Sunday, February 12, 2017

ဓမ္မပဒအဖော်မွန် ၃

မြတ်ဗုဒ္ဓ၏ဓမ္မပဒ ၂။ အပ္ပမာဒဝဂ္ဂ၊ မမေ့လျော့ခြင်း

ကုသိုလ်မမေ့တာ နိဗ္ဗာန်ရကြောင်းပါ ( ဓ- ၂၁ - ၂၂ - ၂၃ )
မမေ့လျော့ မယစ်မူးခြင်းဟာ မသေခြင်းရဲ့ အကြောင်းရင်းပါ။
မေ့လျော့ ပေါ့ဆ ယစ်မူးခြင်းဟာ သေခြင်းရဲ့ အကြောင်းရင်းပါ။
မမေ့သူတွေ မသေပါဘူး။
မေ့သူ သေသူ အတူတူပါပဲ။

၂၁. သာမာဝတီဝတ္ထု (၂၁၊ ၂၂၊ ၂၃)
အပ္ပမာဒေါ အမတပဒံ ၊ ပမာဒေါ မစ္စုနော ပဒံ။
အပ္ပမတ္တာ န မီယန္တိ၊ ယေ ပမတ္တာ ယထာ မတာ။

2. Appamādavagga: Heedfulness 21. Heedfulness is the path to the Deathless. Heedlessness is the path to death. The heedful die not.
The heedless are as if dead already.

U U U

၂၂။ ဒီထူးခြားချက်ကို သိတဲ့ ပညာရှိတွေဟာ
မမေ့မလျော့ မပေါ့မဆ  မယစ်မူးပါဘူး။
မမေ့လျော့ခြင်းကို နှစ်သက်တဲ့ ပညာတွေရှိဟာ
အရိယာသူတော်ကောင်းတွေရဲ့ ကျက်စားရာ
မြင့်မြတ်တဲ့ တရားအာရုံမှာ နှစ်သက်ရွှင်လန်းကြပါတယ်။

၂၂. ဧဝံ  ဝိသေသတော ဉတွာ၊ အပ္ပမာဒမှိ ပဏ္ဍိတာ။
အပ္ပမာဒေ ပမောဒန္တိ၊ အရိယာနံ ဂေါစရေ ရတာ။

22. Clearly understanding this excellence of heedfulness,
the wise exult therein and enjoy the resort of the Noble Ones.

၂၃။ မမေ့လျော့တဲ့သတိ၊ သမထသမာဓိ၊ ဝိပဿနာသမာဓိ၊
မပြတ်လပ်တဲ့ လုံ့လဝီရိယ နဲ့ စွဲစွဲမြဲမြဲစူးစိုက်အားထုတ်သူ ပညာရှိတွေဟာ
အချုပ်အနှောင်တွေ လွတ်ကင်းရာ၊ ဘေးကင်းရာ
အနှိုင်းမဲ့နိဗ္ဗာန်ကို ရောက်ပါတယ်။

၂၃. တေ ဈာယိနော သာတတိကာ၊ နိစ္စံ ဒဠှပရက္ကမာ။
ဖုသန္တိ ဓီရာ နိဗ္ဗာနံ၊ ယောဂက္ခေမံ အနုတ္တရံ။

23. The wise ones, ever meditative and steadfastly persevering,
alone experience Nibbāna, the incomparable freedom from bondage.

တိုးတက်အောင်မြင် ပျော်ရွှင်ငြိမ်းချမ်း အပ္ပမာဒလမ်း ( ဓ- ၂၄ )
တက်ကြွတဲ့ လုံ့လဝီရိယရှိသူ၊ သတိရှိသူ၊
ဖြူစင်သန့်ရှင်း အပြစ်ကင်းတဲ့ ကံ(၃)ပါးရှိသူ၊
စဉ်းစားဆင်ခြင်တတ်သူ၊ ကိုယ်နှုတ်စိတ်(၃)ပါးကို စောင့်စည်းသူ၊
တရားနဲ့အညီ အသက်မွေးသူ၊ မမေ့လျော့ မပါ့ဆ မယစ်မူး သူမှာ
စည်းစိမ်ချမ်းသာ ကျော်ကြားခြင်းဟာ အလွန်ပဲ တိုးပွားများပြားလာပါတယ်။

၂၄. ကုမ္ဘဃောသကဝတ္ထု (၂၄)
ဥဋ္ဌာနဝတော သတီမတော ၊ သုစိကမ္မဿ နိသမ္မကာရိနော။
သညတဿ ဓမ္မဇီဝိနော၊ အပ္ပမတ္တဿ  ယသောဘိဝဍ္ဎတိ။

24. Ever grows the glory of him who is energetic,
mindful and pure in conduct,
discerning and self-controlled, righteous and heedful.

ကျွန်းမြတ်မဟာ တည်ဆောက်ပါ ( ဓ- ၂၅ )
ပညာရှိဟာ မမေ့လျော့ဘဲ တက်ကြွတဲ့ လုံလဝီရိယနဲ့
သီလလုံအောင် ကိုယ်နှုတ်စိတ်ကို စောင့်ထိန်းပြီး
ဣနြေ္ဒ(၆)ပါး(မျက်စိ၊နား၊နှာ၊လျှာ၊ကိုယ်၊စိတ်) ကို ဆုံးမလို့
အရဟတ္တဖိုလ်ဆိုတဲ့ ကျွန်းကြီးကို တည်ဆောက်ပါတယ်။
အဲဒီကျွန်းမြတ်ကို ကိလေသာရေစီးကြောင်းတွေက
လုံးဝ မလွှမ်းမိုး မဖြိုဖျက်နိုင်တော့ပါဘူး။
၂၅. စူဠပန္ထကဝတ္ထု (၂၅)
ဥဋ္ဌာနေနပ္ပမာဒေန ၊ သံယမေန ဒမေန စ။
ဒီပံ ကယိရာထ မေဓာဝီ၊ ယံ ဩဃော နာဘိကီရတိ။

25. By effort and heedfulness, discipline and self-mastery,
let the wise one make for himself an island which no flood can overwhelm.

မမေ့ခြင်းဟာ ရတနာ ( ဓ- ၂၆  )
ပညာမရှိတဲ့ လူမိုက်တွေဟာ မေ့လျော့ယစ်မူးစေတတ်တဲ့
မကောင်းမှုအကုသိုလ်တွေကို ထပ်ကာထပ်ကာ ပြုလုပ်ကြပါတယ်။
ပညာရှိကတော့ မမေ့လျော့ခြင်းကိုပဲ
မြင့်မြတ်တဲ့ ဥစ္စာရတနာလို စောင့်ရှောက်ပါတယ်။

၂၆. ဗာလနက္ခတ္တဝတ္ထု (၂၆၊ ၂၇)
ပမာဒမနုယုဉ္ဇန္တိ၊ ဗာလာ ဒုမ္မေဓိနော ဇနာ။
အပ္ပမာဒဉ္စ မေဓာဝီ၊ ဓနံ သေဋ္ဌံဝ ရက္ခတိ။

26. The foolish and ignorant indulge in heedlessness, but the wise one keeps his heedfulness as his best treasure.

A

မမေ့ရင် ချမ်းသာ ( ဓ- ၂၇ )
မေ့လျော့ယစ်မူးစေတတ်တဲ့ မကောင်းမှုအကုသိုလ်ကို မလုပ်ပါနဲ့။
ကိလေသာအာရုံ ကာမဂုဏ်မှာ ယစ်မူးပျော်ပါးတဲ့ တဏှာကို
မပေါင်းဖော်ပါနဲ့။
(မမေ့မလျော့ စူးစိုက်သူဟာ ကြီးကျယ်တဲ့ချမ်းသာကို ရပါတယ်။)
သမထဝိပဿနာ ဘာဝနာကို မမေ့မလျော့ စူးစိုက်အားထုတ်သူဟာ
ဈာန်မဂ်ဖိုလ်နိဗ္ဗာန်ချမ်းသာကို ရပါတယ်။

၂၇. မာ ပမာဒမနုယုဉ္ဇေထ၊ မာ ကာမရတိသန္ထဝံ ။
အပ္ပမတ္တော ဟိ ဈာယန္တော၊ ပပ္ပေါတိ ဝိပုလံ သုခံ။

27. Do not give way to heedlessness. Do not indulge in sensual pleasures. Only the heedful and meditative attain great happiness.

မမေ့ရင် အမြင့်ရောက် ( ဓ- ၂၈ )
မေ့လျော့ခြင်းကို မမေ့လျော့ခြင်းနဲ့ ပယ်နှုတ်တဲ့ ပညာရှိဟာ
သောက ကင်းစင်ပါတယ်။
ပညာပြဿာဒ်ထိပ်ကို တက်တဲ့အခါ
သောကငြှောင့် စူးဝင်နေသူတွေကို (အပေါ်စီးက) မြင်ရပါတယ်။
တောင်ထိပ်ရောက်နေသူဟာ မြေပြင်ကသူတွေကို မြင်ရသလို
ပညာရှိဟာ လူမိုက်တွေကို (အပေါ်စီးက) မြင်ရပါတယ်။
၂၈. မဟာကဿပတ္ထေရဝတ္ထု (၂၈)
ပမာဒံ အပ္ပမာဒေန၊ ယဒါ နုဒတိ ပဏ္ဍိတော။
ပညာပါသာဒမာရုယှ၊ အသောကော သောကိနိံ ပဇံ။
ပဗ္ဗတဋ္ဌောဝ ဘူမဋ္ဌေ ၊ ဓီရော ဗာလေ အဝေက္ခတိ။

28. Just as one upon the summit of a mountain beholds the groundlings,
even so when the wise man casts away heedlessness by heedfulness and ascends the high tower of wisdom, this sorrowless sage beholds
the sorrowing and foolish multitude.

မမေ့ရင် အမြန်ရောက် ( ဓ- ၂၉ )
ခွန်းအားကြီးမား လျင်မြန်တဲ့ မြင်းကောင်းဟာ မြင်းပိန်ကို စွန့်ခွာပြီး (လိုရာခရီး)သွားပါတယ်။
မမေ့လျော့သူ၊ သတိတရားနိုးကြားထက်သန်သူ ပညာရှိသူတော်ကောင်းဟာ
မေ့လျော့သူတွေ၊ မေ့မေ့လျော့လျော့ အပျင်းဖက်အိပ်စက်နေသူတွေကို
စွန့်ခွာပြီး (နိဗ္ဗာန်ကို) သွားပါတယ်။

၂၉. ဒွေသဟာယကဘိက္ခုဝတ္ထု (၂၉)
အပ္ပမတ္တော ပမတ္တေသု၊ သုတ္တေသု ဗဟုဇာဂရော။
အဗလဿံဝ သီဃေဿာ၊ ဟိတွာ ယာတိ သုမေဓသော။

29. Heedful among the heedless, wide-awake among the sleepy, the wise man advances like a swift horse leaving behind a weak jade.
မမေ့ရင် အထွတ်အထိပ်ရောက် ( ဓ- ၃၀ )
မာဃလုလင်ဟာ ကောင်းမှုကုသိုလ်မှာ မမေ့လျော့တာကြောင့်
စတုမဟာရာဇ်၊ တာဝတိံသာနတ်တွေရဲ့ အထွတ်အထိပ်ကို ရောက်ခဲ့ပါပြီ။
မမေ့လျော့ခြင်း အပ္ပမာဒတရားကို
(ဘုရားအစရှိတဲ့ သူတော်ကောင်းတွေ) ချီးကျူးပါတယ်။
မေ့လျော့ခြင်းကို ကဲ့ရဲ့ပါတယ်။

၃၀. မဃဝတ္ထု (၃ဝ)
အပ္ပမာဒေန မဃဝါ၊ ဒေဝါနံ သေဋ္ဌတံ ဂတော။
အပ္ပမာဒံ ပသံသန္တိ၊ ပမာဒေါ ဂရဟိတော သဒါ။

30. By Heedfulness did Indra become the overlord of the gods. Heedfulness is ever praised, and heedlessness ever despised.

မမေ့ရင် သံယောဇဉ်မရှိ ( ဓ- ၃၁ )
မမေ့လျော့ခြင်းကို နှစ်သက်မြတ်နိုးပြီး
မေ့လျော့ခြင်းရဲ့ ဘေးအန္တရာယ်ကို သိမြင်သူ၊
(သံသရာဘေးကို ရှုမြင်ဆင်ခြင်တတ်သူ) ရဟန်းဟာ
ကြီးကြီးသေးသေး သံယောဇဉ်အနှောင်အဖွဲ့အားလုံးကို
ရှို့မြိုက်ပစ်ပြီး နိဗ္ဗာန်ရောက်ပါတယ်။
မီးဟာ ကြီးငယ်မရှောင် လောင်စာအမှိုက်မှန်သမျှကို လောင်ကျွမ်းပစ်သလိုပေါ့။
၃၁. အညတရဘိက္ခုဝတ္ထု (၃၁)
အပ္ပမာဒရတော ဘိက္ခု၊ ပမာဒေ ဘယဒဿိ ဝါ။
သံယောဇနံ အဏုံ ထူလံ၊ ဍဟံ အဂ္ဂီဝ ဂစ္ဆတိ။

31. The monk who delights in heedfulness and looks with fear
at heedlessness advances like fire, burning all fetters, small and large.

နိဗ္ဗာန်ရောက်ချင်ရင် မမေ့နဲ့ ( ဓ- ၃၂ )
(ကောင်းမှုကုသိုလ်) မမေ့လျော့ခြင်းကို နှစ်သက်မြတ်နိုးပြီး
မေ့လျော့ခြင်းရဲ့ ဘေးအန္တရာယ်ကို သိမြင်သူ
(ကိလေသာကို ဖြိုဖျက်တတ်သူ) ရဟန်းဟာ ဆုတ်ယုတ်နိမ့်ကျဖို့ မဖြစ်နိုင်ပါဘူး။
နိဗ္ဗာန်နဲ့ နီးပါတယ်။

၃၂. နိဂမဝါသီတိဿတ္ထေရဝတ္ထု (၃၂)
အပ္ပမာဒရတော ဘိက္ခု၊ ပမာဒေ ဘယဒဿိ ဝါ။
အဘဗ္ဗော ပရိဟာနာယ၊ နိဗ္ဗာနေဿဝ သန္တိကေ။

32. The monk who delights in heedfulness and looks with fear
at heedlessness will not fall. He is close to Nibbāna.

(( မှတ်စု ၂ ။ ။ မကောင်းမှု ရှောင်ဖို့ မမေ့ပါနဲ့။
ကောင်းမှု ဆောင်ဖို့ မမေ့ပါနဲ့။
စိတ် ဖြူစင်သန့်ရှင်းအောင်ထားဖို့ မမေ့ပါနဲ့။
တရားမမေ့ရင် ကောင်းမှုမလျော့ပါဘူး။ ))

#Dhammapada Parli Myanmar English
#Teaching of BUDDHA #BUDDHA Vacana

#Dhammapada Translated By #Acharya Buddharakkhita
#မြတ်ဗုဒ္ဓ၏ဓမ္မပဒ #ဓမ္မပဒအဖော်မွန် #အရှင်ဉာဏဝရ(ပါရမီ) ပူဇော်ပါသည်။

No comments:

Post a Comment