္မိံ မဟာပထေ။
ပဒုမံ တတ္ထ ဇာယေထ၊ သုစိဂန္ဓံ မနောရမံ။
၅၉. ဧဝံ သင်္ကာရဘူတေသု၊ အန္ဓဘူတေ ပုထုဇ္ဇနေ။
အတိရောစတိ ပညာယ၊ သမ္မာသမ္ဗုဒ္ဓသာဝကော။

58. Upon a heap of rubbish in the road-side ditch blooms a lotus,
fragrant and pleasing. 59. Even so, on the rubbish heap of blinded mortals the disciple of the Supremely Enlightened One shines resplendent in wisdom.

((မှတ်စု ၄။ ။ လှပမွှေးပျံ့တဲ့ ပန်းနဲ့တူတဲ့ မြတ်ဗုဒ္ဓစကားတော်ကို
ပန်ဆင်ထားသူဟာ ဘယ်လောက်များ ကျက်သရေ ရှိလိုက်မလဲလေ။
ရင်ထဲမှာ ကုသိုလ်ပန်းတွေ ပွင့်ပါစေ။ လန်းပါစေ။ မွှေးပါစေ။

သင်းပျံ့သန့်ရှင်းတဲ့ပန်းပွင့်ဟာ ပွတ်ခြေဖျက်ဆီးပစ်သူရဲ့လက်ကိုတောင်
မွှေးရနံ့တွေ ပေးမြဲပါပဲ။ မြတ်စွာဘုရားရှင်စတဲ့ သူတော်ကောင်းတွေဟာလည်း
ကိုယ့်အပေါ် ဒုက္ခပေးနေသူတွေကိုတောင် မေတ္တာမပျက် ကောင်းကျိုးပြုလျှက်ပါပဲ။
နှလုံးသားထဲထိ မွှေးစိမ့်နိုင်စွမ်းရှိတဲ့ သူတော်ကောင်းတွေရဲ့ ဂုဏ်ရနံ့ဟာ
လေညာအရပ်ကို ဆန်တက်တဲ့တက်ရနံ့ -
ဝေလည်း မွှေး၊ ကြွေလည်းမွှေး။ ခြွေလည်းမွှေး နေမှာပါပဲ။

ကြာပန်းဟာ ရွံဗွက်အိုင်ကို အလှဆင်တယ်။
သူတော်ကောင်းဟာ လောကကြီးကို အလှဆင်ပါတယ်။ ))
D D D

#Dhammapada Parli Myanmar English
#Teaching of BUDDHA #BUDDHA Vacana

#Dhammapada Translated By #Acharya Buddharakkhita
#မြတ်ဗုဒ္ဓ၏ဓမ္မပဒ #ဓမ္မပဒအဖော်မွန် #အရှင်ဉာဏဝရ(ပါရမီ) ပူဇော်ပါသည်။

No comments:

Post a Comment